သူတို့ပြောတဲ့ ချေဂွေဗားရား

Saturday, September 3, 2011

.






ချေဂွေဗားရား ဆိုတာ အမေရိကတိုက်ရဲ့ တော်လှန်ရေးသမားကြီးပါ။ သူမရှိတော့ပေမယ့်လည်း သူ့ပုံရိပ်က နိုင်ငံတကာမှာ ခုချိန်အထိ ရှိနေဆဲ၊ အရှိန်အ၀ါ ကြီးနေဆဲဖြစ်ပါတယ်။ သူ့အကြောင်းလည်း ခုချိန်ထိ ရေးလို့သားလို့မပြီးကြသေးပါ။ ချေအကြောင်း ဂျာနယ်/မဂ္ဂဇင်းမှာ ပါတယ် ဆိုရင် ဖတ်ဖြစ်အောင် ဖတ်သလား၊ သူ့ဓာတ်ပုံ ပိုစတာ၊ တီရှပ်၊ စတစ်ကာ ရှိသလား လို့ မေးကြည့်တော့ တချို့က ဟောဒီလို ဖြေထားကြပါတယ်။

ဖတ်ဖြစ်အောင် ဖတ်ပါတယ်။ ငယ်တုန်းက စာအုပ်လည်း ဖတ်ခဲ့ဖူးပါတယ်။ အခုလည်း ဟောလိဝုဒ်ကရိုက်တဲ့ ချေကားကို ၀ယ်ထားတယ်။ အဲဒီရုပ်ရှင်ကိုတော့ မကြိုက်ဘူးဗျ။
အိမ်မှာ ချေပုံပါတဲ့ ဆေးလိပ်ခွက်လေးတခွက် ရှိပါတယ်။ နံရံမှာ ချိတ်ထားတယ်။ ကျနော်က ဆေးလိပ်မှ မသောက်တတ်တာ။
ကျနော့် အိပ်ခန်းထဲမှာ ချေ ပန်းချီကားချပ်တချပ် ချိတ်ဆွဲထားတယ်။ ဘာ့ကြောင့်လဲ ဆိုရင်တော့ ကြိုက်လို့ပါ။ လူငယ်တယောက် အောင်မြင်တဲ့သူပုန်ကြီးတယောက် ဖြစ်သွားတာ ကြိုက်လို့ပါ။
ရော်ဘင်ဟုတို့ မြတ်လေးရွှေဓါးဗိုလ်တို့ကို ကြိုက်သလိုပါပဲ။ ကျနော်တို့လူငယ်ဘ၀အတွက် လက်တွေ့ဘ၀ထဲက သူရဲကောင်းကြီးပေါ့။

ကဗျာဆရာ နှင်းခါးမိုး
http://www.nykomme.blogspot.com/


ချေဂွေဗားရားအကြောင်းပါရင် သေချာဖတ်တယ်။ ကိုယ်မသိတဲ့အကြောင်းအရာ ထပ်ပါနိုင်သေးလားပေါ့။ အိမ်မှာ ချေရဲ့ ပိုစတာကြီး ရှိတယ်။ အ၀တ်စပေါ်မှာ ရိုက်ထားတာ။ ချေပုံပါတဲ့ တီရှပ် ရှိတယ်။
သူက လူမျိုး နိုင်ငံတွေကို အခြေမခံ၊ တကယ့်တော်လှန်ရေးသမားစစ်စစ် လို့ ယုံကြည်လို့။

ဘလော်ဂါ ခင်မင်းဇော်
http://khinminzaw.blogspot.com/

ထူးထူးခြားခြားတော့ မဖတ်ဖြစ်ပါ။
ပိုစတာ၊ တီရှပ်၊ စတစ်ကာ အိမ်မှာ မရှိပါ။

Ronald အောင်နိုင်၊ စာနယ်ဇင်းသင်တန်းနည်းပြ
http://facebook.com/RonaldAungNaing

'ချေ' နဲ့ကြီးလာခဲ့တာ အမှန်ပဲ။
အခုတော့ စိတ်ထဲ သိပ်မရှိလှတော့ဘူးဗျ။
ချေ ကား ရာဇဝင်ထဲမှာ နေခဲ့ချေပြီ။

ဘလော်ဂါ မင်းဒင် http://www.mindin.info/

ချေ့အကြောင်းကို ဘယ်ဂျာနယ် ဘယ်မဂ္ဂဇင်းတွေမှာ ဘယ်လိုတွေဖော်ပြတယ်ဆိုတာ မသိပါ။ တစ်ခါမှလည်း မဖတ်ဖူးပါ။ အဲဒါကြောင့် ကျော်လည်း မဖတ်ရပါ။ ဖတ်ဖြစ်အောင်လည်း မဖတ်ပါ။ ဖတ်ကို မဖတ်ပါ။ ဘာကြောင့်လဲဆိုတော့ ချေ့အကြောင်း စာအုပ်တွေ အိမ်မှာ ရှိပါတယ်။ ပိုစတာ၊ တီရှပ်၊ စတစ်ကာတွေတော့ မရှိပါဘူး။ လမ်းသွားရင်း လူငယ်တွေ တီရှပ်မှာ ခဏခဏတွေ့တာကိုပဲ လိုက်ကြည့်မိပါတယ်။ ချေ သောက်တဲ့ဆေးပြင်းလိပ်ကို နည်းနည်းတော့ မြည်းဖူးချင်တာပါပဲ။

ဘလော်ဂါ ဥက္ကာကိုကို
http://www.oakkarkoko.com/

ဖတ်တော့ဖတ်ပါတယ်။
အသေးစိတ်တော့ မဟုတ်ဘူး။

ဦးခင်မောင်ထွေး (ထွေးဦးမြန်မာ)
http://htweoomyanmar.com

သူ့ပုံပါတဲ့ ဦးထုတ်တော့ ရှိဖူးတယ်။
မြန်မာပြည်မှာက သူ့ပုံက ဖက်ရှင်တခုဖြစ်နေလို့ စတိုင်လုပ်ဖို့ ၀ယ်တာ။

ကာတွန်း ဘီရုမာ
http://beruma.blogspot.com/

သူ့ အကြောင်းကို အများကြီး မသိထားပါဘူး။ သူနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေကိုလည်း တကူးတက လေ့လာထားတာမျိုးလည်း မရှိပါဘူး။ ဒါပေမဲ့ သူ့ ကို သတိထားမိလာတာကတော့ အ၀တ်အစားရောင်းတဲ့ ဈေးတန်းတွေမှာပါပဲ။ သူ့ ပုံပါတဲ့ အနက်ရောင် အကျီလေး တထည်ကို လွန်ခဲ့တဲ့ ၄နှစ်လောက်ကတည်းက ၀ယ်ခဲ့ ဖူးတယ်။ ငယ်ငယ်က ရွာမှာ ဗီဒီယို ကြည့်တုန်းက တော်လှန်ရေး ခေါင်းဆောင်အဖြစ် သရုပ်ဆောင်တဲ့ သီဟတင်စိုး နဲ့ တူလို့။

ဘရဏီ၊ ဒီဗွီဘီ လူငယ့်အသံ

ချေဂွေဗားရားကို မိုးသီဇွန်နဲ့တူလို့ ကြိုက်တယ်။ မိုးသီးဇွန်ကိုတော့ ချေဂွေဗားရားလို ပန်းနာရောဂါ မရှိလို့၊ ဆေးပြင်းလိပ် မသောက်လို့ မကြိုက်ပါ။
ချေအကြောင်းပါရင် မလွတ်တမ်း ဖတ်တယ်။ ချေတီရှပ် ရှိတယ်။ လက်ဆောင် ရထားတာ။ တခါမှ မ၀တ်ဘူး။ ကြီးနေလို့။

ဘလော်ဂါ ပြည်ပရောက်တောအုပ်
http://blueskyforest.blogspot.com/

ဖတ်ဖြစ်ပါတယ်။ ကျနော် မသိသေးတဲ့ ချေဂွေဗားရား အကြောင်းတွေများ ပါလာဦးမလား ဆိုပြီး ဖတ်ဖြစ်တာပါ။ အင်း -- ပိုစတာ တီရှပ် စတစ်ကာတွေတော့ဖြင့် မရှိပါဘူး၊ သို့ သော် လမ်းမှာပဲ ဖြစ်ဖြစ်၊ တနေရာမှာပဲ ဖြစ်ဖြစ် တွေ့ ရင်တော့ ရပ်ကြည့်မိတတ်ပါတယ်။

ကဗျာဆရာ နေဇော်နိုင်
http://facebook.com/nayzaw.naing




.

7 comments :

  1. ကေကေအို said... :

    ချေဂွေဗားရားအကြောင်း သူတို့မြင်တာတွေ ပြောပြကြတာ နားထောင်လို့ ကောင်းပါရဲ့။ သူတို့တွေထဲက ဘရဏီပြောတဲ့ သီဟတင်စိုးနဲ့တူလို့ ဆိုတာရယ်၊ ချေ သောက်တဲ့ ဆေးပြင်းလိပ်ကို မြည်းဖူးချင်တဲ့ ဥက္ကာကိုကိုရယ်၊ မိုးသီးဇွန်နဲ့တူလို့ ကြိုက်တဲ့ ပြည်ပရောက်တောအုပ်ရယ်၊ လမ်းမှာပဲ ဖြစ်ဖြစ်၊ တနေရာမှာပဲ ဖြစ်ဖြစ် တွေ့ ရင်တော့ ရပ်ကြည့်မိတတ်တဲ့ ကဗျာဆရာ နေဇော်နိုင်ရယ်၊ သူတို့အမြင်တွေကို သဘောကျတယ်။

  1. Anonymous said... :

    I simply have no idea why you posted about 'Che' in your current new post (normally everyone assumes the latest post is the latest news). I've already read 'Che' biography long times ago and understood that he was a hero of Revolution or Idea of his time. No more than that. Although he was Argenting, later he moved and did some of history in Cuba. Definitely he was a hero who fought Colonialism, Neocolonialism... etc, but was he really for his own country? I see he simply evolved in the stream of his time, against the colonialism.... ok... then anything else?

    AKT

  1. Anonymous said... :

    သူ့လိုင်း ကိုယ့်လိုင်း သန်ရာသန်ရာ ရှိကြပါတယ် ။ ခု သဘောထားပေးတဲ့ အများစုက သူတို့လိုင်းမှမဟုတ်တာ ။ ဘာသိပါ့မလဲ။

  1. Anonymous said... :

    ချေ အာနက်စတို ချေဂွဗားရား ရဲ့ပုံပါတဲ့ပစ္စည်း(အထူးသဖြင့်အင်္ကျီ) ကို တွေ့ ရင်အရင်ကအမှုမဲ့ အမှတ်မဲ့ နေမိပါတယ်။
    နောက်အမျိုးသားပြောပြမှသူဘယ်လိုလူမျိုးဆိုတာ သိရတဲ့အချိန်ကျမှ သူ့နဲ့ပတ်သက်တဲ့စာအုပ်ဝယ်ဖတ်ဖြစ်တယ်။
    သူပုံပါတဲ့အင်္ကျီနဲ့ အဝတ်စမှာရိုက်ထားတဲ့သူ့ပုံတော့အမျိုးသားမှာရှိတယ်။ သူ့နဲ့ပတ်သက်ပြီး ဆိုထားတဲ့သီချင်းတွေ နားထောင်ဖြစ်တယ်။(နားမလည်ပေမယ့်)
    သူ့အကြောင်းတွေကို အင်တာနက်မှာရှာဖတ်ဖြစ်တယ်။ဓါတ်ပုံ တွေရောအစုံပါပဲ။
    ချေ ဟာလေးစားစရာနဲ့ အတုယူထိုက်တဲ့ အကောင်းဆုံးသူရဲကောင်းတစ်ယောက်ပါ။

  1. ‘ချေ’ လို ပုဂ္ဂိုလ်မျိုးကို အတိတ်ကို အတိတ်ထဲမှာပဲ ဆိုပြီး ထားခဲ့လို့မရနိုင်ပါ။

    သူ့အကြောင်းကို စိတ်ဝင်စားတာ၊ စိတ်မ၀င်စားတာ၊ သူ ဘယ်သူလဲ၊ သူ ဘာလဲဆိုတာကို လေ့လာတာ၊ မလေ့တာတွေကတော့ မိမိရဲ့ ကိုယ်ပိုင် ဆန္ဒ နဲ့ ခံယူချက်၊ ယုံကြည်ချက်တွေအပေါ်မှာ မူတည်ပါတယ်။

    ရန်ဝင်း (တောင်တံခါး)

  1. "ချေ"
    ဘိုလီးဗီးယားအစိုးရ (အဲဒီခေတ်က) သူရဲဘောကြောင်စွာ ချေကို သေနတ်နဲ့ပစ်သတ်ခဲ့လို့၊ ချေအလောင်းကို လူတွေလေးစားဂုဏ်ပြုမှာကိုကြောက်လို့ မြေမမြှုပ်ရဲဘဲမီးသဂြိုဟ်လိုက်ပေမယ့် ချေရဲ့ပြာမှုန်တွေဟာ ကမ္ဘာအရပ်ရပ်ကိုလွင့်ခဲ့ပြီ။ လူကိုအတိတ်မှာထားလို့ရပေမယ့် ချေရဲ့ ကြီးမားတဲ့ညာဏ်ပညာ၊ စိတ်ဓါတ်နဲ့အတွေးခေါ်၊ လူသားဆန်မှု၊ ရဲရင့်ပြတ်သားမှုတွေကိုတော့ ထားခဲ့လို့မရပါ။
    သူ့ခေတ်အခါအလျှောက်လက်နက်ကိုတော်လှန်ရေးကိုဆောင်ရွက်ခဲ့ပေမယ့် ချေဟာ အကြမ်းဖက်မဟုတ်ပါ။ လူငယ်များဖတ်သင့်ပါတယ်။

  1. Anonymous said... :

    အင်တာဗျူးတဲ့လူတွေထဲက Ronal အောင်နိုင်ဆိုတဲ့ ပုဂ္ဂိုလ် (AB ရဲ့ဥက္ကဌဟောင်း) က che အကြောင်း မဖတ်ဖူးဘူးဆိုတော့ သွားရောပေါ့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved