ပဲခူး ရွှေမောဓောဘုရားရင်ပြင်မှ ဒေါ်အောင်ဆန်းစုကြည် နှင့် ဒေသခံများ (ဓာတ်ပုံ-ဧရာဝတီ)
ကြိုတင် ကြေညာထားတဲ့အတိုင်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲခူးနေ့ချင်းပြန်ခရီးစဉ် ဒီမနက် အစပြုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းမှာ လိုက်ပါသွားသူတဦးက သူမြင်သမျှကို အခုလို ပြောပြပါတယ်။
"မနက် ၅း၅၀ လောက် ရန်ကုန်က ထွက်လာတယ်။ ကားလမ်းတလျှောက် (အာဏာပိုင်တို့က) လမ်းကြောင်း အကုန် ရှင်းပေးထားတယ်။ ပဲခူး ရောက်ရောက်ချင်း ရွှေမောဓော ဘုရားသွားတယ်။
လူတွေ များလာတယ်၊ ရာနဲ့ချီ ရှိတယ်၊ တထောင် အောက်ပေါ့။ ဘုရားမှာ ကြိုစောင့်တဲ့သူတွေ ရှိတယ်။
ပြီးတော့ သနပ်ပင်မြို့ ရောက်တော့ အောင်ဆန်းဂျာမွန်း စာဖတ်ခန်း ဖွင့်ပွဲကို သွားတယ်။ ဒေသခံ အဲဒီမှာ သုံးရာလောက်တော့ ရှိမယ်။ သူတို့ကို ၁၅ မိနစ်လောက် မိန့်ခွန်းပြောတယ်။ အသံချဲ့စက် သုံးတယ်။
အခု ပဲခူးကို ထွက်နေပြီ။ မနက် ၁၁ ကျော်ရင် ရောက်လောက်ပြီ။ အဲဒီမှာ စာကြည့်တိုက်တခု ဖွင့်မယ်လို့ သိရတယ်။ လုံခြုံရေးပေးတဲ့ထဲမှာ လူငယ်ကွန်ရက်တွေလည်း ပါတယ်။ NLD လည်း ပါတယ်။ အကုန်ပဲ အဖွဲ့စုံတယ်။ ယာဉ်တန်းမှာ ကား ၂၅ စီးလောက်တော့ ရှိမယ်။ ယာဉ်တန်းမှာ မီဒီယာသမားတွေလည်း ပါတယ်။ မီဒီယာသမား လေးငါးဆယ်လောက်တော့ ရှိမယ် ထင်တယ်"

ရွှေမောဓောတွင် ပန်းစီးဖြင့် ဆီးကြိုနှုတ်ဆက်သူနှင့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-AP)
-
ဒီလောက်မိုးတွေ သဲကြီးမဲကြီးရွာ ရေတွေကြီးနေရာက နေပွင့်ပြီး သွားရေးလာရေး လွယ်ကူနေတာလေးတွေ့လိုက်ရတဲ့ အခါ လူကြီးသူမတွေပြောသံကြားဘူးတဲ့ .. ဘုန်းရှင်ကံရှင် ဆိုတာ ဒါကိုဆိုလိုတာ ဘဲ ဖြစ်ရမယ်။ ကြက်သရေ ရှိလှပါဘိ..။