ဘန်ကောက်က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြ

Friday, September 9, 2011

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ ဒီနေ့မနက်ပိုင်းက ဆန္ဒပြကြပါတယ်။ မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း ဖမ်းဆီးထောင်ချ ခံထားရတဲ့ သတင်းထောက်တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးရေး တောင်းဆိုဆန္ဒပြတာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲကို Burma VJ က ဦးဆောင်ပါတယ်။ Burma VJ မှ Campaing coordinator ဖြစ်သူ Miss Geraldine May က ၎င်းတို့ တောင်းဆိုချက်တွေကို မြန်မာသံရုံးမှတဆင့် မြန်မာအစိုးရထံ ပေးပို့မည်ဖြစ်ကြောင်း၊ အလားတူ လန်ဒန်စတဲ့ နိုင်ငံတကာ မြို့ကြီးများရှိ မြန်မာသံရုံးများရှေ့မှာလည်း ဆန္ဒပြပွဲများ ပြလုပ်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

သတင်းအပြည့်အစုံကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

ထောင်ဒဏ်ကျနေရတဲ့ DVB သတင်းထောက် မလှလှဝင်း မျက်နှာဖုံးစွပ်ထားပြီး ဆန္ဒပြနေသူတဦး (ဓာတ်ပုံ - AP)


သံရုံးရှေ့မှာ ဆန္ဒပြသူတွေက ပုံတွေ ကပ်နေစဉ် (ဓာတ်ပုံ - AP)

2 comments :

  1. ကေကေအို said... :

    ဘန်ကောက်က မြန်မာသံရုံးရှေ့မှာလဲ ဆန္ဒပြလို့ရတယ်။ လန်ဒန်အစရှိတဲ့ နိုင်ငံတကာမြို့ကြီးတွေက
    မြန်မာသံရုံးရှေ့မှာလဲ ဆန္ဒပြလို့ရတယ်။ ရွာမှာတော့ ဘာမှ လုပ်လို့ မရဘူးနော်။ ပြောတာနားထောင်၊ ခိုင်းတာလုပ်၊

  1. မောင်ကောင်း said... :

    လုပ်လို့ရတဲ့နေရာလေးတွေမှာကုပ်ကပ်လုပ်နေကြရတာပါဗျာ ၂၃ နှစ်တောင်ရှိပါပေါ့လား :(

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved