ထိုင်းရဟတ်ယာဉ် ပျက်ကျမှုများကို ရဲက အစပြန်ဖော်

Monday, August 1, 2011

ပုံကြီး ချဲ့ကြည့်ပါ။ အနီရောင်နေရာက ပထမ တစင်း ပျက်ကျတဲ့နေရာ၊ အဝါရောင်နေရာက ဒုတိယတစင်းဖြစ်တဲ့ ဘလက်ဟော့ခ် ပျက်ကျတဲ့နေရာ။ ကွင်းပြောင်ပြောင်ဖြစ်နေတဲ့ နေရာ ၃ ခုက သံသယဖြစ်တဲ့ နေရာတွေပါ။

ဇူလိုင်လ ၁၆ ရက်နဲ့ ၁၉ ရက်တို့မှာ ထိုင်းစစ်တပ်က ရဟတ်ယာဉ် ၂ စင်း ပျက်ကျတဲ့ နေရာအနီး မသင်္ကာဖွယ်ရာ နေရာတွေကို ဂြိုလ်တု ပုံတွေထဲမှာ မြင်ရတာကြောင့် အဲဒီ နေရာတွေက ဘာတွေလဲဆိုတာ စုံစမ်းစစ်ဆေး ဖော်ထုတ်ဖို့ ထိုင်းရဲချုပ် Wichean Potephosree က ညွှန်ကြားလိုက်ပါတယ်။

ပျက်ကျသွားတဲ့ ရဟတ်ယာဉ်တွေက သေဆုံးသူတွေကို ရှာဖွေရာမှ ထိုင်းနယ်ခြားစောင့် ရဲတွေကလည်း ပူးပေါင်းပါဝင်ခဲ့တယ်၊ ဒါကြောင့် ဒီကိစ္စကို အလေးထားတာ ဖြစ်တယ်လို့ ရဲချုပ်က ပြောပါတယ်။

ထိုင်းစစ်တပ်ကတောင် ဘာမှ မပြောဘဲ ငြိမ်နေတုန်း ရဲဘက်က ထပြောတာကို အကြောင်းပြချင်ပုံ ရပါတယ်။

ထိုင်းရဲ့ ပထဝီ အချက်အလက်နှင့် အာကာသ နည်းပညာ ဖွံ့ဖြိုးရေး အေဂျင်စီ (Gistda) က ထုတ်ပြန်တဲ့ ပုံတွေအပေါ် မူတည်ပြီး ရဲချုပ်က စုံစမ်းစစ်ဆေးဖို့ စိတ်ဝင်စားနေတာပါ။

ဘာလို့လဲဆိုတော့ ဒီရဟတ်ယာဉ်တွေဟာ အမည်မသိအုပ်စုတခုရဲ့ ပစ်ချခြင်း ခံရတာလို့ ယုံကြည်သူတွေ ရှိနေလို့ပါ။

ထိုင်းစစ်တပ်ကတော့ ဒီပျက်ကျမှုတွေဟာ မတော်တဆမှုတွေ ဖြစ်တယ်လို့ တချိန်လုံး ဘူး ခံနေပါတယ်။

ဇူလိုင် ၁၆ ပျက်ကျမှုမှာ ၅ ဦး၊ ဇူလိုင် ၁၉ ပျက်ကျမှုမှာ ၉ ဦး သေဆုံးခဲ့ပါတယ်။ ဂြိုလ်တုဓာတ်ပုံတွေအရ ပထမ ပျက်ကျတဲ့ ရဟတ်ယာဉ်က မြန်မာဘက် နယ်စပ်မှာ ဖြစ်ပြီး နောက်ထပ် ပျက်ကျတဲ့ ဘလက်ဟော့ခ်ကတော့ မြန်မာနယ်ထဲ အတော်ရောက်နေတာ မြင်ရပါတယ်။

ဂြိုလ်တု ပုံတွေအရ နယ်စပ် မြန်မာဘက်အခြမ်း တောထူထူထဲက တောင်တလုံးရဲ့ ထိပ်မှာ အဆောက်အဦးတချို့ တွေ့နေရပါတယ်။ အဲဒီဟာက မြန်မာ တိုင်းရင်းသား ကျေးရွာတခုနဲ့ မတူဘူးလို့ တနင်္ဂနွေနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးထားပါတယ်။ ဒါက ပထမ တနေရာပါ။

ပုံကြီး ချဲ့ကြည့်ပါ။ အနီရောင်နေရာက ပထမ တစင်း ပျက်ကျတဲ့နေရာ၊ အဝါရောင်နေရာက ဒုတိယတစင်းဖြစ်တဲ့ ဘလက်ဟော့ခ် ပျက်ကျတဲ့နေရာ။ ကွင်းပြောင်ပြောင်ဖြစ်နေတဲ့ နေရာ ၃ ခုက သံသယဖြစ်တဲ့ နေရာတွေပါ။

သံသယရှိတဲ့ ဒုတိယ တနေရာက အဲဒီ အဆောက်အဦးစုကနေ အနောက်ဘက် မီတာ ၂၀၀ အကွာမှာ ရှိပါတယ်။ တောထူထူကြားထဲမှာ ကွက်လပ်ဖြစ်နေတာ မြင်ရပြီး ဘာအဆောက်အဦမှတော့ မရှိပါဘူး။ ပထမနေရာနဲ့ ဒုတိယနေရာကို ဆက်သွယ်ထားတဲ့ လမ်း ရှိပါတယ်။

သံသယရှိတဲ့ တတိယနေရာကတော့ ဒုတိယနေရာရဲ့ အနောက်မြောက်ဘက် မီတာ ၁၀၀ အကွာ တောင်ထိပ်ပေါ်မှာရှိတဲ့ ကွင်းပြင်ကျယ်ဖြစ်ပါတယ်။ အဲဒီနေရာဟာ ဘလက်ဟော့ခ် ပျက်ကျတဲ့နေရာနဲ့ အနီးဆုံးဖြစ်ပါတယ်။

ထိုင်းဘက်အခြမ်း အမျိုးသားဥယျာဉ်၊ တောရိုင်းတိရိစ္ဆာန်နှင့် အပင် ထိန်းသိမ်းရေးဌာနက အဲဒီ အဆောက်အဦးနဲ့ နေရာတွေဟာ မြန်မာဘက်အခြမ်းက မြန်မာပိုင်တွေ ဖြစ်တယ်လို့ အတည်ပြုပြောကြားပါတယ်။

အဲဒီသံသယဖြစ်ဖွယ် နေရာတွေဟာ မြန်မာ စစ်အခြေစိုက်စခန်းဖြစ်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ထိုင်းစစ်ဘက် သတင်းရပ်ကွက်ကတော့ အဲဒီ သံသယဖြစ်တဲ့ နေရာ ၃ နေရာဟာ ဒု ဗိုလ်မှူးကြီး သန်းနိုင်ဝင်းရဲ့ အမှတ် ၁၀၁ ခြေလျင်တပ်ရင်းက ဗိုလ်ကြီး ဇော်သက်အောင် ဦးစီးတဲ့ တပ်ခွဲ ၃ ထိန်းချုပ်ထားတဲ့ နေရာ ဖြစ်ကြောင်း၊ အဆောက်အဦးတွေကြားထဲမှာ အမြောက်တွေ ရှိကြောင်း ဆိုပါတယ်။

အဲဒီနေရာတွေဟာ “အကဲဆတ်တဲ့ ဇုန်” ဖြစ်ပြီး ထိုင်း ရဟတ်ယာဉ်တွေဟာ မြန်မာပိုင်နက်ထဲ ရောက်နေကြကြောင်း၊ ထိုင်းစစ်တပ်နဲ့ ရဲက ပျက်ကျတဲ့ ရဟတ်ယာဉ်တွေ ရှာဖွေရာမှာ မြန်မာစစ်တပ်ရဲ့ အကူအညီကို ယူခဲ့ရကြောင်း ထိုင်းသတင်းရပ်ကွက်က ပြောပါတယ်။

အဲဒီဒေသ အခြေစိုက် ထိုင်းစစ်တပ်ကတော့ မြန်မာဘက်အခြမ်းက အခြေစိုက် စစ်တပ်နဲ့ သူတို့ဟာ ခင်မင်တဲ့ ဆက်ဆံရေးရှိကြောင်းနဲ့ မြန်မာစစ်တပ်က ထိုင်းရဟတ်ယာဉ်တွေကို ပစ်ချတယ်လို့ မယုံကြည်ကြောင်း ပြောထားပါတယ်။

Source: Bangkok Post

11 comments :

  1. Anonymous said... :

    i think,i think,i think,i think,i think,i think,i think,i think,i think,

  1. ဘာဖြစ်လဲ။ ငါတို့မြေထဲကို ကျော်လာလို့ ပစ်ချတယ်၊ မချဘူးဆိုတာက ငါတို့သဘောဘဲ့။ ငါတို့မြေကို ငါတို့ကာကွယ်ပိုင်ခွင့် ရှိတယ်။

  1. Anonymous said... :

    ရန်တိုက်ပေးနေတာလားကွ။ ဘောပဲ။ ပြည်တွင်း စစ်ဖြစ်ခါနီးအခြေအနေရောက်လို့ စိတ်ညစ်နေရတုန်း...မင်း တို refugees တွေက တစ်ခြားနိုင်ငံတွေကနေပီး ဖင်ခေါင်းကြယ် ပီး အော်မနေနဲ့. မိုက်ရင် မြန်မာပြည်ကို ပြန်လာခဲ့..အကုန်လုံး ထောင်ထဲ ထည့်ပစ်မယ်... မဟုတ်တာတွေလျှောက်ပြော..ပြည်သူတွေထင်ယောင်ထင်မှား ဖြစ်အောင်လုပ်.

  1. nge nge said... :

    အဲလိုတော့မပြောပါနဲ့ ထိုင်းမှာမြန်မာ ၁.၅ သန်း၇ှိပါတယ်.

  1. Anonymous said... :

    သာဒင်ကို ဘာထင်လဲ

  1. Anonymous said... :

    They are not our good neighbor. They don't care about us. They care about Than Shwe. Now Than Shwe give them this shit

  1. so call ဒုခသည်တွေကတော့ ဘောလုံးပွဲမှာ ပုရိသတ်ပွဲဆွဲတာကိုတောင် နိုင်ငံရေးထဲ ဆွဲထည့်တာ အခု ရဟက်ယဉ်ပျက်ကျတာကို ဘာကြောင့်ပျက်ကျမှန်းမသိ မြန်မာပဲပစ်ချသလိလိုပြောနေကြပြန်ပြီ။ တော်တော်မိုက်ရိုင်းတဲ့ကောင်တွေ ပြီးတော့ သူတို့ပဲ အနောက်နိုင်ငံတွေကိုရောက် သားသမီးတွေခေါ်
    တော်တော်လေးကိုယ်ကျိုးကြည့်တဲ့ကောင်တွေ
    အထင်ကိုမကြီးဘူး အစိုးရလည်းမကောင်းဘူး
    မင်းတို့လည်းမကောင်းဘူး ကိုယ်ကျိုးသမားတွေ

  1. Anonymous said... :

    မင်းတို့ထိုင်းကိုပဲလုပ်လို့ရမယ်။ တရုတ်ပြည်ကိုတော့ထိလို့မရဘူး။ မင်းတို့ဗမာတွေထက်အင်အားကြီးတယ်။ ထိုင်းက ရဟတ်ယဉ်ပဲ နယ်စပ်နားလာဝဲလို့ရတယ်။ တရုတ်က စစ်သင်္ဘောနဲ့ရန်ကုန်ဆိပ်ကမ်းမှာ လာကပ်တာ မင်းတို့ဗမာ စစ်တိုင်းမှုတောင်လာကြိုရတယ်။ ဗမာလောက်တော့တရုတ်က ငယ်နိုင်တွေပါ။ ရာဇဝင်မှာ နာရသီဟပတေ့မင်းဆို ဗမာရာဇဝင်မှာ တရုတ်ပြေးမင်းလို့တောင်မှတ်တမ်းတင်ရတယ်။ ဒါတောင်ဗမာရေးတဲ့ရာဇဝင်မှာပါ။ (ကိုယ်ချင်းစာတတ်အောင် comment ခြင်းဖြစ်ပါတယ်။ လူမျိုးရေးအစွန်းရောက်များအတွက်)

  1. Anonymous said... :

    တိုင်းပြည်က နိုင်ငံရေးမတည်ငြိမ် ။ တိုင်းရင်းသားတွေက
    သူ့ကိုငါမယုံ ငါ့ကိုသူမယုံ ။ စည်းလုံးညီညွတ်မှုတည်
    ဆောက်မရ ။ ဒေါ်စုကလည်းတရားစခန်းဝင်ပြီ ။
    သတင်းဝင်ဖတ်တော့လည်း အချင်းချင်းဆဲကြ ချဲကြ။
    အိုးမည်းသုတ်တဲ့သူမရှိ ။ တခြံတည်းကြက်မှန်းသိလျက်
    နဲ့ ခွပ်ချင်နေကြတဲ့ ကြက်တွေ ။ ဆင်ခြင်တုံတရားကိုက
    နည်းတယ် ။ ငါတို့တိုင်းပြည်အတွက်ကတော့
    စိတ်ကိုလေတယ် ။

  1. Anonymous said... :

    ---> ကျားလေး
    သူလည်းမကောင်းဘူး ၊ ခင်ဗျားလည်းမကောင်းဘူး ၊
    ကျုပ်လဲမကောင်းဘူး :P

  1. Anonymous said... :

    မင်းတို့ဗမာတွေထက်အင်အားကြီးတယ်.... လို့ ပြောတဲ့ လူက ဘာလူမျိုးလဲ။ ဗမာမုန်းတီးရေးသမား ဖြစ်မယ်။ ဗမာကို မုန်းတဲ့ သူတွေ ထဲမှာ နဝတ လက်ကိုင်တုတ်တွေလည်းပါတယ်။ ထိုင်းကို အဖေ ခေါ်တဲ့ ဗမာပြည်လွတ်လပ်ရေး မှာ ရေငုံ နုတ်ပိတ်နေတဲ့ လူမျိုးတွေ လည်းပါတယ်။ ရှရှားက နအဖ လက်ပါစေ တပည့်လေးတွေလည်း ဧရာဝတီဘလော့ကို ဝင်လည်ပြီး စောင့်ကြည့်ပြီး ဝါဒတွေ ဖြန့် နေပြန်ပြီး။ ကျားလေ ဆိုတဲ့ လူက နိုင်ငံခြား ကို မုန်းတီးရေး သမား၊ နအဖ သူ့ အဖေတောင် အနောက်နိုင်ငံ ကို သွားချင်လာချင်နေကြတာ။ သနားစရာ သနားစရာ...။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved