သမ္မတရဲ့မြစ်ဆုံဆုံးဖြတ်ချက် ဒေါ်အောင်ဆန်းစုကြည် ကြိုဆို

Friday, September 30, 2011


.....






ရန်ကုန်မှာ ဒီနေ့ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ကြည်
(ဓာတ်ပုံ - 7Day News ဂျာနယ်)

သမ္မတဦးသိန်းစိန်က မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းထားမယ်လို့ လွှတ်တော်ကို သဝဏ်လွှာပို့ ပြောကြားတာကို ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပါတယ်။

ဒီန့ နေ့လယ် အလုပ်သမားရေးရာဝန်ကြီး ဦးအောင်ကြည်နဲ့ ရန်ကုန် စိမ်းလဲ့ကန်သာ ရိပ်သာမှာ တွေ့ဆုံစဉ်က ပြောဆိုလိုက်တာပါ။

ဒီနေ့ ဦးအောင်ကြည် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆွေးနွေးမှုမှာ
ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေး အပါအ၀င် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ထာဝရငြိမ်းချမ်းရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆိုတဲ့ အကြောင်းအရာတွေကို အကျယ်တ၀င့် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


.....

4 comments :

  1. ပြည်သူ said... :

    အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့နစ်ယောက် ပြည်သူတွေကို ဟန်ပြ၀ါဒဖြန့်ဘို့အတွက် တွေဆုံဆွေးနွေးပြတာ မပြီးနိုင်တော့ဘူးလား အောင်ဆန်းစုကြည်တွေယင် သမတ သိန်းစိန်နဲ့တွေပါလား.. ဦးအောင်ကြည်က တွေ့ဆုံဆွေနွေးပြီး ဘာတွေဆုံးဖြတ်ချက်ချနိုင်လို့လဲ လေကုန်ရုံသာလွဲပြီး ဘာမှအကျိုးမရှိပါဘူး...ဒီလို့ဟန်ပြလုပ်ပြီးနစ်နှစ်တောင်ပြည့်တော့မယ်..ဘာမှရေရေလည်လည်အကျိုးဖြစ်ထွန်းတာ ဘာမှမတွေ့ရဘူး...နစ်ပေါင်းဘယ်လောက်အထိ ဟန်ပြတွေ့ဆုံဆွေးနွေးပြမလဲ မသိဘူးနော်...ပြည်သူအကျိုးကို တကယ်လို့လားပြီး ဆွေးနွေးမယ်ဆိုယင် တစ်ပတ် သိုမဟုတ် တစ်လ အတွင်း ဆွေးနွေးလို့ပြီးတယ်... အဲဒီလောက်အထိကြာစရာမလိုပါဘူး...ပြည်သူတွေ လိမ်ညာဝါဒဖြန့်အတွက်ဟန်ပြ ပြီး အချိန်တွေအများကြီးဆွဲထားတာပါ.. ဘာမှလည်းမဟုတ်ဘူး

  1. Anonymous said... :

    "ပြည်သူ" ဆိုတဲ့နမ်စားသုံးပြီး ပြည်သူလူထုလေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အစိုးရကိုယ်စားလှယ် ဦးအောင်ကြည် တို့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်တာကို တိုးတက်မှုမရှိပါဘူး၊ အချိန်ကုန်ဟန်ပြဆွေးနွေးမှုပါ စသဖြင့် ဝေဖန်တဲ့ ပုဂ္ဂိုလ်ကြီးကို မေးပါရစေ !!!!
    ၁/ လူကြီမင်းရဲ့ နိုင်ငံရေးအသိအမြင်၊ ဗဟုသုတ(လူသူလေးပါးရှေ့မှာ ဖတ်မှတ်ထားသမျှကို ကြက်တူရွေး စာအံပြန်ပြောတာလောက် မဆိုလိုပါ) ဘယ်လောက်ရှိပါသလဲ ?
    ၂/ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုလှေကားထစ်တွေကို ခုန်ကျော်ပျံလွှား ကလေးကစားသလိုများ လှုပ်ရှားသွားလာလို့ရတယ်များ လူကြီးမင်းထင်ပါသလား ?
    ၃/ နောက်ဆုံးမေးချင်တာကတော့ "ပြည်သူ" ဆိုတဲ့ ဝိသေသကို ကိုယ့်ဘာသာပေးတဲ့ ပုဂ္ဂိုလ်ကြီးမှာ ပြည်သူတွေအတွက် ဘာတွေကို ဘယ်လောက်အနစ်နာခံဘူးပါသလဲ ?
    လွန်တာရှိလျှင် ဝန္နာမိပါခင်များ

    အကောင်းမြင်ဝါဒရှိစေချင်သူ

  1. Anonymous said... :

    ပြည်သူ ဆိုတဲ့သူ....ပြည်သူတွေထဲကပြည်သူတစ်ယောက်လို့မြင်ပါတယ်။ ခင်ဗျားမြင်သလို ဟန်ပြ၀ါဒဖြန့်လို့မြင်တဲ့ ပြည်သူအချိုးအစားနဲ့ ကောင်းမွန်တဲ့အလားအလာတွေအတွက် တွေ့ဆုံဆွေးနွေးမှုတွေလို့မြင်တဲ့ ပြည်သူအချိုးအစားဘယ်ဟာပိုများမလည်းစိတ်ဝင်စားပါတယ်။
    ကျွန်တော့်ရဲ့ကိုယ်ပိုင်အမြင်ကိုပြောပါမယ်။ လူများစုကိုကိုယ်စားပြုတယ်လို့မဆိုလိုပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ခုကြံ့ဖွတ်အစိုးရ သဘောထားခြင်းမတိုက်ဆိုင်တာတွေခဏထားပြီး စိတ်သဘောထားချင်းတူတဲ့ကိတ်စတွေကိုပူးပေါင်းဆောင်ရွက်မယ် ဆိုတဲ့ကြွေးကြော်သံနဲ့တွေ့ဆုံဆွေးနွေးနေကြတာဟာကောင်းတဲ့ဖြစ်စဉ်တွေလို့မြင်ပါတယ်။ အဲ့ဒီလိုပဲ စစ်အစိုးရတစ်ဖြစ်လဲ ကြံ့ဖွတ်အစိုးရအပေါ်မှာ အခါခါခံထားဖူးကြပြီးပြီမို့ သံသယကြီးမားနေပြီး အယုံအကြည်မရှိတဲ့အမြင်ကိုလည်း နားလည်ပေးပါတယ်။ ဒါပေမယ့်လို့ သံသယကြီးတဲ့အဖွဲ့တွေ အယုံအကြည်မရှိတဲ့အဖွဲ့တွေဟာ အဲ့ဒီသံသယတွေ အယုံမကြည်ရှိမှုတွေကို အစိုးရအပေါ်မှာပဲထားပြီးတော့ လက်ရှိဖြစ်စဉ်တွေကိုအကောင်းမြင်နေတဲ့သူတွေကို မတိုက်ခိုက်သင့်ဘူးထင်ပါတယ်။ ကျွန်တော်တို့အားလုံးသွားချင်နေတာ ပြည်သူ့အာဏာဟာအစိုးရပေါ်သက်ရောက်ရေးပဲမဟုတ်လား။ ဘာလို့ အချင်းချင်းတိုက်ခိုက်နေမှာလည်း။ အစိုးရကိုဖိအားပေးတဲ့သူကပေးမယ်။ ကောင်းတဲ့ဆောင်ရွက်မှုတွေအတွက်အမှတ်ပေးတဲ့သူကပေးမယ်။ လူတိုင်းဗျာ ကောင်းတာလုပ်လို့ချီးကြူးခံရရင်လုပ်ရတာပိုအားရှိတယ်။ ထပ်ထပ်ပြီးအချီးမွန်းခံရအောင် ကောင်းတာတွေထပ်ထပ်လုပ်မယ်။ အဲ့ဒီလိုပဲ မြစ်ဆုံကိတ်စရပ်တန့်လိုက်သလိုမျိုး ကောင်းတဲ့ဆောင်ရွက်ချက်တွေမှာ ကြိုဆိုရမှာပဲ အားပေးရမှာပဲ။ မဟုတ်ရင် ကောင်းတာလုပ်လည်း ဆဲခံရ ဆိုးတာလုပ်လည်းဆဲခံရဆို သိပ်မနှိပ်ဘူး။ အဲ့ဒီတော့ အမှတ်ပေးတဲ့အဖွဲ့က တစ်မှတ်ချင်းတိုးပေးပြီး မော်တီဗိတ်လုပ်ပေးရမှာဖြစ်သလို သံသယရှိနေသေးသူများကလည်း လူလည်ကျလို့မရအောင်မော်နီတာလုပ်ပေးနေရမှာဖြစ်ပါတယ်။ အချင်းချင်းမတိုက်ခိုက်ကြပါနဲ့တော့။

  1. Anonymous said... :

    တတိယမြောက် မှတ်ချက်ရေးပေးသူအား ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော်သည် ပထမဆုံး ဝေဖန်မှတ်ချက်ပေးသော "ပြည်သူ" အမည်ခံ ပုဂ္ဂိုလ်အား ဂိုဏ်းဂဏစွဲ ပုဂ္ဂိုလ်ရေး မလိုမုန်းထားမှုနှင့် ပွဲဆူရုံသက်သက် အချင်းချင်း တိုက်ခိုက်ပြောဆိုခြင်း မပြုလုပ်ရိုး အမှန်ပါ။ခေတ်သစ်နိုင်ငံရေးသည် အထူးသဖြင့် နူးညံ့သိမ်မွေ့စွာ ကိုင်တွယ်ဖြေရှင်းရမည့် သံခင်း၊ တမန်ခင်းဆန်ဆန် ပါရာဒိုင်း၊ ကမ္ဘာ့ပေါ်တွင် အခြားသောနိုင်ငံများနှင့်မတူ၊ တစ်မူထူးခြားစွာ လိုက်ပါစီးမျှောရင်း လုပ်ကိုင်ရမည့် နိုင်ငံရေး လှိုင်းအသစ်ဖြစ်သောကြောင့် စိတ်ရှည်သည်းခံ လိမ္မာပါးနပ်စွာ ရည်မှန်းချက် ပန်းတိုင်အရောက် လျှောက်လှမ်းရမည်ဟု ယုံကြည်မိပါသည်။ အချိန်ကာလရှည်ကြာစွာ သည်းခံစောင့်ဆိုင်းပြီးမှတော့၊ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်တွေကို "ဇ" အကြီးကြီးရှိခဲ့ရင်တောင် လောလောဆယ် သိမ်းထားလိုက်ပါတော့ ရဲဘော်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved