ဒေါ်စု နဲ့ သိန်းစိန် တွေ့ စဉ်- ဒုသမတ တင်အောင်မြင့်ဦး တက်ခွင့်မရ။ အစိုးရ၀န်ကြီးတွေလဲတက်ခွင့်ရ- ကြံဖွင့်ခေါင်းဆောင်တွေ သိပ်ကိုစိတ်ဆိုးတယ်လို့ သိရ။ ဒေါ်စုကို ဗွီအိုင်ပီ လို ပြုစုဆက်ဆံတယ်လို့ သိရ။ ဒေါ်စုကရောက်ကာစ က ခပ်တောင့်တောင့်ဖြစ်နေတယ်။ နောက်တော့ အဆင်ပြေသွားတယ်။ လူတိုင်းပြုံးပြုံရီရီဖြစ်လာတယ်လို့ ဆို။ ဒေါ်စုနဲ့ အတူ ဒီင်္ချုပ်အဖွဲ့ ဝင်တချို့ ပါ၊ ပရောဖက်ဆာ ရီရီမြင့် လဲ ဒေါ်စုနဘေးမှာရှိတယ်။ အစိုးရဖက်ကတော့ ဦးအောင်ကြည်( အလုပ်သမား)၊ ဦးအောင်မင်း (မီးရထား) ၊ဦးစိုးသိန်း( စက်မှု)၊ မေဂျာသိန်းဌေး (နယ်စပ်) တို့ တက်ရောက်တယ်။ သူတို့ က ပြုပြင်ပြောင်းလဲမှုသိပ်ဖြစ်ခြင်တယ်လို့  ဆို။ ဒီထဲမှာ ဦးအောင်မင်းက ဖိုးတက်ကြွလို့ သိရ။ ဒေါ်စုအစည်းဝေးခန်းမအလာမှာ ပေါ်တီကို မှာ ၀င်းအောင်၊ ဇော်ဇော်၊ အောင်သက်မန်းတို့ က ဒေါ်စုလီမွန်ဇင်းကိုလာဖွင့်ပေးကြ ဟုသိရ။ ဒီအခြေအနေကိုဒီချုပ်ကအကောင်းမြင်ပုံရ။ ကြေညာချက်ထုတ် အကောင်းမြင်ဟုဆို။ တင်အောင်မြင့်ဦး အရမ်းပေါက်ကွဲနေဟု သိရ။
အစိုးရအတွင်းအခြေအနေက နှစ်ပိုင်းကွဲနေတယ်။ သန်းရွှေသြဇာတနေ့ တခြားကျဆင်းနေတယ်။သိန်းစိန်နဲ့  စစ်တပ်ခေါင်းဆောင်တွေက သန်းရွှေ နဲ့ ခပ်ဝေးဝေး ခပ်ရှောင်ရှောင်လုပ်လာကြတယ်။ သမတအုပ်စုက က တင်အောင်မြင့်ဦးနှင့်ကျော်ဆန်းကို ကိုမနှစ်မြို့ ။ ဥပမာ -ဦးအောင်မင်းက မြန် မာ့အလင်းသတင်းစာကိုသူ့ စားပွဲပေါ်မတင်ရန် ၀န်ထမ်းတွေကိုကြိမ်းမောင်း - ဒီသတင်းစာကိုတွေ့ ရင်အံခြင်တယ်ကွဟုဆို။ ရွေမန်းကသိန်းစိန်ကို ပိုမိုထောက်ခံလာ။ ပိုနီးစပ်လာ။ သန်းရွေ အနားမယူခင်က သူလုံခြုံရေးတပ်ကို ပြန်လည်ဖွဲ့ စည်းခဲ့။ သို့ သော် မကြာသေးခင်က သူရဲ အတွက်လုံခြုံရေးယူပေးနေတဲ့တပ်ဖွဲ့ များ လျော့ချလာသည်ကိုတွေ့ ရ။ ဦးနေ၀င်း အသက် ၉၀ မွေးနေ့ ပွဲအပြီး သူလုံခြုံရေးတပ်များကို သန်းရွှေ-မောင်အေးဂိုဏ်းက လျော့ချသကဲ့သို့ ရှိနေတယ်။ ဦးနေ၀င်းသေပြီး ၂ ရက်အတွင်း ဦးစိန်လွင်အိမ်ရှေ့ က လုံခြုံရေးတပ်ကို လူပြောင်းတာလျော့ချတာလုပ်သကဲ့သို့ ဖြစ်နေ။ မင်းအောင်လှိုင်က သန်းရွှေလုံခြုံရေးတပ်ဖွဲဝင်အများစုမှာ
တပ်ထွက်များနှင့် ပြန်လည်စုဖွဲ့ ပေးခဲ့သည်မှာထူးခြားနေတယ်။ မင်းအောင်လှိုင်က သန်းရွှေစိတ်ကြိုက်ရွေးခဲ့သူသူဖြစ်။ အရည်အချင်းမရှိ။တပ်တွင်လူကြိုက်နည်းခဲ့သူဖြစ်။ လူကြိုက်များသုမှာ မြင့်အောင်ဖြစ်။ မြင့်အောင်စကားမှားသောကြောင့်တပ်ချုပ်အဖြစ်လျာထားပြီးမှဖယ်ရှားခံရ။ မင်းအောင်လှိုင် အပြောင်းအလဲကို ကျနော်တို့ ဆက်လက်စောင့်ကြည့်နေ။ သိသာရန်ပေးပို့ ။ ကောင်းသည့်အချက်ကတော့တပ်ထဲတွင် သန်းရွှေ ပြန်လာမှာကို စိုးရိမ်နေကြ။ မလိုခြင်တော့။ တပ်ထဲတွင် ဟာသပင်လုပ်နေ- ဦးသိန်းစိန်ရေ သေချာအောင် လုပ်ပေးပါ။ မသေချာရင်-အားလုံး သေမှာဟု နောက်ပြောင်နေ။
ရွှေမန်း- သန်းရွှေကိုစိတ်နာနေတယ်။ သမတနေရာကိုသူကိုပေးမယ်လို့  နှစ်ကိုယ်ကြားဆွေးနွေးခဲ့ဘူးဟုသိရ။ သူကိုအယုံသွင်းပြီးခွေထားခဲ့ဟုခံစားနေရ။
တင်အေး- အခြေအနေမကောင်း။ သူရောသူသားရော သြာဇာကျဆင်း။ တင်းအေးကလဲသန်းရွှေကိုရှောင်နေတယ်ဟုသိရ။ သူက သန်းရွှေညာလက်ရုံးဟုအပြောခံခဲ့ရသူဖြစ်။ သူကိုလည်းသန်းရွှေကဇယားရွေ့ ခဲ့သည်ဟုံခံစားရ။ သူသားက ပြီးခဲ့တဲ့အပတ်က ဒေါ်စုကို ပင်နှုတ်ဆက်ခဲ့သည့်အထဲမှာလည်းပါဝင်နေတယ်။
ဌေးဦး- ရွေးကောက်ပွဲမတိုင်မှီက သူကိုသန်းရွှေက ဒုသမတ နေရာပေးမယ်လို့အယုံသွင်းခံခဲ့ရဟုသိရ။ သန်းရွှေကိုလုံးဝ လက်မခံနိင်တော့သူဖြစ်လာ။ လုံးဝမချစ်နိင်တော့ပြီ။
အောင်သောင်းနဲ့ သိန်းဇော်- သန်းရွှေကိုဆက်ချစ်နေသူများဖြစ်ဟုယူဆရ။ ဆက်လက်ထောက်ခံနေဆဲဟုသုံးသပ်ရ။
မင်းအောင်လှိုင်- တပ်ကို သန်းရွှေ နဲ့ ဝေးရာသို့  ပို့ နေဟုယူဆရ။ သူက ရွှေမန်းကိုတလတကြိမ်တွေ့ ဆုံနေသည်ကို တွေ့ ရ။ သူသြဇာမခံသူဟုယူဆရတဲ့ ဗိုလ်ချုပ်သုံးဦးကို ဖြုတ်လိုက်။
ဦးမြင့်- ဦးမြင့်စာတန်းက အစိုးရခေါင်းဆောင်ပိုင်း ကိုသက်ရောက်မှုရှိ။ အထူးသဖြင့်ကျပ်ငွေတန်ဖိုးကို မပြောင်းလဲနိင်ပါက လူထုအုံကြွမှုကြီးဖြစ်နိင်သည်ကိုအထူးစိုးရိမ်ကြ။ ကျပ်-ဒေါ်လာ လဲနှုန်း ၆၀၀ ဖြစ်ပါ တိုင်းပြည်ပျက်ပြီဟုစီးပွားရေးသမားအများစုယုံကြည်နေ။
ဧရာဝတီက အဆင့်အတန်းရြှီ့းသား သတင်းဆိုဒ်တခုပါ
ဘာလို့မိုးသီးလို စိတ်လိုလက်ရ ဘာမှမသေချာ သွေးတိုးဖို့
များတဲ့ သတင်းတွေရေးတဲ့ ဆိုဒ်က သတင်းတွေယူတင်နေရတာလည်း သတင်းရှားလို့လား ဧရာဝတီ
ခင်ဗျားတို့ ဆိုဒ် ကဆောင်းပါးကောင်းတွေလည်းတခုမှတတ်မလာတာကြာပြီ face to face အင်တာဗျူးဆိုတွေကလည်း ဖောရှောတွေပဲများလာတယ် ပြည်တွင်းသတင်းဆိုဒ်တွေကမှနဲနဲ သတင်းစုံသလိုဖြစ်နေသေးတယ် အကြံပေးတာပါ