သီးညီနောင်တို့ရဲ့ သီချင်းခွေ

Monday, September 19, 2011

.....




သီးညီနောင်တို့က သီချင်းခွေသစ်အကြောင်း အခုလို ပြောပြပါတယ်

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် သီချင်းခွေ ထုတ်လုပ်ခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ပြည်တွင်းထဲမှာ လူထုခေါင်းဆောင်
အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့၊ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်ရပ်စဲရေး၊စစ်မှန်တဲ့ပြည်ထောင်စုနဲ့
တန်းတူရေး၊ဒီမိုကရေစီ ထွန်းကားရေးအတွက် ကျွန်တော်တို့ အနေနဲ့လည်း လှုံ့ဆော်ရေးတေးသီ
ချင်းနဲ့ ပြည်တွင်း/ပြည်ပ အမိမြန်မာနိုင်ရဲ့သွေးသားရင်း ညီအကိုများဆီကို အနုပညာနဲ့တက်အား
သရွေ့ ပေးဆပ်ခြင်းဖြစ်ပါတယ်။

နောက်-ဒီခွေကိုလည်း သက်ဆိုင်ရာ၊ဘယ်အဖွဲ့အစည်း ဘယ်အစုအဖွဲ့မဆို ပြည်တွင်း
လူမှုအထောက်အပံ့ဖြစ်စေမဲ့ ရံပုံငွေရှာဖွေရာမှာမိမိတို့ အဆုံးအဖြတ်နဲ့လွတ်လွတ်လပ်လပ်အသုံး
ပြုနိုင်ပါတယ်၊လိုအပ်တဲ့ ပံ့ပိုးကူညီဆောင်ရွက်ပေးရမဲ့ ကိစ္စကို ကျွန်တော်တို့နဲ့ဆက်သွယ်ပြီးဆောင်
ရွက်နိုင်ပါကြောင်း ကြိုတင်အသိပေးလိုပါတယ်။

ဆရာဗန်းမော်တင်အောင်ရဲ့ ̏လူတစ်ယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းလာတဲ့
ခေတ်ကာလရဲ့ သမိုင်းပေးတာဝန်အပေါ်၊သူဘယ်လောက် ထမ်းဆောင်ကျေပွန်လဲ ဆိုတဲ့အ
ပေါ်၊မူတည်တယ်↔ဆိုတဲ့စကားအတိုင်းပဲ ကျွန်တော်တို့အပါအ၀င် အခုတက်ရောက်လာကြသူ
တွေအားလုံး သမိုင်းပေးတာဝန်ကိုအတူထမ်းဆောင် ကျေပွန်ကြစေကြောင်း ဆန္ဒမွန်နဲ့မေတ္တာ
ရပ်ခံရင်း လိုအပ်တဲ့ အကြံပြုချက်များ ပေးခြင်း၊ပူးပေါင်းကူညီခြင်းများနဲ့ ပဏာမ ဂါရ၀ စကား
ဆိုလိုက်ပါရစေ။



....

2 comments :

  1. Sniper said... :

    ကျနော်တို့ငယ်ငယ်က သင်ခဲ့ရတဲ့ဖတ်စာအုပ်ထဲက စာသားကတော့ အဲ့ဒီလိုမဟုတ်ဘူးဗျ...
    "နွံထဲ၌လှည်းဘီးကျွံနေသည်
    ကူ၍တွန်းပေးကြပါ
    လေးလွန်း၍မတွန်းနိုင်ဘူးလား
    ပြိုင်တူတွန်းလျင်ရွေ့နိုင်ပါသည်"...တဲ့။
    သူတို့က တမင်ပြောင်းရေးတားလားတော့ မသိ မသိ။

  1. Anonymous said... :

    ̏လူတစ်ယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းလာတဲ့
    ခေတ်ကာလရဲ့ သမိုင်းပေးတာဝန်အပေါ်၊သူဘယ်လောက် ထမ်းဆောင်ကျေပွန်လဲ ဆိုတဲ့အ
    ပေါ်၊မူတည်တယ်↔ " တဲ့ဗျ ဂေါ်ကြီးလဲ တာဝန်ကျေမှာပါ တာဝန်ပြီးဆုံးလို့ ရွှေပြည်တော်ပြန်သွားတာနေမှာ ဟိဟိ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved