Youtube: သမ္မတကြီးခင်ဗျာ...
Tuesday, September 27, 2011
အဆိုတော် Pink ရဲ့  လေးခွေမြောက် တေးစီရီးထဲက Dear Mr. President သီချင်းလေးကို မြန်မာပြည်မှ ခံစားချက်များနှင့် ထပ်တူခံစားနိုင်အောင် ဓာတ်ပုံများနှင့်တေးသရုပ်ဖော်ထားပါတယ်။ ဖန်တီးထားသူ ကတော့ လူငတေ ဖြစ်ပါတယ်။ 
4 comments :
  1. Mtt said... :
    SOOOO GOOOOOD!!!!!!
  1. Anonymous said... :
    သမ္မတကြီး ဦးသိန်းစိန်ကို YouTube ဖွင့်ပေးပြီး အင်တာနက်တွေ မြန်ပေးဖို့ တောင်းဆိုရမယ်။ နို့မို့ဆို သူတို့သီချင်းတွေ လိုလို နဲ့ ဖီလင်ကြီးတွေ နှစ်ပိသာလောက်နဲ့ တက်ဆိုနေတဲ့ သူတွေရဲ့ မူရင်းသီချင်းတွေကို မြန်မာပြည်ကသူတွေ သိစေချင်လို့ပါ။
  1. Anonymous said... :
    Very bright idea. It really moves me.(If you refer U Thein Sein as Mr President, then the First Lady shouldn't be Daw Aung San Suu Kyi. May be you cannot grab a picture of U Thein Sein's wife, here, the First Lady). Again, very good idea. It really sounds like the song is composed for Burma.
  1. Anonymous said... :
    သမ္မတကြီးရှင့်
    သမ္မတကြီးရှင့်
    ကျွန်မနဲ့အတူ လှမ်းလှဲ့ပါ
    တစ်ယောက်တစ်လှည့် ဖေးမကူကာ
    ရှင်က ကျွန်မထက် ပိုမကောင်းပါ
    မေးစရာလေးတချို့ မေးပါရစီ
    ရိုးသားစွာ ပြောချင်သည်
    ရှင့်ရင်ထဲမှာ ဘယ်လိုရှိမည်
    လမ်းပေါ်က အိမ်ခြေရာမဲ့တွေ
    အိပ်မရခင် ညညမှာ
    ဘယ်သူက ဦးချဆုတောင်းပေးမည်
    မှန်ထဲမှာ မြင်ရတဲ့အခါ
    ကိုယ့်ကိုယ်ကို အထင်ကြီးနိုင်ပါမလား
    ရှင်ဘယ်လိုလုပ် အိပ်စက်နိုင်သလဲ
    ငိုနေတဲ့ ငါတို့ရဲ့ သွေးချင်းတွေ
    ရှင်ဘယ်လိုလုပ် အိပ်မက်နိုင်သလဲ
    နှုတ်ဆက်ခွင့်တောင်မရခဲ့တဲ့ အမေတွေ
    ရှင်ဘယ်လိုလုပ် ခေါင်းမော့်နိုင်သလဲ
    ကျွန်မကိုပဲ တစ်ချက်လောက် ကြည့်ကာ
    အဲဒါ ဘာကြောင့်လဲ ပြောပါဦး
    သမ္မတကြီးရှင့်
    ရှင်က တစ်ယောက်ထဲမို့လို့လား
    (ရှင်က တစ်ယောက်ထဲမို့လို့လား)
    ရှင်ဘယ်လို ပြောမလဲ
    ကလေးတွေလည်း ရှင့်နောက်မှာ မရှိဘူး
    ငါတို့ဟာ
    အ လည်း မအ ဘူး
    ကန်းနေတာလည်း မဟုတ်ပါ
    သူတို့ဟာ ရှင့် အကန့်တွေထဲမှာ ထိုင်နေရသူတွေပါ
    လမ်းခင်းကျောက်ခဲလေးတွေလို ငရဲကျနေတဲ့အခါ
    ဘယ်လိုဖခင်မျိုးက သူ့သမီးငယ်ကို
    သူနဲ့အတူ ခေါ်ယူထားနိုင်မလဲ
    သူ့သမီးက ကျားကျားလျားလျား
    ဖြစ်နေခဲ့ရင်တောင် ဘယ်လိုလုပ် စိတ်ပျက်နိုင်မလဲ
    ငါတို့ရဲ့ ဒေါ်ဒေါ်က ဘာပြောလေမလဲ
    တွေးပဲ တွေးကြည့်နေမိတယ်
    ရှင်လျှောက်နေတဲ့ ခရီးကိုပေါ့
    ရှင်ဘယ်လိုလုပ် အိပ်စက်နိုင်သလဲ
    ငိုနေတဲ့ ငါတို့ရဲ့ သွေးချင်းတွေ
    ရှင်ဘယ်လိုလုပ် အိပ်မက်နိုင်သလဲ
    နှုတ်ဆက်ခွင့်တောင်မရခဲ့တဲ့ အမေတွေ
    ရှင်ဘယ်လိုလုပ် ခေါင်းမော့်နိုင်သလဲ
    ကျွန်မကိုပဲ တစ်ချက်လောက် ကြည့်ကာ
    ဘယ်လောက် ကြမ်းတမ်းသလဲ
    ပြောပါဦး
    ချို့တဲ့တဲ့ မစို့မပို့ ငွေကလေးနဲ့
    လမ်းပေါ်က ကလေးငယ်တွေ
    ဒါဘယ်လောက် ကြမ်းတမ်းသလဲ
    ပြောပါဦး
    ဗုံးကျင်းထဲက သူတို့အိမ်တွေ ပြန်ဆောက်နိုင်အောင်
    ဒါဘယ်လောက် ကြမ်းတမ်းသလဲ
    ပြောပါဦး
    သူတို့ရဲ့ နေစရာတွေ ပြန်ရအောင်
    ဒါဘယ်လောက် ကြမ်းတမ်းသလဲ
    ပြောပါဦး
    ဘယ်လောက် ကြမ်းတမ်းသလဲ ကြမ်းတမ်းသလဲ
    ရှင် တစ်ခုမှ မသိတာလား
    ဘယ်လောက် ကြမ်းတမ်းသလဲ ကြမ်းတမ်းသလဲ
    ကြမ်းတမ်းသလဲ
    ရှင်ဘယ်လိုလုပ် အိပ်စက်နိုင်သလဲ
    ညညမှာ
    ရှင်ဘယ်လိုလုပ် လှမ်းလျှောက်နိုင်သလဲ
    ခေါင်းမော့်ပြီး
    သမ္မတကြီးရှင့်
    ရှင် ကျွန်မကို ဘယ်တော့မှ လက်တွဲမခေါ်ဘူး
    (အဆိုတော် PINK, သီချင်းအမည် Dear Mr. President)
    (ဆီလျော်အောင် ဘာသာပြန်ကြည့်ထားတာပါ။)
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved