နေပြည်တော်သတင်းစာထုတ်မည်

Tuesday, September 27, 2011

...




ဓာတ်ပုံ - Archibald Alexander Selwyn Holmes
စည်သူ

နေပြည်တော်ကောင်စီကကြီးမှူးကာ နေပြည်တော်သတင်းစာကို ထုတ်ဝေရန် စီစဉ်လျက်ရှိကြောင်း နေပြည်တောာ်စည်ပင်သာယာရေးကော်မတီဝင်တဦး စကားကို ကိုးကားကာ နေပြည်တော်အခြေစိုက် သတင်းထောက်တဦးက ပြောကြားသည်။

““နေပြည်တော်စည်ပင်က ဌာနမှူးတယောက်က နေပြည်တော်သတင်းစာ ထုတ်မယ်ဆိုတဲ့ အကြောင်း ပြောပါတယ်။ အဲဒီအတွက် နေပြည်တော်အခြေစိုက် သတင်းထောက်တွေကို စုစည်းကူညီပေးဖို့လည်း ပြောတာပါ”” ဟု ယင်း သတင်းထောက်က ပြောသည်။

နေပြည်တော်စည်ပင်သတင်းစာကို ရန်ကုန်နှင့် မနလေးစည်ပင်သာယာရေးကော်မတီမှ ထုတ်ဝေသော သတင်းစာများကဲ့သို့ မဟုတ်ပဲ ရောင်စုံဖြင့် ထုတ်ဝေစေရန် နေပြည်တော် မြို့တော်ဝန် ဦးသိန်းညွန့် လိုလားလျက်ရှိသည်ဟု သိရသည်။

ထုတ်ဝေရာတွင် စာမျက်နှာ ၁၆ မျက်နှာ အနည်းဆုံးထုတ်ဝေဖြန့်ချိသွားမည်ဖြစ်သော်လည်း မည့်သည့်နေ့တွင် စတင်မည်ဆိုသည်ကိုမူ နေပြည်တော်ကောင်စီက ပြောကြား ထားခြင်းမရှိသေးကြောင်း ယင်းသတင်းထောက်က ပြောသည်။

အထူးသဖြင့် နေပြည်တော်ရှိ အပန်းဖြေနေရာများ၊ တည်ဆောက်ရေးများစသည့် ဖွံ့ဖြိုးတိုးတက်မှုများ၊ နေပြည်တော်ကောင်စီဝင်များ လှည့်လည်စစ်ဆေးမှုများစသည့် အကြောင်းအရာများများပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းနှင့် ပတ်သတ်ကာ နေပြည်တော်စည်ပင်မှတာဝန်ရှိသူတဦးကို ဖုန်းဆက်မေးမြန်းခဲ့သော်လည်း ယင်းအနေဖြင့် သတင်းစာထုတ်ဝေမှုနှင့်ပတ်သတ်ကာ ပြောပိုင်ခွင့်မရှိကြောင်း ပြောသည်။

““နေပြည်တော်သတင်းစာထုတ်မယ်ဆိုတာက နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလွင် လက်ထက်ကတည်းက ထုတ်ဖို့ပြင်နေတာပါ””ဟု နေပြည်တော်ရှိ သတင်းသမားတဦးက ပြောသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved