မသေချာရင်-အားလုံး သေမှာ

Thursday, August 25, 2011


-





komoethee.blogspot.com မှာ တွေ့ရတဲ့ ဒေါ်စု -သိန်းစိန် တွေ့ ဆုံမှု ဆွေးနွေးမှု အတွင်းသတင်းများ ဆိုတာကို ကူးယူ ဖော်ပြပါတယ်။


ဒေါ်စု နဲ့ သိန်းစိန် တွေ့ စဉ်- ဒုသမတ တင်အောင်မြင့်ဦး တက်ခွင့်မရ။ အစိုးရ၀န်ကြီးတွေလဲတက်ခွင့်ရ- ကြံဖွင့်ခေါင်းဆောင်တွေ သိပ်ကိုစိတ်ဆိုးတယ်လို့ သိရ။ ဒေါ်စုကို ဗွီအိုင်ပီ လို ပြုစုဆက်ဆံတယ်လို့ သိရ။ ဒေါ်စုကရောက်ကာစ က ခပ်တောင့်တောင့်ဖြစ်နေတယ်။ နောက်တော့ အဆင်ပြေသွားတယ်။ လူတိုင်းပြုံးပြုံရီရီဖြစ်လာတယ်လို့ ဆို။ ဒေါ်စုနဲ့ အတူ ဒီင်္ချုပ်အဖွဲ့ ဝင်တချို့ ပါ၊ ပရောဖက်ဆာ ရီရီမြင့် လဲ ဒေါ်စုနဘေးမှာရှိတယ်။ အစိုးရဖက်ကတော့ ဦးအောင်ကြည်( အလုပ်သမား)၊ ဦးအောင်မင်း (မီးရထား) ၊ဦးစိုးသိန်း( စက်မှု)၊ မေဂျာသိန်းဌေး (နယ်စပ်) တို့ တက်ရောက်တယ်။ သူတို့ က ပြုပြင်ပြောင်းလဲမှုသိပ်ဖြစ်ခြင်တယ်လို့  ဆို။ ဒီထဲမှာ ဦးအောင်မင်းက ဖိုးတက်ကြွလို့ သိရ။ ဒေါ်စုအစည်းဝေးခန်းမအလာမှာ ပေါ်တီကို မှာ ၀င်းအောင်၊ ဇော်ဇော်၊ အောင်သက်မန်းတို့ က ဒေါ်စုလီမွန်ဇင်းကိုလာဖွင့်ပေးကြ ဟုသိရ။ ဒီအခြေအနေကိုဒီချုပ်ကအကောင်းမြင်ပုံရ။ ကြေညာချက်ထုတ် အကောင်းမြင်ဟုဆို။ တင်အောင်မြင့်ဦး အရမ်းပေါက်ကွဲနေဟု သိရ။

အစိုးရအတွင်းအခြေအနေက နှစ်ပိုင်းကွဲနေတယ်။ သန်းရွှေသြဇာတနေ့ တခြားကျဆင်းနေတယ်။သိန်းစိန်နဲ့  စစ်တပ်ခေါင်းဆောင်တွေက သန်းရွှေ နဲ့ ခပ်ဝေးဝေး ခပ်ရှောင်ရှောင်လုပ်လာကြတယ်။ သမတအုပ်စုက က တင်အောင်မြင့်ဦးနှင့်ကျော်ဆန်းကို ကိုမနှစ်မြို့ ။ ဥပမာ -ဦးအောင်မင်းက မြန် မာ့အလင်းသတင်းစာကိုသူ့ စားပွဲပေါ်မတင်ရန် ၀န်ထမ်းတွေကိုကြိမ်းမောင်း - ဒီသတင်းစာကိုတွေ့ ရင်အံခြင်တယ်ကွဟုဆို။ ရွေမန်းကသိန်းစိန်ကို ပိုမိုထောက်ခံလာ။ ပိုနီးစပ်လာ။ သန်းရွေ အနားမယူခင်က သူလုံခြုံရေးတပ်ကို ပြန်လည်ဖွဲ့ စည်းခဲ့။ သို့ သော် မကြာသေးခင်က သူရဲ အတွက်လုံခြုံရေးယူပေးနေတဲ့တပ်ဖွဲ့ များ လျော့ချလာသည်ကိုတွေ့ ရ။ ဦးနေ၀င်း အသက် ၉၀ မွေးနေ့ ပွဲအပြီး သူလုံခြုံရေးတပ်များကို သန်းရွှေ-မောင်အေးဂိုဏ်းက လျော့ချသကဲ့သို့ ရှိနေတယ်။ ဦးနေ၀င်းသေပြီး ၂ ရက်အတွင်း ဦးစိန်လွင်အိမ်ရှေ့ က လုံခြုံရေးတပ်ကို လူပြောင်းတာလျော့ချတာလုပ်သကဲ့သို့ ဖြစ်နေ။ မင်းအောင်လှိုင်က သန်းရွှေလုံခြုံရေးတပ်ဖွဲဝင်အများစုမှာ

တပ်ထွက်များနှင့် ပြန်လည်စုဖွဲ့ ပေးခဲ့သည်မှာထူးခြားနေတယ်။ မင်းအောင်လှိုင်က သန်းရွှေစိတ်ကြိုက်ရွေးခဲ့သူသူဖြစ်။ အရည်အချင်းမရှိ။တပ်တွင်လူကြိုက်နည်းခဲ့သူဖြစ်။ လူကြိုက်များသုမှာ မြင့်အောင်ဖြစ်။ မြင့်အောင်စကားမှားသောကြောင့်တပ်ချုပ်အဖြစ်လျာထားပြီးမှဖယ်ရှားခံရ။ မင်းအောင်လှိုင် အပြောင်းအလဲကို ကျနော်တို့ ဆက်လက်စောင့်ကြည့်နေ။ သိသာရန်ပေးပို့ ။ ကောင်းသည့်အချက်ကတော့တပ်ထဲတွင် သန်းရွှေ ပြန်လာမှာကို စိုးရိမ်နေကြ။ မလိုခြင်တော့။ တပ်ထဲတွင် ဟာသပင်လုပ်နေ- ဦးသိန်းစိန်ရေ သေချာအောင် လုပ်ပေးပါ။ မသေချာရင်-အားလုံး သေမှာဟု နောက်ပြောင်နေ။

ရွှေမန်း- သန်းရွှေကိုစိတ်နာနေတယ်။ သမတနေရာကိုသူကိုပေးမယ်လို့  နှစ်ကိုယ်ကြားဆွေးနွေးခဲ့ဘူးဟုသိရ။ သူကိုအယုံသွင်းပြီးခွေထားခဲ့ဟုခံစားနေရ။

တင်အေး- အခြေအနေမကောင်း။ သူရောသူသားရော သြာဇာကျဆင်း။ တင်းအေးကလဲသန်းရွှေကိုရှောင်နေတယ်ဟုသိရ။ သူက သန်းရွှေညာလက်ရုံးဟုအပြောခံခဲ့ရသူဖြစ်။ သူကိုလည်းသန်းရွှေကဇယားရွေ့ ခဲ့သည်ဟုံခံစားရ။ သူသားက ပြီးခဲ့တဲ့အပတ်က ဒေါ်စုကို ပင်နှုတ်ဆက်ခဲ့သည့်အထဲမှာလည်းပါဝင်နေတယ်။

ဌေးဦး- ရွေးကောက်ပွဲမတိုင်မှီက သူကိုသန်းရွှေက ဒုသမတ နေရာပေးမယ်လို့အယုံသွင်းခံခဲ့ရဟုသိရ။ သန်းရွှေကိုလုံးဝ လက်မခံနိင်တော့သူဖြစ်လာ။ လုံးဝမချစ်နိင်တော့ပြီ။

အောင်သောင်းနဲ့ သိန်းဇော်- သန်းရွှေကိုဆက်ချစ်နေသူများဖြစ်ဟုယူဆရ။ ဆက်လက်ထောက်ခံနေဆဲဟုသုံးသပ်ရ။

မင်းအောင်လှိုင်- တပ်ကို သန်းရွှေ နဲ့ ဝေးရာသို့  ပို့ နေဟုယူဆရ။ သူက ရွှေမန်းကိုတလတကြိမ်တွေ့ ဆုံနေသည်ကို တွေ့ ရ။ သူသြဇာမခံသူဟုယူဆရတဲ့ ဗိုလ်ချုပ်သုံးဦးကို ဖြုတ်လိုက်။

ဦးမြင့်- ဦးမြင့်စာတန်းက အစိုးရခေါင်းဆောင်ပိုင်း ကိုသက်ရောက်မှုရှိ။ အထူးသဖြင့်ကျပ်ငွေတန်ဖိုးကို မပြောင်းလဲနိင်ပါက လူထုအုံကြွမှုကြီးဖြစ်နိင်သည်ကိုအထူးစိုးရိမ်ကြ။ ကျပ်-ဒေါ်လာ လဲနှုန်း ၆၀၀ ဖြစ်ပါ တိုင်းပြည်ပျက်ပြီဟုစီးပွားရေးသမားအများစုယုံကြည်နေ။




-

5 comments :

  1. Anonymous said... :

    ဧရာဝတီက အဆင့်အတန်းရြှီ့းသား သတင်းဆိုဒ်တခုပါ
    ဘာလို့မိုးသီးလို စိတ်လိုလက်ရ ဘာမှမသေချာ သွေးတိုးဖို့
    များတဲ့ သတင်းတွေရေးတဲ့ ဆိုဒ်က သတင်းတွေယူတင်နေရတာလည်း သတင်းရှားလို့လား ဧရာဝတီ
    ခင်ဗျားတို့ ဆိုဒ် ကဆောင်းပါးကောင်းတွေလည်းတခုမှတတ်မလာတာကြာပြီ face to face အင်တာဗျူးဆိုတွေကလည်း ဖောရှောတွေပဲများလာတယ် ပြည်တွင်းသတင်းဆိုဒ်တွေကမှနဲနဲ သတင်းစုံသလိုဖြစ်နေသေးတယ် အကြံပေးတာပါ

  1. Anonymous said... :

    မိုးသီး ဘလော့ကတော့ ခပ်တည်တည်ပါပဲ။ မှန်တာ မမှန်တာ အပထား ။ ကောလဟာလ ရေးတဲ့နေရာမှာတော့ နံပတ် (၁). သူပြော သလို ဟုတ်နိုးနိုးတော့ မစောင့်ကြနဲ့ မောင်တို့ မယ်တို့။ ကိုယ် အလုပ်ကိုယ်လုပ်ကြ။ မိုးသီး ဘလော့ ဟောကိန်း ထုတ်လို့ ဘယ်နေရာ ဘယ်လိုမှန်ခဲ့ သလဲ ပြန်စဉ်းစားကြ။ မိုးသီး အနေနဲ့ သူပြောသလို သိမ်ကြီးဈေး မီးရှို့ခဲ့ဘူး သလို အခုနေ ရန်ကုန်မြို့ထဲ အသာလေး ရှိုဝင်ပြီး တနေရာရာ မှာ ပြန်မီးရှို့ဘို့ တိုက်တွန်းပါရစေ။ ဒါဆို မိုးသီး အနေနဲ့ တကယ်ကို ခောတ်ပြောင်း တော်လှန်ရေး သမား တယောက် အဖြစ် လူထု က လက်ခုတ်တီးကြမှာပါ။

  1. Anonymous said... :

    "မသေချာရင်-အားလုံး သေမှာ"/
    "သေချာရင်လည်း-အားလုံး မသာပေါ်မှာ"

    အလကားပါဗျာ။ စိတ်ကူးယဉ်ပြီးလျှောက်ရေးထားတာပါ။
    ဘယ်သူရေးတာဆိုတာလဲမပါ။လျှောက်ဖွပြီးပွဲဆူအောင်ရေးထားတာပါ။ကာယကံရှင်တွေကလွှဲပြီးဘယ်သူမှတိတိကျကျမသိနိုင်ပါဘူး။ဗိုလ်သန်းရွှေ ရဲ့လှည့်ကွက်လိုပါဘဲ။ လုံးဝကိုအယုံအုကည်မရှိပါဘူး။

  1. Anonymous said... :

    အရူးရေး... အရူးယုံ

  1. Anonymous said... :

    အရူးရေး... အရူးယုံ

    အရူးဘောမတွေအစောဆုံးလာဖတ်
    ကော့မန့် တွေရေး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved