မြစ်ဆုံစီမံကိန်း ရပ်မည် မဟုတ်
Monday, September 12, 2011
မြန်မာနိုင်ငံမှာ သူ့လောက် ဘယ်သူမှ မသိဘူးဆိုတဲ့ လျှပ်စစ်ဝန် ဦးဇော်မင်း (ဓာတ်ပုံ - EMG)
ဘယ်သူတွေ ဘာပြောပြော ဧရာဝတီမြစ်ဆုံ စီမံကိန်းကိုတော့ ဆက်လုပ်မှာပဲလို့ ကန့်ကွက်နေတဲ့ ပညာရှင်တွေနဲ့ အနုပညာရှင်တွေကိုမှ အားမနာဘဲ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက အစိုးရကိုယ်စား ထုတ်ဖော်ပြောဆိုလိုက်ပါပြီ။ စက်တင်ဘာ ၁၀ ရက်နေ့က နေပြည်တော်မှာ သတင်းထောက်တွေကို ပြောတာပါ။ (မူရင်း Source - Eleven Media Group)
Eleven Media Group ရဲ့ သတင်းမှာ “အခု တစ်လလောက်အတွင်းမှာ ဖြစ်နေတဲ့ ဧရာဝတီရောဂါနဲ့ အမီလိုက်နေသူများရဲ့ မေးခွန်းတွေနဲ့ ကာတွန်းတွေ၊ အခု ဧရာဝတီမြစ်ဆုံစီမံကိန်း ဆက်လက် လုပ်ဆောင်ဖို့ ရှိပါသလား၊ ဘယ်အဆင့်ရောက်နေပြီလဲလို့ မေးပါတယ်။ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်ပါမယ်။ ကျွန်တော်တို့ ဘယ်တော့မှ နောက်မဆုတ်ပါဘူး။ ဘယ်အဆင့်ထိ ရောက်နေပြီလဲဆိုတော့ အခုချိန်မှာတော့ ကျွန်တော်တို့က အကြိုအင်ဂျင်နီယာ လုပ်ငန်းတွေဖြစ်တဲ့ စီမံကိန်းတည်ဆောက်မယ့် ဧရိယာကို ရှင်းလင်းခြင်းလုပ်ငန်းတွေ၊ စီမံကိန်းဧရိယာထဲမှာ ရှိတဲ့လူတွေကို ပြန်လည်နေရာချထားတဲ့ လုပ်ငန်းတွေ၊ နောက်တစ်ခါ လုပ်ဆောင်စရာရှိတဲ့ စီမံကိန်းနဲ့ပတ်သက်တဲ့ အင်ဂျင်နီယာလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါတယ် ...... ဒီလုပ်ငန်းကို ကျွန်တော်တို့ စလုပ်တဲ့ အချိန်ကစပြီးတော့ ရှစ်နှစ်အတွင်းမှာ အပြီးလုပ်မှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ နောက်မဆုတ်ပါဘူး။ အဲဒီတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ကန့်ကွက်နေလို့ နောက်ဆုတ်မှာလားလို့ မေးခွန်းတခု မေးပါတယ်။ နောက်မဆုတ်ပါဘူး။ ဆက်လုပ်မှာဖြစ်ပါတယ်” လို့ ဦးဇော်မင်းက ပြောကြောင်း ရေးထားပါတယ်။
ဦးဇော်မင်းရဲ့ ပြောဆိုချက်မှာ ဘီလူးချောင်း၊ ပေါင်းလောင်းချောင်းနဲ့ ဒုဋ္ဌဝတီမြစ်တွေကို ကိုးကားပြီး ပြောသွားပါတယ်။ အဲဒီချောင်းတွေလည်း ရေအားလျှပ်စစ်လုပ်ငန်းတွေ လုပ်ထားတာပဲ၊ ဘယ်မှ မြစ်တွေ ပျက်စီးသလဲ ပေါ့။
မြစ်ဆုံစီမံကိန်း အကဲဖြတ်လေ့လာရေး အစီရင်ခံစာ ပေါက်ကြားတာကိုလည်း ပြစ်တင်ပြောဆိုသွားပါတယ်။ သူတို့က BANCA ကို ပိုက်ဆံပေးငှားပြီး လုပ်ခိုင်းတာ၊ အစီရင်ခံစာကို သူတို့ကိုပဲ ပေးရမယ်၊ လျှို့ဝှက်ရမယ်လို့ ထည့်ပြောသွားပါတယ်။
ပြီးတော့ ဒီလိုလည်း ကိုယ်ရည်သွေးတီးလုံး တီးပြီး ဝန်ခံသွားပါတယ်။
“သေချာမသိဘဲနဲ့ ဟိုပြောဒီပြောဆိုရင်တော့ မကောင်းဘူးပေါ့လေ။ ကျွန်တော်တို့ ဒါလေးကို သိအောင်ဆိုပြီးတော့ ပြီးခဲ့တဲ့လ ၉ ရက်နေ့က ဆောင်းပါးလေးတစ်ပုဒ် ရေးပြီးတော့ သတင်းစာမှာ ထည့်ခိုင်းလိုက်တယ်။ ဒီဆောင်းပါးကို ကျွန်တော်ပဲ တည်းဖြတ်ပြီး ကျွန်တော်ပဲရေးပြီး ကျွန်တော်ပဲ ထည့်ခိုင်းလိုက်တာ။ ဒါပေမယ့် ဆောင်းပါးပြီးတဲ့နောက် သိပ်ရက်မကြာဘူး သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ သတင်းစာရှင်းလင်းပွဲမလုပ်ခင်မှာ ဂျာနယ်တစ်စောင်က ဘာရေးလဲဆိုတော့ ဒီဆောင်းပါးရေးတဲ့ကောင် ဘယ်လောက်တတ်လို့လဲ၊ ဒီကောင်က ဘာအဆင့်ရှိလဲဆိုတော့၊ ကျွန်တော် မပြောတော့ဘူး။ ညွှန်ချုပ် မင်းရေးတယ်ပြောလိုက်၊ ငါရေးတယ်မပြောနဲ့။ ငါ့ထက်ပိုပြီးတော့ သိနိုင်တဲ့လူ မရှိတော့ဘူး။ မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျွန်တော့်ထက် ပိုပြီးတော့ အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး။ ဒါကြောင့်မို့ မင်းပဲရေးတယ်ပြောလိုက်၊ ငါရေးတယ်ဆိုလို့ရှိရင် မကောင်းဘူးဖြစ်သွားမယ်။ အမှန်ကတော့ ကျွန်တော်ပဲ ရေးလိုက်တာ”
28 comments :
  1. ကေကေအို said... :
    ငါ့ထက်ပိုပြီး သိနိုင်တဲ့သူ မရှိတော့ဘူး တဲ့လား လျှပ်စစ်ဝန်လေး ကိုဇော်မင်းရယ်။ ဧရာဝတီရောဂါနဲ့ အမီလိုက်နေသူများတဲ့၊ ပြောတတ်လိုက်တာနော်။ ပုံကြီးမချဲ့နဲ့နော်။ လျှပ်စစ်ဝန်လေး ဓါတ်လိုက်နေဦးမယ်။
  1. မောင်ကောင်း said... :
    ကဲ ကဲ တဖက်ကတော့ ပြောပြီ "မရပ်ပါဘူး" တဲ့ဗျ - ကိုင်း ဒီဖက်က ဘာတွေများဆက်လုပ်ကြရင်ကောင်းမတုန်းဗျ "ရပ်သွားအောင် ရပ်သွားအောင်" :)
  1. မောင်ကောင်း said... :
    ပြောစရာလေးတခု ထပ်ကျန်သွားလို့ဗျိုး ... ကိုယ့်တိုင်းကိုယ့်ပြည်ထဲက ဧရာဝတီမြစ်ကြီး မြစ်ဆုံမှာရေကာတာဆောက်တာကို ကန့်ကွက်ကြ၊ သဘောမတူကြတာကိုလဲ ပြည်ပကိုအကူအညီတောင်းနေ ပြန်ရင်လဲမကောင်းဘူးဗျိုး ထစ်ခနဲရှိ ပြည်ပ ထစ်ခနဲရှိပြည်ပ ဆိုတော့ ဗိုလ်ချွတ်တွေ ပြောလဲပြောစရာပဲ ဒီဧရာဝတီကိစ္စလောက်တော့ ပြည်တွင်းမှာတင် ပြည်သူ့ အင်အားနဲ့ဖြစ်အောင်လေး ကန့်ကွက်လိုက်ကြရင် ကောင်းမလားလို့ မောင်ကောင်းအမြင်လေး တင်ပြပါပါတယ်ဗျိုး။ လျှာရှည်တယ်လို့မထင်ပါနဲ့ဗျာ၊ ဆတ်ခနဲပေါ် ဖျတ်ခနဲလုပ်ဆိုသည့်အတိုင်း စိတ်ကူးအတွေးထဲပေါ်လို့ ထပ်ဖြည့်ရေးလိုက်တာပါခင်ဗျ။
  1. Anonymous said... :
    ဒီဘက်ကတော့ . . . ပြည်ပရောက်အတိုက်အခံများမှ သံရုံးများရှေ့တွင် ဆန္ဒပြပါမည်။ အဖွဲ့အစည်းများမှ အစည်းအဝေးပွဲများလုပ်ပါမည်။ မီဒီယာများမှ ဆန့်ကျင်ကြောင်း ကန့်ကွက်ကြောင်း ၀ိုင်းဝန်းရေးသားပါမည်။ တစ်ချို့တစ်ချို့သော နိုင်ငံများမှ ဒီစီမံကိန်းအား မလုပ်သင့်ကြောင်း ပြောကြားပါမည်။ တစ်ချို့တစ်ချို့သော အာချောင်သူများက ဗုံးခွဲမည်၊ လုပ်ကြံမည် အော်ပါမည်။ ထို့နောက် . . . . . . . မြစ်ဆုံရေအားလျှပ်စစ်စက်ရုံ ဖွင့်ပွဲအကြောင်း သတင်းစာထဲပါလာပါမည်။
  1. aa said... :
    ခွေးရူးသရမ်းကြီးလွတ်နေပြီ၊
    သတ်ကြပါဟ၊very dangerous!
  1. diamond said... :
    ငါသည်ခွေးသူခိုးတကာတို့တွင်အတော်ဆုံးဖြစ်သည်
    ငါသည်ခွေးဓမြတကာတို့တွင်တိုက်ခိုက်ခိုးဆိုး
    လုယက်ရာတွင်အတော်ဆုံးဖြစ်၏။
    ငါသည်ခွေးဝဲစာတို့တွင်အသာဆုံးဖြစ်သည်။
    ငါသည်ခွေးရူးအားလုံးတို့တွင်အရူးဆုံးဖြစ်၏။
  1. Anonymous said... :
    ဒင်း တို့ ကတော့ ပြောမှာပဲ။ တရုပ် ဆီက ဘယ်လောက် ရထား သလဲဆိုတာ ဒင်းတို့ အသိဆုံး။ တရုပ် ကို ကျေးဇူး ဆပ်ဘို့ က ဧရာဝတီကို လည်ပင်းညစ်ပြီး အပြီးရောင်းစားတဲ့ သမိုင်း ဒင်းတို့ ရေးတာပါ။ သန်းရွှေ အားရ ကျွန်ပါးဝ ဆိုတဲ့ စစ်ဘိုတွေ သူ့ သားစဉ် မြေးဆက် သိစေရမယ်။
  1. Shanghtin said... :
    just wait til almost finish! magic show wil begin ! that project wil be blow away..
  1. Anonymous said... :
    တိုင်းပြည် ကိုငါလည်းဖျက် မယ် တဲ့၊လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက ရှစ်နှစ်အတွင်းမှာ အပြီးလုပ်မှာတဲ့။ဒီလို ဘယ်သူသေသေ ငါမသေပြီး ဆိုတဲ့ အာဏာရူးတွေကြောင့်နောက်မျိုးဆက်ကတော့ဘ၀ပျက်ဖို့တာပြင်ပေးတော့၊ဝန်ကြီး မင်းမျိုးဆက်ပါဘသပျက်မယ်ဆိုတာမင်းနားလည်ပုံမ၇ပါလား။
  1. ဧရာဝတီချစ်သူ said... :
    မင်းလောက်သိတဲ့သူမရှိဘူးဆိုရင် မင်းတာဝန်ယူမလား။ နောက်ပြီးတော့ မင်းကတရုတ်ရဲ့ကျွန်လား။ မင်းကသေနတ်ပဲပစ်တတ်တာပါကွာ မင်းတို့စစ်သားတွေ။ မင်းအဖေတွေပြောသွားတာမင်းတို့သိပါတယ်။ တိုင်းပြည်နဲ့အစိုးရဆိုတာ ကျွန်းပင်ကြီးက ကိုင်းကိုမီ၊ကိုင်းပင်ကြီးက ကျွန်းပင်ကြီးကိုမီသကဲ့ ကိုင်းကျွန်းမီ ကျွန်းကိုင်းမီတဲ့၊
    နောက်တစ်ခု-သင်္ဘောဆိပ်မှာ သင်္ဘောတွေမတွက်ဘဲ ရပ်ထားတာကို မင်းတို့တွေ့တော့ဘာလို့မတွက်တာလဲဒီသင်္ဘောတွေကလို့မင်းတို့စစ်ဝန်ကြီးကမေးတယ်လေ၊အဲဒါကို တာဝန်ခံလူက weatherမကောင်းလို့ပြန်ဖြေတာကို မင်းတို့ စစ်ဝန်ကြီးက အဲဒါမကောင်းရင် နိုင်ငံခြားကိုမှာပြီးပြီတော့တပ်ခိုင်လေတဲ့။
    အခုသမ္မတလဲဘာထူးလဲ သဘက်ခါကို Two tomorrow လို့ပြောခဲ့တာ ကမ္ဘာကျော်တယ်နော်။ နောက်တစ်ခုကတော့ အတွင်းရေးမှုး (၃) ဖြစ်သွားတဲ့ဝင်းမြင့်ပဲ အတွင်းရေးမှုး(2) me too လို့ပြောတာကို သူ့အလှည့်အကျတော့ me threeလို့ဖြေလိုက်တာလေ ကမ္ဘာကျော်တယ်နော်။ မင်းလဲ ဘာထူးမှာလဲ စစ်သားပဲ သေနတ်ပဲပစ်တတ်ပါကွာ။ မင်းလောက်ကတော့ ရပ်ကွက်ထဲကမီးပြင်သမားတောင်မင်းထက်တတ်ပါတယ်။မင်းမယုံရင်စမ်းကြည့်လိုက်ဦးနော်။ မင်းစာရေးထားတာလဲကြည့်ဦးနော် မြန်မာစာမင်းမတတ်ပါဘူးကွာ။
  1. Anonymous said... :
    စားလေးမတောက်တခေါက်ရေးပြီး ...သတင်းစာကလဲ အာဏာရှိတဲ့သူ ရေးတယ်ဆိုတော့.. ဘာမှ မပြောရဲဘဲ ထည့်လိုက်တာကို ..အဟုတ်မှတ်ပြီး.. ငါတကော ကောတာဟာ သိပ်ဟုတ်နေတယ်ပေါ့... အထက်က ကိုကေ ပြောသလို ဖင်ခေါင်းကို ဓာတ်လိုက်မှဖြင့် ဟုတ်ပေ့ ဖြစ်နေဦးမယ်....အထက်ကိုဖား အောက်ကိုဖိ လုပ်ပြီးနေရာရလာထာကို အဟုတ်မှတ်နေတယ်။ခင်ဗျားက တကယ်သိတကယ်တတ်ရင် လက်ရှိအစိုးကျွန်လုပ်လုပ်မနေဘူး..ဘာမှမသိမတတ်လို့ဝင်လုပ်တာ..တောင်ပြောမြောက်ပြော လုပ်မနေနဲ့.. ဒီမိုကရေစီစစ်စစ်ရရင် ခင်ဗျားလိုလူ မိန်လာကျင်းကျုံးအလုပ်သမားတောင်မခန့်ဘူး...ပလက်ဖောင်းခေါင်းအုံး ဓာတ်တိုင်သေးပန်း လမ်းဘေးအမိုက်လိုက်ကောက်ပေတော့....
  1. Anonymous said... :
    what is the stupid!! U r selfish.F**K U
  1. Anonymous said... :
    ဒေါက်တာဇော်မင်းPh.d (Hydropower)ဟဲဟဲငါ့ထက်တော်တဲ့လူတောင် ငါလောက်မသိဘူး။ငါမှငါဘဲ။
  1. oh my god .he is so mad. i think he take so money or car.the public waiting for him.they always cause him.
  1. တောသား said... :
    အင်း ဗိုလ်ပြုတ်တယောက်တော့ ခေါင်းထိုးပြီး ကိုယ့်ကိုယ်ကို အကျွေးခံလိုက်ပြန်ပြီ...
    အဲဒါမှ သူ့ရဲ့လက်ရှိနေရာလေးမြဲရမှာကို...
    သူ့ရဲ့ လက်တဆုပ်စာ လူနည်းစု အမျိုးတစု ကောင်းစားဖို့ အတွက်... ဘာကိုမှ ဂရုမစိုက်တော့ဘူး...
    ဘယ်သူသေသေ ငတေမာပြီးရောပေါ့...
    ဗမာပြည်သူလူထုကြီးရဲ့ ကံကြမ္မာနဲ့ ဘ၀တွေအတွက် ရင်လေး ၀မ်းနည်းစရာပဲ...
  1. anymorous said... :
    မိုးကောင်းတုန်းမှာရွာထားကြပေါ့ကွာ....မင်းတို့
    အလှည့်ရောက်မှ မိုးကြိုး ကို အစုလိုက်အပြုံလိုက်ပစ်ချလိမ့်မယ်....။ မင်းတို့
    ပထွေးကြီး ခွေးသူခိုး သန်းရွှေ အပါအ၀င်ပေါ့
    ကွာ....။
  1. Anonymous said... :
    ဟုတ်ပြီ။ မိုက်ကြေးခွဲတယ်ပဲဆိုဆို၊ ပြည်သူကိုသောက်ဂရုမစိုက်ဘူးဆိုတဲ့အချိုးပဲချိုးချိုး သောက်ရူးတစ်ကောင်ကတော့ သမိုင်းတရားခံအဖြစ်ကို မဏ္ဍာပ်တိုင်တက်ပြလိုက်ပြီ။ "ကိုယ့်ကိုကိုယ်ဖော်မသူတော်" တဲ့ဗျ။ ခင်ဗျားတို့သိတယ်၊ တတ်တယ်ဆိုရင်လဲ ပြည်သူတွေကိုကိုယ်စားပြုတဲ့အသိပညာရှင်တွေ၊ နိုင်ငံတကာပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေ နောက်ပြီး ယဉ်ကျေးမှုအမွေထိန်းသိမ်းခြင်းဆိုင်ရာကျွမ်းကျင်လိမ္မာသူတွေနဲ့ open talk ဆွေးနွေးအဖြေရှာပြီးတော့ ပြည်သူကိုအကျိုးအပြစ်ကိုတရားဝင်ထုတ်ပြန်ပေးပါလား။ ဧရာဝတီဆိုတာမြန်မာနိုင်ငံသားတိုင်းရဲ့ နှလုံးသည်းပွတ်ပဲ။ ခင်ဗျားသုံးတဲ့စကားလုံးတွေက ပလာတာဝါးနေတဲ့သတ္တ၀ါနဲ့တူတယ်။
  1. Anonymous said... :
    နှစ်စဉ် တိုင်းပြည်က၁၀% ဒေါ်လာ သန်း ၅၀၀
    ပဲ ရမယ်၊ ပွဲစားက၂၀% နှစ်စဉ် ဒေါ်လာ သန်း၁၀၀၀ရမယ်၊ပွဲစား
    အယောက်၁၀၀၀ ခွဲယူအုံးတော့
    တယောက် ဒေါ်လာတနှစ်၁သန်းရမှာ....
    ဗမာငွေနဲ့ဆို ၇၅၀နဲ့မြှောက်ဗျာ
    ပွဲစားတယောက် တရက်ဝင်ငွေ ၂၁သိန်း.
    .ပွဲစားကြီးဇော်မင်း က အသိဆုံးဖြစ်မှာပါ။
    ခိုင်ပြီပေါ့ဗျာ..ဧရာဝတီမြစ်ကြီးရေစီးနေသမျှ
    ဆွေစဉ်မျိုးဆက် သုံးမကုန်ဖြုန်းမကုန်ဗျာ...
    .နဝတ အဖွဲ့မှာ လူ၁၀၀၀ တော့ရှိ
    မယ်မထင်ပါဗျာ.....ဘိုးဘွား အမွေစစ်မို့....
  1. anonymous said... :
    ဟောဒီ လင့်ကလေး နဲ့ တွဲဖတ်ကြည့်ကြ ဖို့ပါပဲဗျာ၊ ပညာရှင်တွေ ပြောတာနဲ့ ပညာမဲ့ တဇောက်ကန်းရဲ့ စကားတွေ ကွဲကွဲပြားပြား သိအောင်၊ တိုင်းပြည်အနာဂါတ်ကို စေတနာထားသူများနဲ့ ဆိုးယုတ်တဲ့ စေတနာတွေ အစဉ်အဆက်ရှိသူများ ကွာခြားပုံတွေ ပါ
    http://moemaka.com/index.php?option=com_content&task=view&id=9899&Itemid=1
  1. Anonymous said... :
    I want to share with you a true story that relevant to that news.
    One of Minister (rect: general ) read some of the books about agriculture and he thought he knows very well about that.
    He said in a meeting with Officials from the whole country Agri: depts that " He had studied about Agri: and he can withdraw back all of degree from the Agri officers ".
    all of the officers were surprised and looked at him as the most funniest man.
  1. Anonymous said... :
    ..စီးပွားဖြစ်ရေအားလျှပ်စစ်စီမံကိန်းပဲ..စီးပွားတော့သူတို့ဖြစ်သွားကြမှာပါ။ ဒီလူတွေဟာ..စေတနာပါ။ စေတနာပါနဲ့ သမိုင်းတစ်လျှောက်လုံး နားပိတ်ပြီးယုတ်မာနေတဲ့သူတွေပဲ။ တကယ်စေတနာရှိရင် ပြည်သူတွေဆန္ဒကိုဖွင့်မေးလိုက်ပါလား။ရိုးရိုးလေးပဲတွေးကြည့်တာပါ။စေတနာရှိကြောင်းတောင်သတင်းစာရှင်းလင်းပွဲလုပ်စရာမှမလိုတာ....မဟုတ်ပဲစေတနာပြောနေတာတော့...ဝေါ့.......အန်ချင်တယ်။
  1. Anonymous said... :
    ဇော်မင်းကို လျှော့မတွက်နဲ့နော်၊ သူကသောက်ပေါကြီး ဘာမှတ်လဲ။ သူဝန်ုကီး စဖြစ်ကတည်းက ရေအားလျှပ်စစ် ဆောက်တဲ့ အပိုင်းတွေမှာ အောင်သောင်းရဲ့ သား IGE က နေအောင်နဲ့  ခွတုတ်နေတာ တတိုင်းပြည်လုံးက မသိဘူးပဲ ထားလိုက်ပါတော့။ အမေရိကားမှာ ၁၉၇၀လောက်ကတည်းက ရေအားလျှပ်စစ်ကို လုံးဝ မဆောက်တော့တာ ပတ်ဝန်းကျင် ပျက်စီးလို့ဆိုတဲ့ အေုကာင်းပြချက် တစ်ခုတည်းေုကာင့်ပဲ ဆိုတာကိုရော သူ့ လောက်တတ်တဲ့သူ မရှိပါဘူးဆိုတဲ့ ဇော်မင်း မသိဘူးထင်တယ်။ သူအိမ်ဘယ်နှစ်လုံးရှိတယ် ဆိုတာကို သိတဲ့သူတွေ ရှိရင် ဘလော့ပေါ်တင်ပေးကြပါလား။ အဲဒါဆို မြစ်ဆုံကိစ္စမှာ တရုတ်ဆီကနေ သူဘယ်လောက် ယူနေတယ်ဆိုတာ သွယ်ဝိုက်ပြီး ပြောလို့ရတာပေါ့။ ပြောပြီးပြီနော် သူက သောက်ပေါကြီးလို့။
  1. Anonymous said... :
    ဧရာဝတီကို အစီရင်ခံစာ တင်တာ ဒေါ်လာ ၁.၂၅သန်း
    ကုန်တာတဲ့ တော်တော်အံအော်စရာပဲ ဘယ်လိုများကုန်သွားသလဲ မသိဘူး။ စာရင်းစစ် နဲ့တဝက်စီယူလိုက်တာများလား...။
    ဒေါ်လာ၁.၂၅ သန်းတာ အကုန်ခံပြီး မြန်မာနိုင်ငံရဲ့ ပညာရေးတွေ ကျန်းမာရေးတွေသာလုပ်ပေးရင် ဘယ်လောက်များကောင်းလိမ့်မလဲ...
  1. Anonymous said... :
    "ငါ့‌လောက်သိတဲ့သူမရှိဘူး..ငါသာအသိဆုံး၊အတတ်ဆုံး"
    အဲဒါ‌ဘောင်းဘီချွတ် ဘဝင်ရူး‌တွေရဲ့..နွားေ ခြရာခွက်
    ထဲကဖား‌အော်သံ‌ပေါ့..ေ ပြာထွက်လိုက်တာ..‌သောက်ရှက်မရှိဘူး..သူတို့က‌တော့ဘယ်သူတားတားရမှာမဟုတ်
    ဘူး..အဲဒီ‌တော့လုပ်သင့်တာတခုဘဲရှိ‌တော့တယ်..
    အဲဒီ‌နေရာကိုဗုံးကြဲ..။အေ မြာက်နဲ့လှမ်းထု..အင်ဂျင်နီ
    ယာ‌တွေကြိုပန်‌ပေးဆွဲ..‌ဇော်မင်းမယားနဲ့သားသမီး‌တွေကြိုပန်‌ပေးဆွဲ..အဲဒါအ‌ကောင်းဆုံးဘဲ..။
  1. Anonymous said... :
    အနာဂတ်လူသားထုတ်ကုန်များအတွက် မျိုးစေ့များကို ပင်မမျိုးပွါးရင်းမြစ်ရှိသော ဝန်ဂျီးဇော်မင်း သမီးထံတွင် သွားရောက် ရင်းနှီးမြှုပ်နှံလိုပါသည်
    ရသမျှ ထုတ်ကုန်ကို တစ်ခုမျှမယူပါ
    စေတနာသန့်သန့်နှင့် မြှုပ်နှံလိုခြင်းဖြစ်ပါသည်
    ထုတ်ကုန် ၁၀၀% နှုန်းအား ဝန်ဂျီးသမီးကိုသာပေးပါမည်
    ဝန်ဂျီး သဘောတူလျှင် အကြောင်းပြန်ပါ :D
  1. Anonymous said... :
    ဖြုတ်ဦးနှောက်၊ ဝံပုလွေအသည်းနဲ့ မိချောင်းမျက်ရည် တွေ တိုင်းပြည်ကို အညိုးတကြီး ဖျက်ဆီးနေကြပြီဆိုတာ မမေ့ကြပါနဲ့။
  1. Anonymous said... :
    သတိထားပါဗျာ...။မဂ္ဂါဝပ်6000လောက်ထွက်
    လာပြီးရင်မြန်မာ့နိုင်ငံအတွက်ရတဲ့မဂ္ဂါ 600ကိုဇော်မင်းအတွက်သီးသန့်ပေးလိုက်ပါဗျာ။
    ဦးနှောက်မှန်သွားအောင်ခေါင်းကိုတို့ပေးလိုက်ပါ။
  1. ကေကေအို said... :
    “မောင့်ထက်သိသူ မောင့်လောက် မသိနိုင်ပါဘူး။....ဒန် တန်းဒန် ..ဒန်တန်း ဒန့်တန်တန် မောင့်လောက်သိသူ နောက်တစ်ယောက် မရှိနိုင်ပါဘူး...။ မောင့်ရဲ့စကားက ဘယ်တော့မှ မှားပါဘူး...တဲ့။ မင်းရဲ့သစ္စာစကား မုသား ... တို့ မယုံဘူး..။ (ဒီနေ့ည ကာရာအိုကေမှာ ဟစ်မယ့်သူများအတွက် မောင်သစ်မင်းသီချင်းကလေး အိမ်စာပေးလိုက်တယ်နော်။)
    Soe min
    Facebook မှာ သူရေးထားတာလေး သဘောကျလွန်းလို့ဗျာ။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved