နိုင်ငံရေးတွေနဲ့ ငြင်းရခုန်ရ မောနေကြပါပြီ။ မြန်မာပြည်ရဲ့ အနာဂတ် အနုပညာရှင်၊ ပါရမီရှင်လောင်းတွေကို အားပေးပြီး အမောဖြေကြပါဦး :)
http://8888newgenerations.blogspot.com/2011/08/blog-post_9775.html
အာဏာရှင်စစ်အစိုးရလက်ထက်မှာ မျိုးဆက်သစ်လူငယ်တွေကို ပြုပြင်ထိန်းကျောင်းဖို့ အမြင်ကျယ်စေဖို့ ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်ဖို့ စသည့်ကိစ္စများကို လုံးဝလစ်လျှူရှုထားပါတယ်၊မကောင်းတဲ့ဖက်တွေကို အတုမြင်အတတ်သင်တတ်အောင်၊ ဥပမာ - မူးယစ်ဆေးဝါး၊ Day Club, အိမ်ထောင်ရေးဖေါက်ပြားတဲ့ ကိုးရီးယားဇတ်လမ်းတွဲတွေကို အစိုးရမီဒီယာတွေက အပိုင်းလိုက်တင်ဆက်ပြသနေတာမျိုးတွေ ၊ အဲ့ဒီလိုနဲ့ မျိုးဆက် ၂ ခုလောက်ကို တုံးသွားအောင်ကို အဆက်ဖြတ်ပစ်တဲ့ ဗျူဟာနဲ့သေချာကျကျနန ကို ဆောင်ရွက်နေတယ်လို့ ယုံကြည်ရပါတယ်။
အမော မပြေတဲ့ အပြင် ရင်ပိုမောမိပါတယ်.. ကလေးတွေက ကလေးနဲ့ မှ မတူတော့ တာ..အသက်လေး ၇နှစ်၊ ၈နှစ်နဲ့ အချစ်သီချင်းတွေဆိုပြီး အပျိုကြီးတွေလိုဝတ်စားတာမျိုးကို အားမပေးလိုပါ။
အပန်းဖြေ၇အောင်
http://shweo.com
http://myanmarpioneer.com
http://www.mymclub.net/
သမ္မတကြီး ဦးသိန်းစိန်ကို YouTube ဖွင့်ပေးပြီး အင်တာနက်တွေ မြန်ပေးဖို့ တောင်းဆိုရမယ်။ နို့မို့ဆို သူတို့သီချင်းတွေ လိုလို နဲ့ ဖီလင်ကြီးတွေ နှစ်ပိသာလောက်နဲ့ တက်ဆိုနေတဲ့ သူတွေရဲ့ မူရင်းသီချင်းတွေကို မြန်မာပြည်ကသူတွေ သိစေချင်လို့ပါ။
"ရင်နှင့်ရေးသော"
အော် ဒီလိုတဲ့လား
တို့ပြည် ဖြစ်ပျက် မနှစ်သက်စရာ
တွေ့ပါလေလား ဂရုမထားပဲ
မောင်တို့ရှောင်နေ လစ်လျှူရှုထား
အာဏာမြဲရေး
တခုတည်းသာ လုပ်နေပါ၏။ ။
အမျိုးသ္မီးဝါဒ ဖြန့်ချင်ညားလဲ
ဒီလို တလွဲ
ထင်တိုင်းကျဲမှာဆိုးမိပြန်ရဲ့။ ။
သို့ပါသော်ညား ဒီလောက၀ယ်
ဒီလူငယ်များ မပျက်စီးဖို့ ရာ
စုပေါင်း ဖျက်မည်။ ။
အာဏာရူးသူ ဒီမိစ္ဆာကို
ဦးစွာ ဖြုတ်ချ ကုန်စင်ကာမှ
ဒီကိစ္စများပြင်နိုင်လိမ့်မည်။ ။
ဖိုရှုပ်လေး
ဧရာဝတီရေ
အမောပြေ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်ရဲ့ အနာဂတ် အနုပညာရှင်၊ ပါရမီရှင်လောင်းတွေကို အားပေးရင်း ပိုပြီး ရင်မောပါတယ်ဗျာ။