စနေနေ့က ဘန်ကောက်မြို့ပြင် Samut Prakan Crocodile Farm and Zoo မှာ ချင်ပန်ဇီ တကောင်က ကျားပေါက်လေးကို နို့တိုက်နေတာပါ။စမွတ်ပရာကန် ခရိုင်ထဲက မိချောင်းမွေးမြူရေးစခန်း နဲ့ တိရိစ္ဆာန်ဥယျာဉ် ဖြစ်ပါတယ်။
တိရိစ္ဆာန်တွေ ဒီလို ချစ်ခင်နေကြတာကို သတင်းမှာ တွေ့ရပေမယ့် လူသားတွေနဲ့ ပတ်သက်တဲ့ သတင်းတွေမှာတော့ မျက်နှာချင်း မဆိုင်နိုင်ကြ၊ ရန်စောင်ကြ၊ စစ်ခင်းကြ၊ ခုတ်ထစ်နေကြတာတွေ တွေ့နေရပါတယ်။




ဘယ်သတ္တ၀ါမဆို အကောင်ငယ်လေးဘ၀မှာ အစာပေးတဲ့ နို့တိုက်တဲ့ သူတွေကို အလွန်၇င်းနှီးကျွမ်းဝင်တတ်ကြမြဲပါ။ ထူးဆန်းတာက မိမိနဲ့မျိုးမတူ ဇာတ်ခြားသူအပေါ် မေတ္တာထားနိုင်တဲ့ စိတ်ဓါတ်ပိုင်ရှင် သတ္တ၀ါတွေပေါ့။ ကျားဆိုကတည်းက ကြောက်ပြီးသားအတွေးနဲ့ မြင်ရသူအဖို့ အသည်းတယားယား ဖြစ်နေရပေမဲ့.. ချင်ပန်ဇီ (ထီး/မ မသိပါ) ခမြာတော့ ကျားကလေး အဆင်ပြေရေးကို ဦးတည်ထား ပြုစုသွားနေတာကို တဆင့်ချင်းမြင်ရတော့ ရင်ထဲမှာ နွေးလာအောင် ပီတိဖြစ်မိရပါတယ်။
ဒီလိုဆိုတော့ တိရိစ္ဆာန်တွေကြားမှာတွေ့ရလေ့ရှိတဲ့.. ကိုယ့်ကို သတ်စားနိုင်တဲ့ သတ္တ၀ါကိုလည်း မေတ္တာထားနိုင်တယ် ဆိုတဲ့ စိတ်ဓါတ်မျိုး အထိမဟုတ်တောင်.. ဗြဟ္မစိုရ်တရား ပွားများရင်း လူလူချင်း စာနာညှာတာထောက်ထား ကြရင် ကမ္ဘာလောကကြီး အဟုတ် ငြိမ်းချမ်းသွားမှာနော်။
သတင်း ဆိုဒ် ကဒါမျိုးတင်သလားလို့ .. မပြောရက် ပြောမထွက်အောင်.. ရင်ထဲမှာ စွဲငြိသွားတာမို့.. ကျေးဇူးဘဲ လို့ဆိုလိုက်ပါတယ် ဧရာဝတီ..။