အမေ့ရဲ့ ဒုက္ခအိုးလေး

Sunday, August 14, 2011



-


ထူးအိမ်သင် ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုထားတဲ့ သီချင်း
၁၉၉၁ ခုနှစ်ထုတ် အတ္တပုံဆောင်ခဲများ စီးရီးထဲက ဖြစ်ပါတယ်။



အမေ့ရဲ့ ဒုက္ခအိုးလေး

အမေ ကျနော့်ကို စိတ်မပျက်ဘူးလား
အမေ ယုံကြည်မျှော်လင့်ထားသမျှ ဘာတခုမှ ဖြစ်မလာ
ကိုယ်မှန်တယ်ထင်ရင် ပြီးရော ခေါင်းမာတတ်တဲ့ အကျင့်ကဆိုး
အသက်သာကြီးလို့သွားတယ် ကျနော့်အိပ်မက်တွေ မပြောင်းလဲ
အဆုံးအရှုံးများနဲ့ ရင်ခုန်ရင်း

အမေ ကျနော့်ကို စိတ်မညစ်ဘူးလား
ဘ၀မှာ အကြိမ်ကြိမ် အခါခါ ရှုံးလည်း မာနက အကြီးသား
ကိုယ် ယုံကြည်ရာကို ဈေးကွက် တင်ရောင်းဖို့ ခက်နေလို့
ပိုက်ဆံတပြားမှ မရှိတဲ့ သူ သိက္ခာ ရှိချင်သေးသတဲ့
ကဲ ... အမေရဲ့ ဒုက္ခအိုးလေး ပေါ့

ကံအကျိုးပေးနည်းရတဲ့အထဲ သူ အပျင်းကလည်း ကြီးသေး
အိုးးးး ခက်ရချည်ရဲ့
ဆင်းရဲတွင်းနက်ပေမယ့် ကျွန်တော်က အမေ့ရဲ့သားပါ
မိုက်မိုက်မဲမဲ ရိုးသားနေဆဲ
ရင်ခုန်သံ သီချင်းလေး ညည်းရင်းနဲ့ ချစ်ခြင်းမေတ္တာ အကြောင်း သင်ကြား
အမေ ... ကျနော့်ကို ခွင့်ပြုတော့ (ခွင့်ပြုပါ အမေ)

ကျနော်ဟာ ကမ္ဘာမြေကြီးရဲ့ သီချင်းလေးတပုဒ်ပေါ့
ရှင်သန်နေထိုင်ခြင်းအတွက် ပေးဆပ်ရင်း ပေးဆပ်ရင်း ...
မိတ်ဆွေတချို့က ကဲ့ရဲ့၊ ချစ်သူကလေ နားမလည်
အမေ့ရဲ့ ဒုက္ခအိုးလေး အသည်းကွဲ ...




-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved