ပိန်ဆေးကြောင့် စိတ်ရောဂါရနိုင်

Sunday, August 7, 2011


ဒီနေ့ထုတ် သတင်းစာမှာ ပါတဲ့ သတိပေးချက်ပါ။

1 comments :

  1. Anonymous said... :

    7-8-2011 Sales of weight loss pill Sibutramine prohibited in Burma
    စိတ်ပိန်စရာကောင်းတဲ့ ပိန်ဆေး သတိပေး
    အဝလွန်သူတွေ ပိန်စေမယ်ဆိုတဲ့ ဆေးတွေထဲမှာ Sibutramine (ဆီဗျူထရာမင်း) ပါတယ်။ Anorexiant ဆေးအမျိုးအစား ဖြစ်တယ်။ စားချင်စိတ်ကို ဖျက်ဆီးပေးတယ်။ အမေရိကန် FDA ကနေ ၁၉၉၇ နိုဝင်္ဘာမှာ အသိအမှတ် ပြုပေးခဲ့တယ်။ နာမည်တွေ အမျိုးမျိုးနဲ့ ရောင်းပါတယ်။

    ဒီဆေးက အာရုံကြော အလုပ်တွေကို သက်ရောက်စေပြီး စားချင်စိတ် ဖြစ်တာကို တားဆီးပေးနိုင်တယ်။ ဆေးက စိတ်ဓါတ် ကျနေသူတွေကို ပေးတဲ့ Tricyclic antidepressants နဲ့ သဘောချင်း တူတယ်။ ဒါပေမဲ့ Sibutramine က စိတ်ကျတာကို မသက်သာစေဘူး။

    ပြီးခဲ့တဲ့၂ဝ၁ဝ အထိ သုံးနေခဲ့ကြပါတယ်။ နောက်တော့ Safety concerns ဒီဆေးက စိတ်မချတာကို သိလာကြရတယ်။ အခုတော့ အမေရိကား၊ ကနေဒါ၊ ဥရောပ၊ သြစတြေးလျ၊ တရုပ်၊ အိန္ဒိယ၊ ထိုင်း စတဲ့နိုင်ငံတွေမှာ ရောင်းချခွင့် ပိတ်ထားပြီးဖြစ်တယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာလဲ သတိပေးချက် ထွက်လာပါပြီ။

    မြန်မာပြည်မှာ သတင်းစာထဲ ထည့်လိုက်ရင် ဘာမဆို ပြီးတယ်။ တရားရုံးတို့ လွှတ်တော်တို့ တက်စရာ မလိုဘူး။ တက်တာ မှန်သမျှလဲ ပယ်ချခံရတာ ချည်းဘဲ။

    အမေရိကားမှာ ဒီဆေးကို တားမြစ်ဘို့ လုပ်ရတာ လက်ဝင်ခဲ့တယ်။ ပြောခဲ့တဲ့ ဘေးထွက်-ဆိုးကျိုးတွေကို သက်သေ သက်ကာယတွေနဲ့ Public Citizen NGO ကနေ ထောက်ပြပေမဲ့ FDA က လက်မခံသေးဘူး။ ၂ဝဝ၅ ထဲမှာ Senate hearing ဆီးနိတ်-ကြားနာစစ်ဆေးပွဲ လုပ်ခဲ့ရတယ်။ နောက်ဆုံးမှာ ဆေးထုတ်တဲ့ Abbot laboratories (အက်ဘော့တ်) က ဆေးဈေးကွက်ကနေ ၂ဝ၁ဝ အောက်တိုဘာမှာ ပြန်ရုပ်သိမ်းခဲ့တယ်။

    ဘာလို့လဲဆိုတော့ Side effects ဘေးထွက်-ဆိုးကျိုးတွေ ကြောင့်ပါ။ ဆေးပေးသူတွေနဲ့ မပေးသူတွေကို ယှဉ်ကြည့်တော့ နှလုံးရောဂါ ဒုက္ခတွေ ပိုဖြစ်တာ တွေ့လာရတယ်။ နှလုံးရောဂါ အခံရှိသူတွေမှာ Heart attacks နဲ့ Strokes ပိုဖြစ်တာကို ပြောတာပါ။

    သိပ်မဆိုးတဲ့ ဆိုးကျိုးတွေလဲ ရှိတယ်။ အာခေါင်ခြောက်၊ စားချင်စိတ် မနည်းဘဲ များတတ်တာ၊ ပျို့တာ၊ အရသာ တမျိုးဖြစ်တာ၊ အစာမကြေတာ၊ ဝမ်းချုပ်၊ အိပ်ရေးပျက်၊ ခေါင်းကိုက်၊ ခေါင်းမူးတာ၊ ရာသီလာချိန်မှာ ပိုနာတာ၊ မျက်နှာနီမြန်းတာ၊ ကြွက်သားတွေ အဆစ်တွေနာတာ၊ တချို့မှာ BP သွေးဖိအားတက်တယ်။

    ဆရာဝန်တွေ သုံးတဲ့ဆေးကို တချို့က စိတ်မချဘူး။ မှန်သင့်သလောက် မှန်ပါတယ်။ တိုင်းရင်းဆေးက စိတ်ချရမယ် ထင်ကြတယ်။ မမှန်သင့်သလောက် မမှန်ပါ။

    တိုင်းရင်းဆေး (ဟာဗယ်လ်) ဆိုတာတွေထဲက ပိန်ဆေးထဲမှာလဲ လူနဲ့မသင့်တာတွေ အများကြီးရှိတယ် ဆိုတာကို ၂ဝ၁ဝ မတ်လထဲက ကနေဒါမှာ သတိပေးလိုက်တယ်။ ၂ဝ၁ဝ အောက်တိုဘာမှာ (ယူကေ) မယ် ပိန်စေတဲ့ လဖက်ရည် နဲ့ ဆေးတွေကို သတိပေးခဲ့တယ်။ Payouji tea (ပေယူဂျီ) လဖက်ခြောက် နဲ့ Pai You Guo Slim Capsules (ပိုင်ယူဂေါင်) ပိန်ဆေးတောင့် တွေထဲမှာ Sibutramine ဆိုတာပါလို့ ဖြစ်ပါတယ်။

    Sibutramine ဟာ FDA က သတိပေးထားတဲ့ ပိန်ဆေးပေါင်း ၂၇ မျိုးထဲက တမျိုးသာ ဖြစ်ပါသေးတယ်။ ပိန်ဆေး အုပ်စုပေါင်း ၆ ခုထဲမှာ Sibutramine က တခုသာ ဖြစ်တယ်။ Sibutramine အပြင် Orlistat, Rimonabant, Metformin, Exenatide နဲ့ Pramlintide ဆိုတာတွေ ပါနေရင်လဲ တားမြစ်ရမှာ ဖြစ်ပါတယ်။

    စာကြော်ညာတာလဲ ဟုတ်ပါတယ်။ အဆီကျပြီး ပိုလှချင်သူတွေအတွက် Weight loss ပိန်ချင်သလား ကို ရေးထားပါတယ်။

    Dr. တင့်ဆွေ
    ၇-၈-၂ဝ၁၁
    http://www.yamunaclinic.org/index.php?option=com_content&view=article&id=2805:7-8-2011-sales-of-weight-loss-pill-sibutramine-prohibited-in-burma&catid=3:newsflash&Itemid=54

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved