မောင် မှားပါတယ်

Saturday, August 13, 2011

သတင်းစာ ဖတ်နေသူ ကိုဦးကို သူ့မိန်းမှ မစံပယ်မှ ...

ကိုဦး ... စံပယ် အိမ်မှာနေရတာ ငြီးငွေ့လာပြီ၊ အပြင်ထွက်ပြီး အလုပ်တခုခုလောက် လုပ်ချင်တယ်။

ဟာ ... စံပယ့်ကို လိုလိုသေးမရှိအောင် ထားတာပဲ၊ ဘာများ အလုပ်လုပ်စရာ လိုသေးလို့လဲဟု ဟန်ဆောင် ပန်ဆောင် အမူရာပါပါဖြင့် သူ့မိန်းမ မစံပယ်အား အလုပ် ပေးမလုပ်စေချင်သည့် မျက်နှာထားမျိုးဖြင့် ပြန်ပြောသည်။

အရမ်းငြီးငွေ့လွန်းလို့ပါ ကိုဦးဟုဆိုကာ လင်ယောက်ကျားအား အပူကပ်လေတော့သည်။ ကိုဦး ခမျာလဲ နောက်ဆုံး ခွင့်ပြုလိုက်ရလေတော့သည်။

ဒါပေမယ့် စံပယ် ... အကန့်အသတ် အတိုင်းအတာတော့ ရှိတယ်နော်။

(၁) နေပူမထိရဘူး၊ အသားအရေတွေ ပျက်ကုန်မယ်။
(၂) အအေးခန်းထဲမှာပဲ လုပ်ရတဲ့အလုပ်မျိုး ဖြစ်ရမယ်။
(၃) အဝတ်အစား လှလှပပ ဝတ်ရမယ်၊ ဒါမှ မောင်ဂုဏ်ရှိမှာ။
(၄) ပင်ပမ်းတဲ့ အလုပ်မျိုး မဖြစ်စေရဘူး။

*****

မိန်းကကို အလုပ်လုပ်ခွင့် ပေးလိုက်သော ကိုဦးမှာ သောက်စား မြူးတူးရန် အချိန်ရပြီဖြစ်၍ သူငယ်ချင်း နှစ်ယောက်နှင့်အတူ ဇိမ်ခန်းတခုသို့ ရောက်သွားလေသည်။

သူငယ်ချင်း တယောက်က ... ဟေ့ ကိုဦး ဖြစ်ပါ့မလား၊ မင်း မိန်းမသိရင် မလွယ်ဘူးနော်။

ကိုဦးက ... ဟာ ဖြစ်ပါတယ်ကွာ မသိလောက်ပါဘူး၊ သူ့ကို အလုပ်လုပ်ခွင့် ပေးထားတာပဲ၊ အလုပ်လုပ်နေလောက်ပါပြီ။

ဒါဆိုလည်း ပြီတာပဲလေ၊ ကဲ ... အချောအလှ နံပါတ်လေးတွေ ရွေးရအောင်ဟုဆိုကာ ဇိမ်မယ်များရှိရာ မှန်ခန်းအရှေ့သို့ ရောက်သွားသည်။

ကိုဦးက ... ဟိုတယောက်က အရမ်းဝလွန်းတယ် ... ဒီတယောက်ကလည်း ပိန်လွန်းတယ်၊ သြော် ညာဘက်ထောင့်က ကောင်မလေးမဆိုးဘူးကွ၊ ဘော်ဒီပရယ်ရှာ အရမ်းမိုက်တယ်၊ အဲဒါ ငါရွေးမယ်ကွာ၊ မင်းတို့ တခြားဟာရွေး။

ညာဘက်ထောင့်တွင် ထိုင်နေသော ကောင်မလေးမှာ အခြားနေရာတခုသို့ ငေးကြည့်နေ၍ မျက်နှာမမြင်မိ၊ ခုမှပြန်လှည့်လာကာ ကိုဦးကို ညုတုတု ပြုံးပြလိုက်သည်။

ဟာ !!!!! ကိုဦး အဲဒါ မင်းမိန်းမဟ ... သောက်ပြဿနာပဲ။

ကိုဦးမှာလည်း ပါးစပ်ကြီးဟလျက် သူ့မိန်းမ မစံပယ်ရှိရာသို့ သွားကာ ... မင်း ... မင်း ... ဒီ ဒီမှာ ဘာလာလုပ်တာလဲ။

ကိုဦးပြောတဲ့ အကန့်အသတ် အတိုင်းအတာ လေးခုနဲ့ ညီလို့ စံပယ်လုပ်တာလေ၊ ကြည့် ... နေမထိဘူး၊ အအေးခန်းထဲမှာ အေးလွန်းလို့ အနွေးထည်တောင် ဆောင်ထားရတယ်၊ (မီနီစကတ်တိုလေးနှင့် ကြိုးတချောင်းသာပါသော ဝတ်စုံလေးကို ရင်ကော့ပြလျက်) တွေ့လာ ... ဒီလို လှလှ ပပလေးလဲ ဝတ်ရတယ်၊ အပင်ပမ်းလဲ မခံရဘူး၊ အိမ်မှာ ကိုဦးနဲ့ဆိုရင်တောင် ဒီထက်ပိုပင်ပမ်းသေးတယ်။

ကိုဦးမှာ မျက်လုံး မီးဝင်းဝင်းတောက်လျက် သူ့မိန်းမ မစံပယ်အား ထသတ်ပါတော့သည်။

(Thai TV CH7 စနေနေ့ အပတ်စဉ် ရဲဟာသ အစီအစဉ်တခုမှ ဟာသတခုအား အဆင်ပြေသလို ဘာသာပြန် တင်ပေးလိုက်ပါသည်)

1 comments :

  1. Anonymous said... :

    ခက်တော့ ခက်ကုန်ပြီ ဟီဟိ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved