ရှေ့နေကိုဖိုးဖြူ ရဲစခန်းရောက်နေ

Monday, September 12, 2011

.

လူ့အခွင့်အရေးရှေ့နေ ကိုဖိုးဖြူသည် ယမန်နေ့ ညနေ ၆ နာရီ ၃၀ ခန့်က ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေတွင် ထိန်းသိမ်းခံရပြီး ယခု တောင်ဒဂုံ (ဆိပ်ကမ်း) မြို့နယ် ရဲစခန်းတွင် ရောက်ရှိနေသည်။ ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ကိုဖိုးဖြူက ရုံးချိန်းပျက်ကွက်မှုဖြင့် ၀ရမ်းထုတ်ခံထားရကြောင်း၊ ရဲစခန်းတွင် ကောင်းမွန်စွာ နေထိုင်ရကြောင်း၊ အာမခံဖြင့် ယနေ့ ပြန်လည် လွတ်မြောက်ဖွယ်ရှိကြောင်း ပြန်လည် ဖြေကြားသည်။ ကိုဖိုးဖြူသည် လယ်မြေအသိမ်းခံရသော လယ်သမားများ၊ အနိုင်ကျင့်ခံရသော အလုပ်သမားများ၏ အရေးကို အကျိုးဆောင်ပေးနေသူ ဖြစ်သည်။

ပြီးခဲ့သည့် လကုန်ကပဲ ကိုဖိုးဖြူနှင့် ဧရာဝတီတို့ အင်တာဗျူး လုပ်ခဲ့ပါသေးသည်။ လယ်သမားတွေ ကျနော့်မျက်စိ ရှေ့မှာပဲ ငတ်နေပါတယ် ဆိုသော အင်တာဗျူးကိုလည်း ဖတ်နိုင်ပါသည်။

.

3 comments :

  1. ကေကေအို said... :

    ငဘတို့၏ မိတ်ဆွေကြီး အမြန်ဆုံး လွတ်မြောက်ပါစေ။

  1. Anonymous said... :

    ဒါလားဟဲ့ သိန်းစိန် အစိုးရ

  1. Anonymous said... :

    စနစ်ကြီး ပြောင်းလဲနေပြီတဲ့ .. ကောင်းတာလုပ်တဲ့သူတွေကတော့ ရဲစခန်းနဲ့၊ အချုပ်နဲ့၊ ထောင်ကို အိမ်ဦးနဲ့ ကြမ်းပြင်လုပ်နေရတုံးပဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved