မြန်မာပြည်နဲ့  မယ်စကြာဝဠာ

Sunday, September 18, 2011

.....




ဒီနှစ် မယ်စကြာဝဠာ ပြိုင်ပွဲမှာ ဗိုလ်စွဲသွားသူက အာဖရိကသူလေး ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၈၀ ကျော်က အချောဆုံး အလှဆုံး ဥာဏ်အထက်ဆုံး သမီးပျိုတွေထဲမှာမှ သူ နိုင်သွားတာပါ။
တကယ်လို့များ မြန်မာပြည်က ၀င်ပြိုင်မယ် ဆိုရင် ရနိုင်ချေ ရှိတာပေါ့။ ဘယ်ပြောနိုင်မလဲလေ။
ညခင်းဝတ်စုံ ဆိုပြီး လုံလုံခြုံခြုံ ၀တ်ပြရတာမျိုး ရှိသလို ရေကူးဝတ်စုံ လက်တ၀ါးသာသာ ၀တ်ပြရတာလည်း ရှိတယ်။

ဒီတော့ မယ်စကြာဝဠာ ပြိုင်ပွဲကို မြန်မာပြည်က ၀င်သင့်သလားလို့ တချို့ကို မေးကြည့်တော့ ၀င်လိုက်စမ်းပါကွာလို့ ဖြေကြပါတယ်။


မယ်စကြာဝဠာ ပြိုင်ပွဲကို မြန်မာပြည် ၀င်ပြိုင်သင့်ပါတယ်။
ရေကူးဝတ်စုံ ဆိုတာက အားကစားဝတ်စုံတခုပါပဲ။

 
ဘလော်ဂါ ခင်မင်းဇော်

http://khinminzaw.blogspot.com/

ခန္ဓာကိုယ်အချိုးအဆက်စံချိန်မီဖို့နဲ့ အင်္ဂလိပ်လိုကောင်းကောင်းဖြေနိုင် ပြောနိုင်ဖို့ပဲလိုတာပါ။
ယဉ်ကျေးမှုကို မထိခိုက်ပါဘူး။

ဦးခင်မောင်ထွေး (ထွေးဦးမြန်မာ)
http://htweoomyanmar.com/


တကိုယ်လုံးကြွလို့ မူယာကကြွယ်၊ မြောက်ကျွန်းအလှနဲ့ ပြိုင်ချင်စမ်းတယ်။
တကယ်မဖယ် ဒင့်စိတ်ထဲဝယ် မြင်ချင်ပါရဲ့ကွယ် ။

ဘလော်ဂါ မင်းဒင်
http://www.mindin.info/

မယ်စကြာဝဠာ ပြိုင်ပွဲ မြန်မာဝင်နွှဲမှဖြစ်မယ်။
အစိုးရလည်းကြိုက်၊ ရိုးရာလည်းထိမ်းပြီးသားဖြစ်အောင် ချိတ်ထမီအစကို ရေကူးဝတ်စုံ ချုပ်ဝတ်ပါ။
ဒီမိုကရေစီနဲ့ ဘီကီနီ ဆိုတာလည်း ခွဲခြားလို့ မရပါ။

ဘလော်ဂါ ပြည်ပရောက်တောအုပ်
http://blueskyforest.blogspot.com/

မယ်စကြာဝဠာ ပြိုင်ပွဲကို မြန်မာပြည်က၀င်နိုင်တဲ့ အဆင့်မှီပါတယ်။
ရေကူးဝတ်စုံ လက်တစ်ဝါးစာလောက်ကတော့ အေးဆေး ပြိုင်ကြလိမ့်မယ်။
မပူပါနဲ့။ မယုံရင် မောင်စေတန်ဘလော့ဂ်မှာ သွားကြည့်ပါလား။ အဆင့်ကိုမှီနေတာပဲ။

ဘလော်ဂါ ဥက္ကာကိုကို
http://www.oakkarkoko.com/

တခြားအားကစားတွေလိုမျိုး စစ်တပ်က ဒါမှမဟုတ် အစိုးရက ကန့်လန့်ကန့်လန့်နဲ့ ၀င်မပါရင်တော့ ၀င်ပြိုင်သင့်ပါတယ်။

ကာတွန်း ဘီရုမာ
http://beruma.blogspot.com/

ကမ္ဘာမှာ မြန်မာရယ်လို့ ကောင်းသော ဂုဏ်ပြုမှုခံရမယ်ဆိုရင်တော့ မယ်စကြာဝဠာ ပြိုင်ပွဲ ဆိုတာကိုလည်း ၀င်ရောက်နိုင်ရင် အကောင်းဆုံးပဲပေါ့။

 
ဘရဏီ၊ ဒီဗွီဘီ လူငယ့်အသံ

ဝင်သင့်တာပေါ့ဗျာ။
လက်တ၀ါးသာသာဝတ်စုံနဲ့ဆိုရင် မြန်မာမလေးတွေ ဘယ်လောက်ဆွဲဆောင်မှုရှိကြောင်း ကျနော်တို့ချည်း သိနေလို့ ဘယ်ပြီးမလဲဗျ။
ကမ္ဘာကို ရှယ်သင့်ပါတယ်။

ကဗျာဆရာ နှင်းခါးမိုး 
 http://www.nykomme.blogspot.com/


ဝင်သင့်ပါတယ်။
ယဉ်ကျေးမှုဆိုတာ ခေတ်အလိုက် အချိန်အလိုက်ပြောင်းတာပါ။
အပြောင်းအလဲကို လက်မခံနိုင်တာဟာ မှားယွင်းမှု တခုလို့ ထင်ပါတယ်။
တခြားနိုင်ငံတွေမှာလည်း အ၀တ်အစားနဲ့ ပတ်သက်ရင် တချိန်ချိန်တခါခါမှာ မြန်မာတွေ ယူဆ လက်ခံသလို လက်ခံကြပါတယ်။

Ronald အောင်နိုင်၊ စာနယ်ဇင်းသင်တန်းဆရာ 
 http://facebook.com/RonaldAungNaing




.....

23 comments :

  1. Anonymous said... :

    နှာဗူးတွေအတွက်ကတော့အကြိုက်တွေ့ စရာကောင်းတဲ့
    ပြိုင်ပွဲတခုပါ...။ သို့ သော် မြန်မာ့ယဉ်ကျေးမူ့ ကိုထိန်း
    သိမ်းချင်တယ်ဆိုရင်တော့ ကိုယ့်မြန်မာမိန်းကလေးတွေကို
    ဒီလိုမတော်မရော်အ၀တ်အစားတွေဝတ်ပြီး ကိုယ့်ဟာ
    ကိုယ်ဖေါ်မှ ဆုရမယ့်ပြိုင်ပွဲမျိုးကို ၀င်မပြိုင်သင့်ပါဘူး။
    လူကြီးမင်းတို့ တွေမှာ သားသမီးတွေရှိမှာပါနော်...
    ကိုယ့်သမီးဟာကိုယ်ပြန်ကြည့်ရင်ဘယ့်နှယ့်နေမလဲ...??

  1. Anonymous said... :

    Hi Anonymous,

    Please don't be too conservatives. Open you mind. By wearing swimming suits doesn't mean that wearing nude on public place. In fact, wearing Myanmar cultural dress and kept women for someone should be ashamed for.

    Regards

  1. Bo Bo said... :

    မယ်စကြာဝဠာ ပြိုင်ပွဲကို မြန်မာပြည်က ၀င်မပြိုင်သင့်ပါဘူး။

    ယဉ်ကျေးမှုကို မထိခိုက်ပါဘူး ဆိုတာ မမှန်ပါ။

  1. Anonymous said... :

    နှာဗူးတာလဲ ဗူးတာပေါ့ဗျာ ... ဒါပေမယ့် ဗမာလူမျိုး (တိုင်းရင်းသားအားလုံး) တွေရဲ့အမြင် သဘောထားတွေဟာ ယဉ်ကျေးမှု .. ယဉ်ကျေးမှုနဲ့ တိုးတက်တဲ့လမ်းကို ပိတ်နေတယ်လို့ မြင်ပါတယ် ...။ တခါတခါ အစွန်းရောက်လွန်းတာတွေက မကောင်းပါဘူး။ မြင်တတ်ပါစေဗျာ ...။

  1. Anonymous said... :

    အပေါ်ကလူရေ.....ဘုန်းကြီးတွေကိုသေနတ်နဲ့ပစ်သတ်တာ မြန်မာယဉ်ကျေးမှုလား..မြန်မာ အထက်တန်းလွှာ လင်တွေ အပြိုင်ယူကြတာကိုမြန်မာ.ယဉ်ကျေးမှုလို့ခေါ်လာ..
    .ဒီတကမ္ဘာလုံးကပြိုင်နေတာကို ကျတော့ယဉ်ကျေးမှုမရှိဘူးတဲ့..
    မင်းညီမကို အယင်မေးအုံး ယဉ်ကျေးလားလို့

  1. Anonymous said... :

    အင်တာနက်ပေါ်မှာမြန်မာမတွေ ရေကူးဝတ်စုံတောင်မပါတဲ့ပြိုင်ပွဲတွေ အများကြီးပါဘဲ

  1. Anonymous said... :

    နှဗူးတယ်ဆိုတာ...ခံစားတဲံ့သူနဲ့ ပဲ ဆိုင်မယ်ထင်တယ်.
    မြန်မာပြည်မှာလဲ အရင်က မယ်
    ပြိုင်ပွဲမှာ..ဘောင်းဘီတိုနဲ့ ပြိုင်ပွဲလုပ်ခဲ့ ပါတယ်...အရည်အချင်းပြည့် စုံရင် ပြိုင်သင့် ပါတယ်.

  1. Anonymous said... :

    ယဥ်ကျေးမှုကိုအတိအကျထိန်းသိမ်းချင်တယ်ဆိုရင်
    ြမန်မာအမျိုးသမီးရေကူးအားကစားသမားတွေကို
    ထမီရင်လျားနဲ့ ရေကူးကန်မှာ ရေကူးပြိုင်ဖို့ ညွှန်ကြားသင့်ပါတယ်။
    အမျိုးသမီးများအလှပြိုင်တဲ့နေရာမှာ အများနဲ့တန်းတူ
    ယှဥ်နိုင်ရင် ကောင်းပါမယ်။

  1. Anonymous said... :

    ဒီပြိုင်ပွဲက ယဉ်ကျေးမှုပျက်စေတဲ့ပြိုင်ပွဲမဟုတ်သလို
    တဏှာကိစ္စကို ဦးစားပေးပြိုင်တဲ့ပြိုင်ပွဲမဟုတ်ဘူးး.
    နိုင်ငံပေါင်းစုံက ဂုဏ်ယူစရာ တစ်ခု အနေနဲ့ ပြိုင်နေကြတာပါ..
    မပြိုင်သင့်ဘူးပြောတဲ့သူများ နှာဘူးစိတ်ရှိကြလို့ပဲ..

  1. Anonymous said... :

    မူဆလင် အင်ဒိုနီးရှားတောင် ပြိုင်ခိုင်းသေး။http://www.youtube.com/watch?v=Tn5gmt0Obcs
    ယဉ်ကျေးမှု...ယဉ်ကျေးမှု နဲ့လူကြားကောင်းအောင်ဟစ်။ ပြီး သူတို့ပဲ သူများ သားသမီး အမျိုးကောင်းသမီးလေးတွေကို ခြေတော်တင်

  1. Anonymous said... :
    This comment has been removed by a blog administrator.
  1. Anonymous said... :

    It's a shame that We didn't take part this contest. Every country proudly support their Miss and we don't even have one to support yet, saful. It makes like Myanmar Women are too unqulified to take part in Universe Contest!!

  1. Anonymous said... :

    ပြိုင်သင့်ပါတယ်။ အပေါ်ဆုံးက Anonymous က အဆိုးမြင်ဝါဒီဘဲ။ လက်မခံလည်း ပြေပြေလည်လည် ပြောလို့ရပါတယ်။ နှာဗူးခြင်း၊ မဗူးခြင်းသည် ကြည့်သောသူ၏ စိတ်နှင့်သာ သက်ဆိုင်ပါသည်။

  1. Anonymous said... :

့ိ့်မြန်မာလူမျိုးကယဉ်ကျေးပါတယ်လို့ ဘယ်နိုင်ငံဘယ်လူမျိုးကပြောလို့ လဲလူချင်းတွေ့ ရင်မအေနှမတွေနဲ့ ဆဲဆိုပြောကြတာတွေကလိမ်ကကျစ် ကြတာတွေလား အတွေးအခေါ်အမြင်တွေအပြောအဆိုတွေက စည်းကမ်းစနစ်မရှိတေါ့.........(မဆုံးတေါ့ဘူးအချိန်ကုန်တယ်) မှတ်ချက်၊ ၊ ပုဆိုးဝတ်၊ကွမ်းစားနေတဲ့အကျင့်မပျောက်သမျှဘယ်တေါ့မှကမ်ဘာနဲ့ ယှဉ်ပြောဖို့ မစဉ်းစားနဲ့  ဟာ သတွေမလုပ်ကြနဲ့ 

  1. saiyannoe said... :

    ဝင်ပြိုင်သင့်ပါတယ်။ မြန်မာကနိုင်ငံတကာထက်လှပါတယ်။

  1. Anonymous said... :

    ဝင်ပြိုင်သင့်တယ်။

  1. sskyaw1992 said... :

    Hey guy. Why u insult wearing longgyi and eating khone? Are u Myanmar? Even some famous Sayadaws eat khone and Longgyi is the symbol of our tradition. Even u only call father to the western countries u should not insult myanmar tradition. The rudeness is doing sin or insulting others like u. GIVE RESPECT TO THE CULTURE (lack of disadvantages) OR STOP INSULTING.

  1. Anonymous said... :

    @ one who insult longgyi and khone
    Do not insult the culture. The rudeness is doing sin or insulting with bad opinion. Wearing longgyi and eating khone are not shameful case. It is our culture. Stop insulting our culture. U MUST GIVE RESPECT TO CULTURE.

  1. Ghost said... :

    နှာဗူးလို့ ပြောတဲ့သူက သူကိုယ်တိုင်ကိုကဗူးချင်လို့ နေမှာပါပြိုင်တာကစည်းကမ်း
    နဲ့ လေပြိုင်သင့်ပါတယ်

  1. Anonymous said... :

    ပြိုင်သင့်ပါတယ်....ယဉ်ကျေးမူဆိုတာလူ့စိတ်နဲ့ပိုသက်ဆို်င်
    ပါတယ်
    Judging people you don't know for things you don't understand is just really stupid

  1. တောင်ပေါ်သား said... :

    anonymous ဆိုတဲ့သူ ဘယ်သူဆိုတာတော့ ငါမသိ။ ငါသိတာတစိခုတော့ပြောချင်ပါ့။ ငါတို့နိုင်ငံသူတွေဟာ အရှက်တရားကိုဦးထိပ်ထားကြတာ မျိုးစစ်တဲ့ မိကောင်းဖခင်သားသမီးတွေရဲ့ ဂုဏ်ယူချင်စရာဓလေ့ပါကွာ။ အဲ.....ရှေးယခင်ကတည်းကရှိခဲ့တဲ့ ကြေးစားပြည့်တန်ဆာတွေကတော့ သူတို့ရဲ့စားဝတ်နေရေးအတွက် သူတို့ရဲ့ ရူပါနဲ့ ကိုယ်ကာယကို ပြည့်ပြည့်၀၀ဖေါ်ပြပြီးတော့မှ လုပ်ကိုင်စားသောက်ခဲ့ကြတာပါ။ အဲဒီတော့ ကာ ပြည့်တန်ဆာမျိုးရိုးကနေဆင်းသက်ပေါက်ဖွား လာကြတဲ့သူတွေကတော့ ပေါ်ချင်သလောက်ပေါ် မပေါ်ရင်တောင်ဖေါ်ပြချင်သေးတာပေါ့။ (မြန်မာနိုင်ငံသားများအတွက်သာ) ဆက်လက်ဖေါ်ပြပါမည်။

  1. တောင်ပေါ်သား said... :

    ဒါပေမယ့် ဗမာလူမျိုး (တိုင်းရင်းသားအားလုံး) တွေရဲ့အမြင် သဘောထားတွေဟာ ယဉ်ကျေးမှု .. ယဉ်ကျေးမှုနဲ့ တိုးတက်တဲ့လမ်းကို ပိတ်နေတယ်လို့ မြင်ပါတယ် ...။ လို့ပြောသွားတဲ့သူရေ...... တိုးတက်တယ်ဆိုတာဘာလဲ၊ ဘယ်လိုပေတံနဲ့တိုင်တာမှာလဲ။ ဘယ်လိုအခြေအနေကို တိုးတက်တယ်လို့ပြောမှာလဲ။ ဖြစ်သင့်တာကတော့ နည်းပညာပိုင်ဆိုင်ရာရဲ့ပြောင်းလဲမှုနောက်မှာအမှီလိုက်နိုင်ရုံတင်မကဘဲ နိုင်ငံတကာမှာရှေ့ကနေပြေးနိုင်အောင် ကျိုးစားသင်တယ်။ ၃၅ ပေါ်အောင် ၀တ်စားဆင်ယင်တာကတော့တိုးတက်တာနဲ့ဘာမှမဆိုင်ပါဘူးလို့ပဲထင်တယ်။ ခုနကငါပြောခဲ့သလိုပဲ ၃၅ ပေါ်အောင်ဝတ်ချင်ရင်တော့ ၃၅ ကိုအရင်းပြုပြီး တော့ငွေရှာတဲ့အလုပ်ကိုပဲ လုပ်ကြတာကောင်းပါတယ်။

  1. Anonymous said... :

    ပြီးခဲ့တဲ့သင်္ကြန်မှာရင်သား တစ်ဝက်လောက် ဖော်တာကို ၀ိုင်းပြီး ပြောကြတယ်၊ ဒီလို ကမ္ဘာသိ ဘီကီနီကို အသိုင်းအ၀ိုင်းက လက်ခံတယ်လို့ ယူဆလိုက်ရင် အခုနှစ် မြန်မာ့ရိုးရာသင်္ကြန်မှာ ဘီကီနီနဲ့ မြန်မာကမ်နမ်စတိုင် ကဲကြမှာ မြင်ယောင်သေးတော့တယ်။
    တိုးတက်မှုမှာ ၂ မျိုးရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုပါ။ အတွေးအခေါ်၊ ခံယူချက်၊ အသိအမြင်နဲ့ မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းစတဲ့ စိတ်ပိုင်းဆိုင်ရာ အဆင့်အတန်း မြင့်မားမှုမရှိသေးခင် ရုပ်ပိုင်းဆိုင်ရာ ခေတ်ပြိုင်တိုးတက်မှုကိုပဲ အဟုတ်မှတ်နေကြရင် မြန်မာပြည်မှာ အတွေးအခေါ် အဆင့်အတန်းမမီသေးတဲ့ မိန်းမတွေ လူလယ်ခေါင်တွေမှာ ဘီကီနီနဲ့ လမ်းသလားကြတော့မလားလို့ တွေးမိတယ်။
    လူ့အလွှာတစ်ခုလုံး စိတ်ဓာတ် အဆင့်အတန်း မြင့်မားလာကြပြီးရင် ကျန်တာ ဘာလုပ်လုပ် သူ့ကိစ္စပဲ။ အခုချိန်မှာတော့ သူ့ကိစ္စတစ်ခုတည်း မဟုတ်ဘူး။ သူ့ကို အကြောင်းပြုပြီး ဖြစ်လာမယ့် နောက်ဆက်တွဲတွေ ရှိနေနိုင်ပါတယ်။ ငါတို့လဲ သူ့လိုအောင်မြင်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်ကတော့ ဖြစ်မှာမဟုတ်ဘဲနဲ့။ ဘီကီနီနဲ့ လမ်းသလားတာ ရှက်စရာမှ မဟုတ်တာ ကမ္ဘာသိတောင် မြန်မာက လုပ်ပြနေသေးတာပဲ ငါတို့လဲ ငါတို့အလှအပကို ပုရိသတွေ သရေကျအောင် လုပ်ပြရမယ်လို့ ခံယူကြလိမ့်မယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved