ဒီမိုကရေစီနေ့တွင် ငြိမ်ချမ်းရေးပန်ကြားလွှာ ဖတ်သူအား ဖမ်းဆီး

Monday, September 19, 2011



မြန်မာနိုင်ငံ
နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်

ရန်ကုန်တိုင်း၊ ဒလမြို့နယ်မှ ကမ္ဘာ့ဒီမိုကရေစီနေ့

ရန်ကုန်တိုင်း၊ ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် ဦးဘ၀င်းလမ်း အိမ်နံပါတ် - ၁၈၃၆ တွင် နေထိုင်သော ဒလမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆက်သွယ်ရေးလူငယ် ကိုနေလင်းဦးသည် ကမ္ဘာ့ဒီမိုကရေစီနေ့ (၁၅.၉.၂၀၁၁) ညနေ ၄ နာရီခန့်က ဒလမြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပါသည်။ ဖမ်းဆီးခံရခြင်းမတိုင်မီ ကိုနေလင်းဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးတွင်ကျင်းပသော ကမ္ဘာ့ဒီမိုကရေစီနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အပြန် ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်သို့အရာက်၌ ဧရာဝတီပန်ကြားစာနှင့် ဆရာကြီး ဒဂုန်တာရာ၏ ငြိမ်းချမ်းရေး ပန်ကြားလွှာ (၂) အား ပြည်သူလူထုကြီးရှေ့၌ ဖတ်ကြားခဲ့သည်။ ထိုသို့ဖတ်ကြားနေစဉ် ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ မဖတ်ကြားရန်နှင့် ဆူပူမှုပြုလုပ်သည်ဟု စွပ်စွဲပြီး တားမြစ်ခဲ့ပါသည်။ ထိုသို့ဟန့်တားပြီး မကြာမီ ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ ခန့်က ရောက်ရှိလာပြီး ဖမ်းဆီးသွားပါသည်။

ဖမ်းဆီးခံရချိန်၌ ကိုနေလင်းဦး ၀တ်ဆင်ထားသည့်အင်္ကျီမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည် တို့၏ ပုံများပါရှိပါသည်။ ထိုအင်္ကျီအား အချုပ်ခန်းထဲ၌ အာဏာပိုင်များမှ အင်အားသုံး ချွတ်ယူရန် ကြိုးစားခဲ့ကြပါသည်။ အချုပ်ခန်းထဲတွင် ချုပ်နှောင်ထားပြီး ပန်ကြားလွှာ ဖတ်ကြားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ၁၆.၉.၂၀၁၁ နေ့တွင် ပုဒ်မ ၄၁ နှင့် အမှုဖွင့်ခံထားရပြီး ငွေ ၁၀ သိန်းအာမခံဖြင့် ၁၆.၉.၂၀၁၁ နေ့ညနေတွင် ပြန်လွှတ်ပေးခဲ့ပါသည်။ ၁၉.၉.၂၀၁၁ ရက်နေ့တွင် တရားရင်ဆိုင်ရန် ဒလမြို့နယ်တရားရုံးမှ ချိန်းဆိုလိုက်ပါသည်။ ထိုဖြစ်စဉ်အား ရပ်ကွက်နေပြည်သူများမှ အာဏာပိုင်များအပါ် မကျေမနပ်ဖြစ်နေကြောင်း ကြားသိရပါသည်။

နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးရာဆပ်ကော်မတီ (၁၇.၉.၂၀၁၁)

2 comments :

  1. Anonymous said... :

    ဒီိမိုကရေစီလုပ်သူများကို ဖမ်းနေခြင်းသည်...
    အစိုးရက ဒီမိုကရေစီ လမ်းကြောင်းကို အမှန်တကယ်
    သွားနေခြင်း..လုံးဝမဟုတ်ပါ..။ အတုအရောင်...
    သာ..ဖြစ်ပါသည်...။

  1. Anonymous said... :

    အခင်းဖြစ်ပွားတဲ့  အချိန်မှာ ကိုနေလင်းဦး ဟာအရက်သေစာ သောက်စားထားခြင်း ရှိ / မရှိ ဆိုတာတော့  သတင်းထဲ မှာ မပါဘူးနော်...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved