သတင်းထဲ ထူးခြားမှုက အင်အားကြီး UWSA ၀ တပ်ဖွဲ့ဝင်တယောက် ပါနေတာပါပဲ။
ဝ တပ်ဖွဲ့ဝင် လက်နက်ချတယ် ဆိုတာ UWSA ငြိမ်းချမ်းရေးယူပြီး အနှစ် ၂၀ ကျော် အတွင်း ပထမဆုံးအကြိမ် ထွက်လာတဲ့ သတင်း ဖြစ်ဖွယ် ရှိပါတယ်။
ထိုင်းမြန်မာနယ်စပ် SSA ကို ဆော်တဲ့ တိုက်ပွဲတွေမှာ UWSA က တပ်မတော်နဲ့ပူးပေါင်းဖူးပါတယ်။ ၃ ဘက်စလုံး တိုက်ပွဲမှာကျတာ အရေအတွက် မနည်းပါ။
မဟာမိတ် UWSA ဟာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး ရာဇသံကို တင်းခံနေတာမို့ အခုတော့ မဟာမိတ် မဟုတ်တော့ဘူးပေါ့။ မှားယွင်းတဲ့လုပ်ရပ်တွေလုပ်နေတဲ့အဖွဲ့ ဖြစ်ပြီပေါ့။
သည် သတင်း ကို တည့် တည့် ဖတ် ရ မှာ လား... ပြောင်း ပြန် ဖတ် ရ မှာ လား..