အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဒေါက်တာ ဦးမြင့်၏ ဟောပြောချက် (၄)

Tuesday, August 9, 2011


( မြစ်မခ မီဒီယာအဖွဲ့၏ ဖေ့စ်ဘုတ်မှ ကူးယူဖော်ပြပါသည်။ အပိုင်း (၁)အပိုင်း (၂) နှင့် အပိုင်း (၃) ဖတ်ရန် )

နောက်တစ်ခါ ကျနော် ဘာတွေ့ရလဲဆိုတော့ ဆွေးနွေးခန်းတွေမှာ corruption နဲ့ ပတ်သက်လို့ ဆွေးနွေးခန်းတွေမှာ ဘာတွေ့ရလဲဆိုတော့ အရိပ်အယောင်ပြတာ တိုင်းပြည်တစ်ခုမှ မကောင်းတာ တစ်ခု အရိပ်အယောင်ပြတာ ဥလေးတစ်ဥ ပေါက်တော့ ဒါကအရိပ်အယောင်ပြတာ။

ဒါကဘာလဲဆိုတော့ ခင်ဗျားသွားပြီးတော့ အလကား သွားနင်းလို့မရဘူးဗျ။ နောက်ပြီးတော့ ပရုပ်ဆီသွားလူးလို့မရဘူးဗျ။ ကင်ဆာဖြစ်ရင် အရိပ်ယောင်လေးတော့တူနေတယ်။ တိုင်းပြည်မှာ တစ်ခုခု တကယ်တော့ မှားနေတယ်ဆိုတာ အရိပ်ယောင်ပြတာ။ စီးပွားရေးအရရော၊ လူမှုရေးအရရော နိုင်ငံရေးအရရော ဒီပြဿနာ ပေါ်နေပြီ။ မကောင်းတာက corruption မဟုတ်ဘူး။ မကောင်းတာက စီးပွားရေးအရ လူမှုရေးအရ နိုင်ငံရေးအရမှာ အကြီးအကျယ် မလိုလားအပ်တဲ့ မကောင်းတဲ့ အခြေအနေလေးကြောင့်မို့လို့ corruption သွား တိုက်ခိုက်လို့၊ တိုက်ခိုက်ရမှာက သူ့ရဲ့ ဝေဒနာကို တိုက်ခိုက်ရမှာ။ ရောဂါကို သွားတိုက်ခိုက်လို့မရဘူး အဲ့ဒါက corruption မဟုတ်ဘူး ။

ရောဂါက စီးပွားရေး လူမှုရေး နိုင်ငံရေးတွေမှာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ အားနည်းတဲ့ မလိုလားအပ်တဲ့ ပြသာနာတွေကြောင့် အဲ့ဒါတွေတိုက်ရမှာ corruption လုပ်တဲ့လူတွေကို ဘယ်လောက်ဖမ်းဖမ်း ဘယ်လောက် တိုက်ဖျက်တိုက်ဖျက် အဓိကပြဿနာဖြစ်တဲ့ စီးပွားရေး လူမှုရေး နိုင်ငံရေးပြဿနာကိုသာ မဖြေရှင်းလို့ရှိရင် ဒီပြဿနာက ဖြေရှင်းလို့ ရမှာမဟုတ်ဘူး။ အဲ့လိုနေရာမျိုးမှာ corruption က များတယ်တဲ့၊ နိုင်ငံရးမတည်ငြိမ်မှု နယ်မြေ တစ်ခုခုလွှတ်လိုက်မယ်ဆိုရင် စည်းမျဉ်းတွေက တစ်ပုံကြီး။ ဒီဟာလုပ်ရမယ် ဟိုဟာလုပ်ရမယ်နဲ့ တစ်ပုံကြီး။ နေပြည်တော်ကို အခုသွားရတော့မယ်၊ ပတ်စပို့စ် တစ်ခုလျှောက်ဖို့ဟာက you have to fill of form တစ်ပုံတစ်ခေါင်းကြီး လိုက်ဖြည့် အဖေ့ရဲ့ အဖေရော အမေ့ရဲ့အမေရော အဖေ့ရဲ့ ညီမရော ဘာတွေညာတွေ လျှောက်ထည့်။ သေတာရော မသေတာရော တစ်ပုံကြီးလျှောက်ထည့်။ နေပြည်တော် တစ်ခါသွား နဲ့ အဲ့ဒါတွေပြောင်းရမယ်၊ Legislative system ဥပဒေပြုခြင်းစနစ်တွေ ပြောင်းရမယ်။ ဒီတစ်ခုတွေကလည်း ဆက်နေတယ်ဗျ။ တစ်ခုနဲ့တစ်ခုက အမှီသဟဲပြုနေတယ်။ ချိတ်ဆက်နေတယ် ။

ဘာလို့လဲ ဆိုတော့ အစိုးရ၀န်းထမ်းတွေက corruption ပိုလိုချင်လို့ corruption က များလာတယ်ဗျ။ တစ်ခုပေါ်တစ်ခု အမှီသဟဲပြုနေတယ်။ corruption ကို တိုက်ခိုက်သော်လည်းပဲ အရေးအကြီးဆုံးကတော့ ပပျောက်အောင် မဟုတ်ဘူးဗျ။ ဒါလေးကို ထိန်းသိမ်းပြီးတော့မှ ကျနော်တို့ လုပ်နိုင်ကိုင်နိုင်အောင်လို့ပေါ့။ ပပျောက်အောင်လို့ကတော့ လုံးဝ မလွယ်ဘူး။ ဒါပေမဲ့လည်း သူ့ကိုနည်းနည်း ကျဆင်းပြီးတော့မှ ကျနော်တို့အနေနဲ့က စီးပွားရေး လူမှုရေး နိုင်ငံရေး အရ မှန်မှန်ကန်ကန်လေး လုပ်နိုင်ဖို့ အခြေအနေလေးကို ဖန်တီး ပေးဖို့အချိန်လေးပဲလိုတယ်။

(ပြီး)

1 comments :

  1. Anonymous said... :

    လေးစားစွာဖြင့်
    ဆရာကြီး ဦးမြင့်ခင်ဗျား
    “ဒါပေမဲ့လည်း သူ့ကိုနည်းနည်း ကျဆင်းပြီးတော့မှ ကျနော်တို့အနေနဲ့က စီးပွားရေး လူမှုရေး နိုင်ငံရေး အရ မှန်မှန်ကန်ကန်လေး လုပ်နိုင်ဖို့ အခြေအနေလေးကို ဖန်တီး ပေးဖို့အချိန်လေးပဲလိုတယ်။”
    အချိန်လေး ဘယ်လောက်လိုပါသလဲ။ မှန်မှန်ကန်ကန်လေး လုပ်နိုင်ဘို့ အခြေအနေလေးကို ဖန်တီးပေးဘို့ ဆရာကြီး တသက် ဒါမှမဟုတ် နောက်မျိုးဆက် ဘယ်နှစ်ဆက်မှာ ဖြစ်မြောက်မယ် ရည်မှန်းထားပါသလဲ။
    နဲနဲလေး တိတိကျကျလေး ဖြစ်နိုင်ရင် ပြောပေးပါလား။
    NT

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved