အထိန်းတော်ကြီး ချင်ပန်ဇီ

Monday, August 1, 2011

စနေနေ့က ဘန်ကောက်မြို့ပြင် Samut Prakan Crocodile Farm and Zoo မှာ ချင်ပန်ဇီ တကောင်က ကျားပေါက်လေးကို နို့တိုက်နေတာပါ။

စမွတ်ပရာကန် ခရိုင်ထဲက မိချောင်းမွေးမြူရေးစခန်း နဲ့ တိရိစ္ဆာန်ဥယျာဉ် ဖြစ်ပါတယ်။

တိရိစ္ဆာန်တွေ ဒီလို ချစ်ခင်နေကြတာကို သတင်းမှာ တွေ့ရပေမယ့် လူသားတွေနဲ့ ပတ်သက်တဲ့ သတင်းတွေမှာတော့ မျက်နှာချင်း မဆိုင်နိုင်ကြ၊ ရန်စောင်ကြ၊ စစ်ခင်းကြ၊ ခုတ်ထစ်နေကြတာတွေ တွေ့နေရပါတယ်။

ချင်ပန်ဇီက အသက် ၂ နှစ်၊ နာမည်က Do Do

ကျားပေါက်က ရက် ၆၀၊ နာမည်က Aorn

"ခဏလေး ... ၊ ခဏလေး ... ငါ မြည်းကြည့်အုံးမယ်......"

"ရော့ ...ရော့ ...၊ ရပြီ၊ ရပြီ၊ ရပြီ ... မပူဘူး၊ ကောင်းမှ ကောင်း..."

"ဒီတဘူးကုန်ရင် အိပ်ရမယ်နော် ...."

(photos - Reuters)


6 comments :

  1. Anonymous said... :

    ဘယ်သတ္တ၀ါမဆို အကောင်ငယ်လေးဘ၀မှာ အစာပေးတဲ့ နို့တိုက်တဲ့ သူတွေကို အလွန်၇င်းနှီးကျွမ်းဝင်တတ်ကြမြဲပါ။ ထူးဆန်းတာက မိမိနဲ့မျိုးမတူ ဇာတ်ခြားသူအပေါ် မေတ္တာထားနိုင်တဲ့ စိတ်ဓါတ်ပိုင်ရှင် သတ္တ၀ါတွေပေါ့။ ကျားဆိုကတည်းက ကြောက်ပြီးသားအတွေးနဲ့ မြင်ရသူအဖို့ အသည်းတယားယား ဖြစ်နေရပေမဲ့.. ချင်ပန်ဇီ (ထီး/မ မသိပါ) ခမြာတော့ ကျားကလေး အဆင်ပြေရေးကို ဦးတည်ထား ပြုစုသွားနေတာကို တဆင့်ချင်းမြင်ရတော့ ရင်ထဲမှာ နွေးလာအောင် ပီတိဖြစ်မိရပါတယ်။

    ဒီလိုဆိုတော့ တိရိစ္ဆာန်တွေကြားမှာတွေ့ရလေ့ရှိတဲ့.. ကိုယ့်ကို သတ်စားနိုင်တဲ့ သတ္တ၀ါကိုလည်း မေတ္တာထားနိုင်တယ် ဆိုတဲ့ စိတ်ဓါတ်မျိုး အထိမဟုတ်တောင်.. ဗြဟ္မစိုရ်တရား ပွားများရင်း လူလူချင်း စာနာညှာတာထောက်ထား ကြရင် ကမ္ဘာလောကကြီး အဟုတ် ငြိမ်းချမ်းသွားမှာနော်။

    သတင်း ဆိုဒ် ကဒါမျိုးတင်သလားလို့ .. မပြောရက် ပြောမထွက်အောင်.. ရင်ထဲမှာ စွဲငြိသွားတာမို့.. ကျေးဇူးဘဲ လို့ဆိုလိုက်ပါတယ် ဧရာဝတီ..။

  1. Anonymous said... :

    တရားဟော ဆရာနဲ့လာတွေ့နေ ပီး

  1. မောင်သန့် ။ said... :

    ကျေးဇူးပါ ဧရာဝတီ။
    အာဏာ၊ဥစ္စာ ကြောင့် မာန်ဖီနေကြတဲ့ လူတွေ ဖတ်မိကြပါစေ။
    ကျောက်ဖြစ် အညာသား ရုပ်ကြွင်း ကနေ(မြန်မာအစ မြန်မာ က ဆိုတဲ့) အတွေးအခေါ် မပြောင်းလဲ ကြတဲ့ လူ ဟု ဆိုသူများ ဖတ်မိ၊ကြည့် မိကြပါစေ။

  1. Anonymous said... :

    ကျေးဇူးတင်ပါတယ်ဧရာဝတီ..
    အဲဒီမြောက်နဲ့ကျားကိုနယ်ပြည်တော်ကိုပို့ပေးစေချင်ပါတယ်
    လွတ်တော်ထဲမှာ .ဗိုလ်ချုပ်...ဗိုလ်ပြုတ်..ဗိုလ်အငြိမ်းစား..ဗိုလ်နား.
    အစရှိတဲ့နယ်ပြည်တော်က လူတွေကို ပြချင်လို့ပါ..
    တိရိဆန်တောင် တစ်ကောင်နဲ့တစ်ကောင်မေတ္တာထားနိုင်ပါတယ်..
    ဒီလူတွေဘာကြောင့်တိုင်းရင်းသားတွေနဲ့ပြည်သူတွေအပေါ်
    အခြောက်တိုက်ရန်စောင်နှိပ်စက်ပြီး..ကန်းကုန်အောင်မိုက်
    နေုကတာလဲမသိဘူးး...

  1. Anonymous said... :

    သားသမီးမကောင်းမိဘခေါင်းတဲ့ မိမဆုံးမ ဖမဆုံးမ ကပေါက်လာတဲ့ မျိုးမစစ်ကျောက်ဆည်ဖွား သန်းရွေက ခေါင်းဆောင်ဆက်ဖြစ်တော့ ကျုပ်တို့ လူထုဘ၀ တိရစ္ဆာန်လောက်မှ မလှပဖြစ်ရတာပေါ့ဗျား

  1. Anonymous said... :

    အာဖရိကမှာတုန်းကသဘာဝအတိုင်းနေနေတဲ့ကျားတွေနားမှာအေးအေးဆေးဆေး မြက်စားနေကြတဲ့ သမင်တွေ၊ဒရယ်တွေတွေ့ဘူးတယ်၊ အံသြလို့မေးကြည့်တော့ ကျားတွေဆိုတာတချိန်လုံး အကောင်ငယ်လေးတွေကိုသတ်ဖျတ်နေတာမဟုတ် ကြောင်းသူတို့ဆာလောင်မှသာဖမ်းဆီးစားသောက်ကြ ကြောင်း၊အကောင်ငယ်လေးများကလည်းကျားတွေဟာဆာနေလား၊၀နေလားသိတဲ့အတွက်ဝနေတဲ့ကျားတွေဆို မကြောက်ဘဲခုလိုအေးအေးဆေးဆေးအနီးကပ်နေကြ တယ်ဆိုပြီးသိရတယ်လေ။ သူတို့လောကမှာလောဘမှမရှိကြတာကိုး၊လူတွေကတကယ်တော့ပိုဆိုးတယ်လေ၊ကျားတွေနေရာမှာသာလူဆို၊သမင်ဒရယ်တွေဘယ်ကျန်တော့မလဲ။မဆာလဲသတ်၊ချဉ်ဖတ်သိပ်ထားမှာလေ၊

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved