လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက ဧရာဝတီ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး လိုရာဆွဲပြော အပြီး မကြာခင်မှာပဲ မနေ့က လွှတ်တော်မှာ စက်မှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးသိန်းဌေးက မြန်မာပြည်မှာ ဘာစက်မှုကဏ္ဍ၊ ညာစက်မှုကဏ္ဍ ဘယ်လိုတိုးတက်အောင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း၊ ဘာကြောင်း ညာကြောင်းတွေ ပြောအပြီးမှာ အလျဉ်းသင့်လို့ ဆိုတဲ့ စကားစပ် တလုံးခံပြီး ဧရာဝတီမြစ်ဆုံ စီမံကိန်းအကြောင်း ဦးဇော်မင်းနဲ့ တလေသံတည်း ပြောကြားသွားပါတယ်။ မြစ်ဆုံစီမံကိန်းကို သေချာ တွက်ချက် ပြီးမှ လုပ်တဲ့အကြောင်း၊ ရေစီးထဲက ၇ ရာခိုင်နှုန်းပဲ ယူမယ့်အကြောင်း၊ မြစ်ကောမပူပါနဲ့ ဆိုတဲ့အကြောင်းတွေပါ။ သူကတော့ လွှတ်တော်ထဲမှာ ဖြစ်တဲ့အတွက် ထင်ပါရဲ့ “ဘယ်သူတားတား ဆောက်မှာပဲ” လို့တော့ မပြောဘူးပေါ့လေ။ ဒါပေမယ့် “စက်မှု နိုင်ငံ ထူထောင်ရေးမှာ လျှပ်စစ်ဓာတ်အား မရှိမဖြစ်ရှိဖို့ လိုအပ်တဲ့အတွက် ရေအားလျှပ်စစ် စီမံကိန်းတွေ ဆောင်ရွက်နေရပါတယ်” ဆိုပြီး လေပြေထိုးထားပါတယ်။ ဒီနေ့ သတင်းစာမှာလည်း အဲဒါကို စာလုံးကြီးနဲ့ ရေးထား ပါတယ်။ တကယ်ရေးသင့်တာက “တရုတ်နိုင်ငံမှ ပေါချောင်မကောင်း ပစ္စည်းများ ဝယ်ယူရရှိနိုင်ရန် ရေအားလျှပ်စစ် ရောင်းရန်လိုအပ်နေ” လို့ ထင်ပါတယ် :P ဒီမြစ်ဆုံ စီမံကိန်းကို ဘယ်လိုပဲဖြစ်ဖြစ် ဆက်လုပ်နေတယ်၊ ဖြစ်အောင်ဆက်လုပ်မယ် ဆိုတဲ့အကြောင်း လွှတ်တော်မှာ အတည်ပြုလိုက်တယ်လို့ ယူဆရပါတယ်။
ဗိုလ်ဇော်မင်း က တော့ ဒီအက်စ်အေ ဆင်းပီပီ မိုက်မိုက်ရိုင်းရိုင်း ပြောတယ်။ ဗိုသိန်းဌေး ကတော့ ဘီအီး ဘွဲ့ ရ ဆိုတော့ ခပ်ဖြော့ဖြော့ ကညော့ တယ်။
အဆုံးကတော့ ဧရာဝတီ ကို ရောင်းစားကြမယ် ဆိုတာပါဘဲ ခင်ဗျာ။