လုပ်အားခ ဘတ် ၃၀၀ အကောင်အထည် ပေါ် မပေါ်

Thursday, September 1, 2011

ထိုင်းနိုင်ငံမှာ အလုပ်သမားတဦးကို အနည်းဆုံး နေ့တွက်ခ အဖြစ် ထိုင်းငွေဘတ် ၃၀၀ (၁၀ ဒေါ်လာ) ကို ထိုင်းဝန်ကြီးချုပ်က အတည်ပြု ဖြစ်ပါက ထိုင်းမှာရှိတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေ အများစု က သူတို့အတွက် အကျိုးခံစားခွင့် မရှိဘူးလို့ ပြောဆိုနေကြပါတယ်။

ဒါပေမဲ့ ထိုင်းအခြေခံဥပဒေ၊ နိုင်ငံတကာ အလုပ်သမား ဥပဒေ ပြဋ္ဌာန်းထားချက်အရ အလုပ်သမား ဆိုင်ရာ ရပိုင်ခွင့်တွေဟာ ထိုင်းနိုင်ငံသားတွေသာမက ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ၊လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့က အလုပ်သမားတွေပါ အကျုံးဝင်ကြောင်း သိရပါတယ်။

အင်တာဗျူး (အလုပ်သမားတဦး) အလုပ်ရှင်တွေက တနေ့ ဘတ် ၃၀၀ ပေးမပေးပေါ် သဘောထား အမြင်
ဒီအစီအစဉ်ကို အာဏာရပါတီက မကြာသေးမီ ရွေးကောက်ပွဲမှာ မဲဆွယ်စဉ် အလုပ်သမားတဦးကို နေ့တွက်ခ ဘတ် ၃၀၀ သတ်မှတ်ရန် ကတိပေးခဲ့ရာကနေ အခုလို အကောင်အထည် ဖေါ်ဖို့ကြိုးစားနေတာပါ။ ဒါပေမဲ့ ရွေးကောက်ပွဲမတိုင်မီကတည်းက ဒီအစီအစဉ်ကို လုပ်ငန်းရှင်တွေ၊ အတိုက်ခံတွေနဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း အဖိဆစ်ဝေ့ချာချီဝတို့က ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။

အခုလို ထိုင်းအစိုးရသစ်ရဲ့ နေ့တွက်ခ ဘတ် ၃၀၀ အစီအစဉ်ကြောင့် ထိုင်းနိုင်ငံမှာ ကုန်းဈေးနှုန်း တက်လာနေပြီး ရွေ့ပြောင်းအလုပ်သမားအများစုမှာ လက်ရှိဝင်ငွေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ ရွေးကောက်ပွဲတုန်းက လက်ရှိအာဏာရ ယင့်လပ်ရဲ့ ပါတီဖြစ်တဲ့ ဖုယာ့ထိုင်းပါတီက အနိုင်ရရင် အလုပ် သမား တနေ့လုပ်အားခ ဘတ် ၃၀၀ ပေးမယ်လို့ ကတိပေးခဲ့သော်လဲ အခုချိန်မှာတော့ အတိုက်အခံနဲ့ စီးပွားရေးသမား အများစုက အပြင်းအထန် ကန့်ကွက်လျက်ရှိနေပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား အရေအတွက် ၄ သန်းအထိ ရှိတယ်လို့ အလုပ်သမား အရေး ဆောင်ရွက်သူများက ခန့်မှန်းထားပါတယ်။ အဲဒီထဲကမှ အလုပ်သမား ၆ သိန်းကျော်ဟာ မကြာမီက တရားဝင် မှတ်ပုံတင်ခဲ့ကြောင်းပါ။


2 comments :

  1. Anonymous said... :

    ဖုယာ့ထိုင်း (ဖုရ်ထိုင်း) လို့ အသံထွက်ရင် ပိုမှန်မလားလို့ ... ဖတ်ရတာ တမျိုးပဲ၊ ငါတို့ထိုင်းလို့ တိုက်ရိုက် ဘာသာ ပြန်လို့ရမယ်ထင်တယ်၊ အလုပ်သမားရေးရာနဲ့ ပတ်သက်ရင် အခြေခံ အလုပ်သမား အတော်များများ (ထိုင်း) အင်တာနက် မသုံးနိုင်ကြပါဘူး၊ ကျနော်က ထိုင်းသူဌေး တယောက်အိမ်မှာ စာရင်းကိုင်ရင်း အင်တာနက် သုံးခွင့်ရနေလို့ပါ၊ ဒီလို အလုပ်သမား အခွင့်အရေးနဲ့ ပတ်သက်လို့လဲ စိတ်ဝင်စားသူပါ၊ ကျနော်တို့ ဘဝတူ အလုပ်သမားတွေအတွက် နားမျက်စိပွင့်အောင် အများကြီး လုပ်ဆောင်ပေးဖို့ အကြံပေး တိုက်တွန်းလိုပါတယ် ခင်ဗျား၊ ဧရာဝတီကို အစဉ် အားပေးလျှက် ...

  1. Anonymous said... :

    ထိုင်း ဘယ်ပါတီပဲ တက်တက် နိုင်ငံခြားသား အလုပ်သမားတွေကို ခုတုံးလုပ်သွားကြတာပါပဲ၊ ပြီးရင် တခုမှ အကောင်းဘက် မလာပါဘူး၊ မနေ့ကပဲ မျက်စိရှေ့မှာ ထိုင်းလဝက သံလှောင်အိမ် ပစ်ကတ်ကားပေါ်မှာ လူတွေကို ခွေးတွေလို တင်ပြီးပိတ်လှောင်သွားတာ ဆယ့်ခုနှစ်ယောက်လောက် ရှိမယ်ထင်တယ်၊ မတ်တတ်ရပ်ဖို့မပြောနဲ့ ဒူးတုပ်ထိုင်နေရပြီး လူခြင်းတောင် ထပ်နေတယ်၊ စဉ်းစားကြည့်ပါဦး ပစ်ကတ်ကား နောက်ခန်းကို၊ တကယ်ပဲ အဲဒီနေ့ အလုပ်က ဆိုင်ကယ်မောင်း ပြန်အလာ ထမင်းတောင် ကောင်းကောင်း စားမဝင်ဘူး၊ မျက်လုံးထဲမှာ မြင်ယောင်ပြီး၊ ဘယ်သူတွေများ ကျနော်တို့ ဘဝတူတွေကို ကယ်နိုင်ကြဦးမလဲဗျာ၊ တကယ်ခံစားရတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved