နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး ကူညီဖို့ စာချိတ်ဆွဲ

Friday, August 12, 2011


သင်္ကန်းကျွန်း အထက (၂) ကျောင်းရှေ့ နံရံမှာ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်ဖို့ ပြည်သူတွေအားလုံး ကူညီပါလို့ စာရေးထားပြီး ဘုန်းတော်ကြီးတွေပုံနဲ့ ကျောင်းသားတွေပုံပါတဲ့ ဗီနိုင်းလ်တခုကို လာချိတ်ဆွဲသွားတာ တွေ့ရတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

“နိုင်ငံရေးစိတ်ဝင်စားတဲ့သူ၊ တက်ကြွလှုပ်ရှားနေတဲ့သူတွေက လာချိတ်သွားတယ်ထင်တာပဲ။ မနက် ၆နာရီ ကလေးကျောင်းသွားပို့တော့တွေ့တာ။ ၄ ပေ ၃ ပေ ဆိုဒ်လောက်။ နိုင်ငံရေးအကျဉ်းသားတွေလွတ်စေချင်တဲ့စိတ် ပြည်သူတွေအားလုံးမှာရှိနေတယ်လို့ ပြတယ်ထင်ပါတယ်” လို့ ကျောင်းသားမိဘတယောက်က ပြောပြပါတယ်။

ကျောင်းသားကျောင်းသူတွေရော၊ ကျောင်းသားမိဘတွေရော အဲ့ဒီဗီနိုင်းလ်ကို ၀ိုင်းကြည့်ခဲ့ကြပြီး နောက် တနာရီလောက်မှာတော့ ကျောင်းအုပ်ဆရာမကြီးက ဖြုတ်သိမ်းသွားတယ်လို့ ဆိုပါတယ်။

3 comments :

  1. Anonymous said... :

    ပုံထဲက ကလေး... သူကိုင်ထားတာ ဘာလဲတောင်သူသိပါ့မလားဗျာ..

  1. Anonymous said... :

    ကလေးက သူကိုင်ထားတာ သူကိုယ်တိုင် သိမသိတော့ မပြောတတ်ဘူး မင်းပထွေးတွေက မသိချင်ယောင် ဆောင်နေုကတာတော့ သေချာတယ်။

  1. Anonymous said... :

    မင်းက ကလေးလောက်တောင်သိမဲ့ပုံမရှိပါလား
    အံ့ရော..................

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved