~
လစ်ဗျားမှာ အာဏာရှင် ကဒါဖီရဲ့ ကံကြမ္မာ အနိမ့်ဆုံးအခြေအနေကို ရောက်နေပါတယ်။
သူပုန်တွေက မြို့တော် ထရီပိုလီကို ၀င်လာကြပါပြီ။
သူပုန်တွေက သူ့သား ဆာအိဖ် (Seif al-Islam) ကို ဖမ်းလိုက်ပါတယ်။ ဆာအိဖ်ကို ၀ရမ်းထုတ်ထားတဲ့ နိုင်ငံတကာ ပြစ်မှု ဆိုင်ရာ တရားရုံး ICC ကလည်း ဒီလို ဖမ်းဆီးရမိတာကို သတင်းရကြောင်း ပြောပါတယ်။ ICC က သူ့ကို အရပ်သားတွေနှိပ်စက်ခံရ၊ သတ်ဖြတ်ခံရမှုတွေနဲ့ စစ်ဆေးဖို့ ၀ရမ်းထုတ်ထားတာပါ။
သူ့သား နောက်တယောက်ဖြစ်တဲ့ မိုဟာမက်လည်း သူပုန်တွေလက်ထဲ ရောက်နေပါပြီ တဲ့။
~
ဆူဒန်နိုင်ငံဟာ နှစ်ခြမ်းကွဲသွားပါပြီ။ လစ်ဗျားနိုင်ငံဟာလည်း ကျဆုံးတော့မည့်အခြေအနေ ဆိုက်နေပါပြီ။ အချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံတွေရဲ့ဘ၀ ကနေအခုဖြစ်သွားတာတွေဟာ တော့်တော့်ကိုစိတ် မကောင်းစရာပါ။ အင်အားကြီးနိုင်ငံကြီးနဲ့ ဥရောပက ဒါတွေကိုဝမ်းမြောက်ပြီး ကြိုဆိုနေတာဟာ တော့်တော့်ကို အော့နှလုံးနာစရာ ကောင်းနေပါပြီ။ ၀ဋ်ဆိုသည်မှာလည်တတ်ပါသည်။ အင်အား ကြီးနိုင်ငံကြီးဟာ ပြည်နယ်တွေနဲ့ဖွဲ့စည်း ထားတာပါ။ သူလည်းတစ်နေ့ကျရင် အဲဒီလိုဝဋ်လည် လိမ့်မည်ဟု ကျွန်တော်တစ်ထစ်ကျ ပြောရဲပါတယ်။ အခုလိုထင်မြင်မိတဲ့ ကျွန်တော်သည် ပြည်ခိုင်ဖြိုးမဟုတ်ပါ။ အင်အားကြီး နိုင်ငံကြီးကို လက်ရှိအစိုးရကော၊ အစိုးရကိုဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေကပါ သတိနဲ့ဆက်ဆံဖို့လိုအပ်တယ်လို့ ကျွန်တော်ရိုးသားစွာထင်မြင်မိပါတယ်။