စာနယ်ဇင်းသမား တချို့ကို ဖိတ်ကြားထားကြောင်း သိရှိရသည်။
“စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း အကုန်တော့ မဖိတ်ပါဘူး။ တော်တော်များများ ဖိတ်ထားတယ်။ ဦးခင်ရွှေတို့၊ ဦးဌေးမြင့်၊ ဦးဇော်ဇော်နဲ့ တခြား နာမည်ရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အားလုံးတော့ပါပါတယ်၊ ဘာကြောင့် ဖိတ်တယ်ဆိုတာတော့ မသိရသေးဘူး” ဟု ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံမှ စီးပွားရေး၊ လူမှုရေးနှင့် ပတ်သက်ပြီး မိန့်ခွန်းပြောကြားလိုခြင်း ဖြစ်သည်ဟု ခန့်မှန်းရကြောင်း သူက ပြောသည်။
ထို့အပြင် လူမှုရေးလုပ်ငန်း ဆောင်ရွက်နေသူများကိုလည်း ယနေ့နံနက် ၉ နာရီအရောက် နေပြည်တော်သို့ အ၀င်ပြရန် ဖိတ်ထားကြောင်း သိရှိရသည်။
“နာရေးကူညီမှုအသင်းလည်း ပါတယ်။ ကိုကျော်သူတို့ရော တခြားပြည်တွင်းမှာ နာမည်ရှိတဲ့ အန်ဂျီအိုတွေကိုလည်း ဖိတ်တယ်။ ကျနော်တို့ကတော့ ဆွေးနွေးခွင့်ရအောင်တော့ ကြိုတင်ပြင်ဆင်ထားတယ်” ဟု ပြည်တွင်းရှိ သဘာဝဘေးအန္တရာယ် သင့်ခဲ့သူများအား ပြန်လည် ထူထောင်ရေးအတွက် ဆောင်ရွက်လျက်ရှိသော အန်ဂျီအိုမှ တာဝန်ရှိသူတဦးက ပြောသည်။
နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဦးကျော်သူမတက်ရောက်ဘဲ ဒေါ်ရွှေဇီးကွက်နှင့် ဒေါ်သန်းမြင့်အောင် တက်ရောက်မည်ဟု သိရသည်။
မီဒီယာသမားတချို့ကိုလည်း ဖိတ်ကြားထားသည်ဟု သိရပြီး သတင်းစာရှင်းလင်းပွဲ မဟုတ်သောကြောင့် မေးခွန်းများမမေးရဟုလည်း ညွှန်ကြားချက် ထုတ်ထားကြောင်း သိရှိရသည်။
“ကျနော်သိတဲ့ ဖိတ်ထားတဲ့ စာရင်းထဲမှာတော့ ဦးကိုကိုလှိုင်၊ ဒေါက်တာနေဇင်လတ်၊ ဦးမြတ်ခိုင်၊ ဒေါက်တာတင်ထွန်းဦးတို့ ပါတယ်။ ဦးမြင့်နဲ့ တခြားဘယ်သူတွေ ပါသလဲဆိုတာတော့ ကျနော် မသိဘူး” ဟု စာနယ်ဇင်းသမားတဦးက ပြောသည်။
ပြန်ကြားရေးနှင့် အဆင်ပြေသော၊ ပြန်ကြားရေးဝန်ကြီးဌာနမှ စိတ်ချယုံကြည်ရသော
စာနယ်ဇင်းသမားများကိုသာ ရွေးဖိတ်ခြင်းဖြစ်ကြောင်း သူက သုံးသပ်ပြောဆိုသည်။
ပြည်တွင်း သတင်းအသိုင်းအ၀ိုင်းမှ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖိတ်ထားသည်ဟု
ပြောဆိုနေကြသည်။
ဦးရုက္ခစိုး ကို ကောမဖိတ် ဘူးလား?