၂၀၀၇ သံဃာ့ဆန္ဒပြမှု ၄ နှစ်ပြည့် ဖယောင်းတိုင်မီးထွန်း လမ်းလျှောက်တဲ့ အစီအစဉ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ဖို့ ပြင်နေကြပါပြီအချိန် - ညနေ ၆း၃၀ စတင်မည်
နေရာ - ဘုရင်သုံးပါးရုပ်တု၊ ထို့နောက် ထပ်ပယ်ဂိတ်သို့
တက်ရောက်နိုင်သူ - မည်သူမဆို
ဖယောင်းတိုင်၊ ဆိုင်းဘုတ် - အခမဲ့
နှစ်ပတ်လည် အစီအစဉ်ကို မိန့်ခွန်း၊ ဂီတတင်ဆက်မှုတို့နဲ့ အားဖြည့်မယ်လို့ သိရပါတယ်
မောင်ကောင်းတခုသတိထားမိတာလေးပါ - ဆရာကိုခက်ထန်တို့ ချင်းမိုင်မှာ ဘာနေ့ ညာနေ့ ဘာနှစ်ပတ်လည် ညာနှစ်ပတ်လည် စသည့်ပွဲအမျိုးမျိုးမှာ တက်ရောက်လာတဲ့သူတွေကိုကြည့်လိုက်ရင် ဒီမျက်နှာတွေချည့်ပဲ ဆိုလိုချင်တာ ရှိတဲ့လူလေးတွေပဲ သူ့အသင်းသူ့အဖွဲ့ ငါ့အဖွဲ့ အပွဲပွဲမှာတက်ရောက်ဆင်နွဲကြတာပါ၊ ထို့အတူ မောင်ကောင်းတို့ ရွှေနိုင်ငံတော်ကြီးမှာလဲ အတိုက်အခံအခမ်းအနားတွေမှာကြည့်လိုက်လဲ ဒီလူတွေချည့်ပဲ ဥပမာ - ကိုကျော်သူ၊ ကိုရဲလွင်၊ ကိုဆောင်းဦးလှိုင် ၊ အခု ဇေယျာသော် ဒါတွေ ဒီလူတွေချည့်ပဲ ကျန်တဲ့လူတွေ ပြည်သူပြည်သားတွေကရော မဆိုင်ကြဘူးလား မပတ်သက်ကြဘူးလား လိုချင်တော့ ဒီမိုကရေစီ ဘေးထိုင်ဘုပြောသူနဲ့၊ ဝေဖန်ရေးလေကန်ရေးတွေပဲများနေကြတာ ဒီပုံနဲ့ဆို အမေစုမဟုတ်ဘူး တာဝတ္တိသာက ဘိုးသိကြားလဲ မဖန်ဆင်းနိုင်ဘူး၊ မောင်ကောင်း ဆိုလိုရင်းလေးကတော့ လူတိုင်းလူတိုင်း မြန်မာပြည်သူတိုင်း အခု လို ဒီမိုကရေစီအပြောင်းအလဲကာလ အရှိန်အဟုန်ကို ပါဝင်ဆင်နွဲ မြင့်တင်သင့်တဲ့အချိန်ကာလာတခုရောက်နေပါကြောင်းခင်ဗျာ။