အလှူ့ရှင်မဟုတ်မှန်း အားလုံးသိကြပါတယ် ...

Tuesday, August 2, 2011



အလှူ့လက်ဖက်နဲ့ မျက်နှာလုပ်တယ်ပဲ ပြောရမလား မသိပါဘူး။ ကြံ့ဖွံ့ပါတီက ဒီတခါ စည်းရုံးတာ တမျိုးပါ။ ပိုက်ဆံ ၁၀ နဲ့ ဝန်ဆောင်ခ တပြားတချပ်မှ မကုန်စေရဘဲ မှတ်ပုံတင်လုပ်ပေးမယ်ဆိုတာကို လက်ကမ်းကြော်ငြာနဲ့ကို ဝေပါတယ်။ ဘယ်သူလဲဆိုတော့ မြို့မေတ္တာ ခံယူမယ့် စိန်အောင်သိန်းလင်း အဲ ... မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းပါ။ လဝက အစားသူက ပြောထားတယ် “ပွဲစားနဲ့ မလုပ်ပါနဲ့” တဲ့။ တကယ်က သူတို့ကိုယ်တိုင်ပဲ ပွဲစားပါ။ ပွဲခ ကတော့ ကြားဖြတ် ရွေးကောက်ပွဲကြမှ ရှင်းပေါ့လေ ... မဲတပြားနဲ့ ပွဲစားခ ရှင်း မရှင်းကတော့ အရူးမဟုတ်တဲ့ ပြည်သူလူက ဘာလုပ်မလဲ စောင့်ကြည့်ပေါ့။ အရင်တခါ ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေ ရောက်လာတာဟာ အတွေ့အကြုံ မရှိသေးလို့ပါတဲ့ ... ။ အခု ရွေးကောက်ပွဲကျတော့ အတွေ့အကြုံရှိသွားပြီ ဆိုတော့ သူတို့အထင် ကြိုတင်မဲတွေ လာစရာ မလိုတော့ဘူး ... လူတွေကို ၁၀ နဲ့ မှတ်ပုံတင် လုပ်ပေးလိုက်ရင် မဲတွေရပြီလို့ လူပြိန်းတွေး တွေးပုံရတယ်။ ဒါပေမယ့် အခုဟာက အစိုးရရဲ့ လဝက လုပ်ရမယ့်ကိစ္စကို သူတို့က အတင်းဝင်လုပ်ပေးတာ ...။ လဝကရဲ့ အလုပ်ကို သူတို့ တံဆိပ်တပ်ပြီး ခပ်တည်တည်နဲ့ မဏ္ဍပ်တိုင် တက်တာ (အလှူရှင်လည်း မဟုတ်ဘဲနဲ့) ... ။ ကိုတာတေတွေးမိတာကတော့ ၁၀ ကိစ္စပါ။ မြန်မာပြည်မှာ ၅၀ တန်တောင် မမြင်ရ၊ ၁၀၀ တန်ဆိုတာတောင် ညစ်ပတ်စုတ်ပျက်ပြီး ရှာရခက်နေတဲ့အချိန် ဒီ ၁၀ ကို ဘယ်နားသွားရှာရပါ့မလဲလို့။ သကြားလုံး တလုံးနဲ့ မှတ်ပုံတင် လုပ်ပေးပြီ၊ တစ်ရှူးတထုပ်နဲ့ မှတ်ပုံတင် လုပ်ပေးပြီ၊ ဖရောင်းတိုင် တတိုင်နဲ့ မှတ်ပုံတင်လုပ်ပေးပြီလို့ ကြော်ငြာရင် ဦးအောင်သိန်းလင်းတို့ မဲတွေ ... ဝေါခနဲ ဝေါခနဲ ရမယ်လို့ ထင်မြင်မိပါကြောင်း ... ဝေါခနဲ ဝေါခနဲ မဲတွေ မရလည်း ... ဝေါခနဲ ဝေါခနဲ ဝင်လာမယ့် ကြိုတင်မဲတွေ ရှိသားပဲ ... ပြီးမှ အတွေ့အကြုံက နည်းနည်းပဲ ရှိသေးလို့ပါဆိုပြီး အရူးကွက် နင်းလိုက်ပေါ့ ... ။

၁၀ နဲ့ မှတ်ပုံတင်ရမယ်ဆိုပြီး လဝကအစား မျက်နှာလုပ်တဲ့သတင်း ဒီမှာ ရှု။

3 comments :

  1. Anonymous said... :

    တွေးမိရင်စိတ်မကောင်းစရာပါပဲ။သူမျာနိုင်ငံကအစိုးရကသူတို့ပြည်သူစားဝတ်နေရေးအစစအရာရာလိုလေသေးမရှိအောင်စောင့်ရှောက်ပေးနေချိန်မှာမြန်မာနိုင်ငံမှာတော့မှတ်ပုံတင်လုပ်ဖို့ကိစ္စတောင်ပါတီကိုအကူအညီတောင်းလုပ်နေရတယ်ဆိုတော့။ဥပမာအားဖြင့်ထိုင်ဝမ်နိုင်ငံမှာသူ့နိုင်ငံသားအသက်ပြည့်လို့မှတ်ပုံတင်ထုတ်ပေးဖို့လျှောက်ရင်တစ်နာရီ၊နှစ်နာရီအတွင်းပြီးပြတ်ပြီး၊နိုင်ငံကူးလက်မှတ်လျှောက်ရင်အကြာဆုံး၅ရက်ဆိုလက်ဝယ်ရောက်ပါပြီ။တိုင်းတစ်ပါးကိုအားကျလို့မဟုတ်ပါ။ကိုယ့်နိုင်ငံကိုအခြားတိုးတက်တဲ့နိုင်ငံစံနှုန်းမရောက်တောင်မှနိုင်ငံတော်ရဲ့အရင်းအမြစ်တွေကိုအာဏာရှင်လူတစ်စုရဲ့အသုံးချခံမဖြစ်စေချင်လို့ပါ။ကိုယ့်နိုင်ငံသားအများစုဆင်းရဲနွမ်းပါးနေချိန်မှာစိတ်ချမ်းသာဖို့တောင်မဆောင်ရွက်ပေးနိုင်သောအစိုးရဟာဘယ်မှာအသုံးဝင်သလဲဟုစဉ်းစားမိကြောင်းပါ။

  1. Anonymous said... :

    ကြံ့ဖွတ်နဲ့  အစိုးရ အတူတူပဲ။

  1. Anonymous said... :

    ဟီးး... ဒီကောင်တွေ တစ်ရက်တစ်မျိုးမရိုးလေအောင် ဟာသတွေလုပ်တတ်တယ်.. ဇတ်ကတ်အဖွဲ့ လူထွက်တွေနဲ့ လာတိုးနေသလားမှတ်ရတယ်...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved