ပုံ - လွှတ်တော်

Thursday, September 15, 2011


လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက ဧရာဝတီ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး လိုရာဆွဲပြော အပြီး မကြာခင်မှာပဲ မနေ့က လွှတ်တော်မှာ စက်မှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးသိန်းဌေးက မြန်မာပြည်မှာ ဘာစက်မှုကဏ္ဍ၊ ညာစက်မှုကဏ္ဍ ဘယ်လိုတိုးတက်အောင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း၊ ဘာကြောင်း ညာကြောင်းတွေ ပြောအပြီးမှာ အလျဉ်းသင့်လို့ ဆိုတဲ့ စကားစပ် တလုံးခံပြီး ဧရာဝတီမြစ်ဆုံ စီမံကိန်းအကြောင်း ဦးဇော်မင်းနဲ့ တလေသံတည်း ပြောကြားသွားပါတယ်။ မြစ်ဆုံစီမံကိန်းကို သေချာ တွက်ချက် ပြီးမှ လုပ်တဲ့အကြောင်း၊ ရေစီးထဲက ၇ ရာခိုင်နှုန်းပဲ ယူမယ့်အကြောင်း၊ မြစ်ကောမပူပါနဲ့ ဆိုတဲ့အကြောင်းတွေပါ။ သူကတော့ လွှတ်တော်ထဲမှာ ဖြစ်တဲ့အတွက် ထင်ပါရဲ့ “ဘယ်သူတားတား ဆောက်မှာပဲ” လို့တော့ မပြောဘူးပေါ့လေ။ ဒါပေမယ့် “စက်မှု နိုင်ငံ ထူထောင်ရေးမှာ လျှပ်စစ်ဓာတ်အား မရှိမဖြစ်ရှိဖို့ လိုအပ်တဲ့အတွက် ရေအားလျှပ်စစ် စီမံကိန်းတွေ ဆောင်ရွက်နေရပါတယ်” ဆိုပြီး လေပြေထိုးထားပါတယ်။ ဒီနေ့ သတင်းစာမှာလည်း အဲဒါကို စာလုံးကြီးနဲ့ ရေးထား ပါတယ်။ တကယ်ရေးသင့်တာက “တရုတ်နိုင်ငံမှ ပေါချောင်မကောင်း ပစ္စည်းများ ဝယ်ယူရရှိနိုင်ရန် ရေအားလျှပ်စစ် ရောင်းရန်လိုအပ်နေ” လို့ ထင်ပါတယ် :P ဒီမြစ်ဆုံ စီမံကိန်းကို ဘယ်လိုပဲဖြစ်ဖြစ် ဆက်လုပ်နေတယ်၊ ဖြစ်အောင်ဆက်လုပ်မယ် ဆိုတဲ့အကြောင်း လွှတ်တော်မှာ အတည်ပြုလိုက်တယ်လို့ ယူဆရပါတယ်။



3 comments :

  1. မောင်သန့် ။ said... :

    ဗိုလ်ဇော်မင်း က တော့ ဒီအက်စ်အေ ဆင်းပီပီ မိုက်မိုက်ရိုင်းရိုင်း ပြောတယ်။ ဗိုသိန်းဌေး ကတော့ ဘီအီး ဘွဲ့ ရ ဆိုတော့ ခပ်ဖြော့ဖြော့ ကညော့ တယ်။
    အဆုံးကတော့ ဧရာဝတီ ကို ရောင်းစားကြမယ် ဆိုတာပါဘဲ ခင်ဗျာ။

  1. ဘုန်းကြီးကျောင်းသား said... :

    မြစ်ဆုံစီမံကိန်းကို လွှတ်တော်က ဆက်လုပ်ဖို့ အတည်ပြု လိုက်မှာကို အလွန့်အလွန်ဘဲ စိုးရိမ်မိပါတယ်ခင်ဗျား။ ကြံဖွံ့ အမတ်များအပါအ၀င် လွှတ်တော်တက်ရောက်နေကြတဲ့ အမတ်မင်းများခင်ဗျား ကျနော်တို့ သားစဉ်မြေးဆက် အကုန်လုံး ဒုက္ခရောက်ရမယ့် စီမံကိန်းကြီးဖြစ်နေလို့ ဒီကိစ္စဆက်မလုပ်ဖြစ်အောင် ၀ိုင်းဝန်းကန့်ကွက်ပေးကြပါရန် လေးစားစွာမေတ္တာရပ်ခံလိုပါတယ်ခင်ဗျား။ ဒီစီမံကိန်းကြီးအကြောင်း ပြည်သူတွေ သိရှိအောင် ဟောပြောရေးသားနေကြတဲ့ ပညာရှင်တွေရော မီဒီယာတွေရော အားလုံးကို ဦးညွတ်ဂါရ၀ပြုပါတယ်ခင်ဗျား။ ကျနော်တို့ ပြည်သူတွေလည်း အချင်းချင်း တစ်ယောက်စကား တစ်ယောက်နားနဲ့ ဒီကိစ္စကြီး အလွန်အမတန်မှ စိုးရိမ်ဖွယ်ကောင်းပုံကို ပြောဆိုအသိပေးကြဖို့ အထူးမေတ္တာရပ်ခံပါရစေခင်ဗျား။

  1. .

    သန်းရွှေ အနောက်က ကြိုးကိုင်နေသူ အကြောင်း ဖတ်ရန် "ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကြိုးကိုင်အုပ်ချုပ်နေသူ တစ်ဦး" ခေါင်းစဉ်ကို နှိပ်ပါ။

    ဇော်မင်းက ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ပြည်သူတွေ ဘယ်လို ကန့်ကွက် ကန့်ကွက် ဂရုမစိုက်ဘဲ ဆက်လုပ်မယ် ဆိုပြီး ပြောတာက -

    ဇော်မင်း အနောက်မှာ ဇော်မင်းကို ကြိုးကိုင်နေတဲ့ သန်းရွှေ ရှိတယ်။

    သန်းရွှေ အနောက်မှာ သန်းရွှေကို ကြိုးကိုင်နေသူ ရှိတယ်။

    အဲဒီ သန်းရွှေ အနောက်က ကြိုးကိုင်နေသူရဲ့ ညွှန်ကြားချက်တွေအတိုင်း တိုင်းပြည်ရဲ့ အရေးကြီးတဲ့ မူဝါဒရေးရာတွေပါမကျန် သန်းရွှေက လိုက်လံဆောင်ရွက်လေ့ ရှိပါတယ်။

    ၂၁ ရာစု ရောက်နေတာတောင် မြန်မာပြည်မှာတော့ ဒီလို ညွှန်ကြားချက်တွေအတိုင်း တသွေမတိမ်း လိုက်လုပ်ပြီး အုပ်ချုပ်နေတုန်းပါပဲ။


    http://thuraytphaung.blogspot.com/2011/09/blog-post_14.html

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved