ယနေ့ ကျရောက်တဲ့ ၆၁ ကြိမ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတရပ်ကို KNU ရဲ့ စစ်ရေးတပ်ဖွဲ့ ဖြစ်တဲ့ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၂၀၁ အခြေစိုက်ရာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကလာဝေါ်ရွာမှာ ကျင်းပပါတယ်။
အခမ်းအနားမှာ ကရင်တိုင်းရင်းသားတွေ၊ KNLA တပ်ဖွဲ့ဝင်တွေ၊ DKBA လို့ ခေါ်တဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် တပ်ဖွဲ့ဝင်တွေ အပါအ၀င် ပရိသတ် ၅၀၀ ၀န်းကျင်ကို တွေ့ရပါတယ်။
(ဓာတ်ပုံများ - ဧရာဝတီ)
-
ကဲ ကဲ ဟန်ချီ ဟန်ရေးပြမနေပါနဲ့တော့ နှစ်ပေါင်းလဲ ၆၀ ကျော်ပြီ ကရင့်တော်လှန်ရေးကြီးလဲ ခုထိ မအောင်မြင်သေးဘူး သေချာပြန်ဆန်းစစ်ကြပါအုန်း လောလောဆယ်တော့ တော်လှန်ရေးအောင်မြင်ဖို့ နေနေသာသာ ကရင်အချင်းချင်းကွဲပြဲနေတာ ပြန်စု နေတာနဲ့ တင် ပွဲမထွက်နိုင်သေးဘူးဖြစ်နေတာ သိပ်မဟုတ်သေးဘူးနော့်