ချင်းမိုင်မှာ လုပ်မယ့် ရွှေဝါရောင် ၄ နှစ်ပြည့်

Saturday, September 24, 2011

.....





၂၀၀၇ သံဃာ့ဆန္ဒပြမှု ၄ နှစ်ပြည့် ဖယောင်းတိုင်မီးထွန်း လမ်းလျှောက်တဲ့ အစီအစဉ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ဖို့ ပြင်နေကြပါပြီ

အချိန် - ညနေ ၆း၃၀ စတင်မည်
နေရာ - ဘုရင်သုံးပါးရုပ်တု၊ ထို့နောက် ထပ်ပယ်ဂိတ်သို့
တက်ရောက်နိုင်သူ - မည်သူမဆို
ဖယောင်းတိုင်၊ ဆိုင်းဘုတ် - အခမဲ့

နှစ်ပတ်လည်
အစီအစဉ်ကို မိန့်ခွန်း၊ ဂီတတင်ဆက်မှုတို့နဲ့ အားဖြည့်မယ်လို့ သိရပါတယ်





.....


8 comments :

  1. မောင်ကောင်း said... :

    မောင်ကောင်းတခုသတိထားမိတာလေးပါ - ဆရာကိုခက်ထန်တို့ ချင်းမိုင်မှာ ဘာနေ့ ညာနေ့ ဘာနှစ်ပတ်လည် ညာနှစ်ပတ်လည် စသည့်ပွဲအမျိုးမျိုးမှာ တက်ရောက်လာတဲ့သူတွေကိုကြည့်လိုက်ရင် ဒီမျက်နှာတွေချည့်ပဲ ဆိုလိုချင်တာ ရှိတဲ့လူလေးတွေပဲ သူ့အသင်းသူ့အဖွဲ့ ငါ့အဖွဲ့ အပွဲပွဲမှာတက်ရောက်ဆင်နွဲကြတာပါ၊ ထို့အတူ မောင်ကောင်းတို့ ရွှေနိုင်ငံတော်ကြီးမှာလဲ အတိုက်အခံအခမ်းအနားတွေမှာကြည့်လိုက်လဲ ဒီလူတွေချည့်ပဲ ဥပမာ - ကိုကျော်သူ၊ ကိုရဲလွင်၊ ကိုဆောင်းဦးလှိုင် ၊ အခု ဇေယျာသော် ဒါတွေ ဒီလူတွေချည့်ပဲ ကျန်တဲ့လူတွေ ပြည်သူပြည်သားတွေကရော မဆိုင်ကြဘူးလား မပတ်သက်ကြဘူးလား လိုချင်တော့ ဒီမိုကရေစီ ဘေးထိုင်ဘုပြောသူနဲ့၊ ဝေဖန်ရေးလေကန်ရေးတွေပဲများနေကြတာ ဒီပုံနဲ့ဆို အမေစုမဟုတ်ဘူး တာဝတ္တိသာက ဘိုးသိကြားလဲ မဖန်ဆင်းနိုင်ဘူး၊ မောင်ကောင်း ဆိုလိုရင်းလေးကတော့ လူတိုင်းလူတိုင်း မြန်မာပြည်သူတိုင်း အခု လို ဒီမိုကရေစီအပြောင်းအလဲကာလ အရှိန်အဟုန်ကို ပါဝင်ဆင်နွဲ မြင့်တင်သင့်တဲ့အချိန်ကာလာတခုရောက်နေပါကြောင်းခင်ဗျာ။

  1. Anonymous said... :

    မောင်ကောင်း ပြောတာကို လုံးဝလက်ခံပါတယ်။ ကျွန်တော်တို့ ဒီမိုကရေစီရေး လှုပ်ရှားရာမှာ ပါဝင်ပြီးသားလူတွေနဲ့ ဝိုင်းဝန်းလုပ်ဆောင်တာထက် မပါသေးတဲ့လူတွေကို ပါဝင်အောင် စည်းရုံးနိုင်ဖို့ အရမ်းပဲ အရေးကြီးပါတယ်။ တချို့ကပြောတယ် နိုင်ငံရေးငါတို့နဲ့ မဆိုင်ဘူး။ ငါတို့ နိုင်ငံရေး သမားတွေ မဟုတ်ဘူး။ နိုင်ငံရေ့းဆိုရင်တော့ ဝေးဝေးရှောင်တယ်။ ဆိုတာတွေ ရှိပါတယ်။ အဲဒီလိုခံယူထားတဲ့သူတွေကို ပြောချင်တာက မြဲမြဲမှတ်ထားပါ။ ဒီမိုကရေစီဆိုတာ "Of the People, for the People, by the People" “လူထုရဲ့ စနစ်၊ လူထုအတွက် စနစ်၊ လူတွေက အုပ်ချုပ်တဲ့ စနစ်” လူထုတရပ်လုံးက မပါလို့ကို မရတဲ့စနစ်။ ဒီမိုကရေစီလို လူထုက အုပ်ချုပ်ရတဲ့စနစ်မှာ နိုင်ငံရေးနဲ့ ဝေးဝေး နေချင်ရင်တော့ ရှင်းရှင်းလေးပဲ ဒီမိုရေစီကို မလိုချင်ပါနဲ့။ ပါဝင်ချင်စိတ်မရှိပဲ ဒီမိုကရေစီကို မလိုချင်ပါနဲ့။

  1. Anonymous said... :

    ဟုတ်လိုက်လေ။ သာမာန်ပြည်သူတွေကပါ စိတ်ဝင်တစား
    ပါလာအောင် ဘယ်လိုစည်းရုံးမလဲ။ အခုက ဆရာမောင်ကောင်းပြောသလိုပဲ့ ဒီလူဒီလူဖြစ်နေတယ်။

  1. မောင်ကောင်း said... :

    မောင်ကောင်းမေတ္တာရပ်ချင်တာလေးတခုကတော့ - မြန်မာနိုင်ငံတော်ကြီးကိုမှီတင်းနေထိုင်ကြကုန်သော၊ ရေမြေခြားရောက် မြန်မာပြည်သူပြည်သားအားလုံးပါ မကျန်မကြွင်း ခုလိုအခြေအနေကာလတခုမှာ " တအောင့်လေးပါဗျာ.. တအောင့်လေး " တအောင့်လေးပဲ ညီညွတ်လိုက်ကြပါလို့ ....

  1. Ko Latt said... :

    မှန်တယ် အားလုံးပါရမယ့်အချိန် ရောက်နေပြီ။

    ၁။ ကိုယ်တိုင်ပါဝင်ပါ
    ၂။ ကိုယ့်ဝန်းကျင်ကို စည်းရုံးပါ
    ၃။ ပါဝင်သင့်တယ် ဆိုတာကို ရှင်းပြပါ
    ၄။ ကိုယ်ပါဝင်နေတယ်ဆိုတာ အများသိပါစေ။

  1. Anonymous said... :

    တကယ်ဖြစ်တော့မယ် လုပ်တော့မယ်ဟေ့ဆို လူတွေက မဆိုင်လိုလို၊ မကြိုက်သလိုလိုလုပ်ကြတာတော့ သဘာဝဘဲ... အမှန်တော့ သူတို့လဲလုပ်ချင်ကြပါတယ်... အားနည်းတာကတော့ စည်းလုံးမှုဘဲ.... ပြီးရင်သူများလုပ်ခဲ့တာတွေကို နှစ်ပတ်လည်တို့ သတိရအောက်မေ့ဘွယ် ၊ အထိမ်းအမှတ် ဖယောင်းတိုင်မီးထိုးပွဲ၊ ပန်းချီပြပွဲ၊ ချီတက်ပွဲ အခမ်းအနားလိုက်လုပ်နေကြတယ် .... ဘာတွေလဲ... သူများတွေလုပ်တဲ့အချိန်တုန်းက ဒါတွေကို ဘာဖြစ်လို့ တစ်ချိန်တည်းထပ်ပြီး မလုပ်ကြသလဲ မအောင်ကြသလဲ ဒါတွေကိုအခုလိုအချိန်မှ ထပ်လိုက်လုပ်တော့ကော ဒီအဖြစ်အပျက်တွေအတွက် အနာနာခံ အသေခံခဲ့သူတွေက အခြေအနေမှန်ကိုပြန်ရနိုင်ပါတော့မလား.... မလုပ်သင့်ဘူးလို့ (တကယ့်ကိုယ်ကျိုးစွန့်ပေးတဲ့သူတွေအတွက်) မပြောပါဘူး... ဝေဖန်ရေးလေကန်ရေးလဲသမားဆိုလဲ မမှားပါဘူး... လုပ်သင့်ပါတယ်.. ဒါပေမဲ့တော့ ဒါပေမဲ့ ပေါ့... ကိုယ့်အခြေအနေကိုယ်သိကြမှာပါ...........

  1. Anonymous said... :

    ကိုကောင်းရေ.. ခင်ဗျားပြောတာ အကုန်မှန်သဗျ၊ တခုဘဲ “တအောင့်လေး” ဆိုတာကတော့ တမျိုးဘဲ။ ခင်ဗျားက သိပ်ဖြစ်စေချင်လွန်းလို့ ပြောမှန်းသိပါတယ်။ ဒါပေမဲ့ ကျုပ်တို့ဗမာ တွေရဲ့ (ဗိုလ်ချုပ်တောင် စိတ်ပျက်ခဲ့ဘူးတဲ့) ကောက်ရိုးမီး စိတ်ဓါတ်ကို အားပေးအားမြှောက် ပြုရာ ကျနေမလားလို့ပါ။ တကယ်တော့ ကျုပ်တို့ အရေးတော်ပုံတွေ
    အောင်မြင်သင့် သလောက် မအောင်မြင်တာ ဒါလဲအကြောင်းတခု လို့ ထင်ပါတယ်။ ခေတ်အဆက်ဆက် အစိုးရတွေ အပြောကြီးပြီး ဘာတခုမှဖြစ်မလာ တာလဲ ဒီလိုမျိုးနေမှာ။ တဦးတယောက် တပါတီ ဦးဆောင်တာခြင်း အတူတူ စင်္ကာပူ မှာဖြစ်သမျှတွေ ကျုပ်တို့ဆီ ဖြစ်မှ မဖြစ်ခဲ့တာ။ ကျွန်တော်ထင်တယ် ဒီစိတ်ဓါတ်တွေ မဖျောက်မခြင်း ရွေပြည်တော် မျှော်တိုင်းဝေးနေ ကြရဦးမှာပါ။

  1. မောင်ကောင်း said... :

    ဟုတ်ကဲ့ပါဆရာ .ကျနော့် တအောင့်လေးက ဖြစ်ချင်ဇောပါ တအောင့်လေးတောင်မဖြစ်သောကြောင့် ဂလိုပဲ "တအောင့်လေးပါ" လို့ သွေးဆောင်ဖျားယောင်းကြည့်ရတာပေါ့ဗျာ :)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved