HIV နဲ့ နေထိုင်သူတွေကို အမေရိကန်အရာရှိ သွားရောက်တွေ့ဆုံ

Monday, September 12, 2011

.





မနေ့က နံနက်ပိုင်း ၁၀ နာရီလောက်မှာ တွေ့ရတဲ့ မဖြူဖြူသင်း နဲ့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ်မစ်ရှဲ

ဒဲရစ်မစ်ရှဲက သူ့ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း NLD က ဖွင့်လှစ်ထားတဲ့ HIV/AIDS လူနာစောင့်ရှောက်ရေးဂေဟာကို သွားရောက် လေ့လာပါတယ်။


ဒဲရစ်ဟာ ဗာဂျီးနီးယားတက္ကသိုလ်ကနေ ဥပဒေ နဲ့ သံတမန်ရေးရာ ဆိုင်ရာ BA, MA ဘွဲ့တွေ ရထားတဲ့၊ China Post (Taiwan) သတင်းစာမှာ လုပ်ကိုင်ဖူးတဲ့သူဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

မနေ့က နံနက်ပိုင်း ၁၁ နာရီမှာလည်း ဒဲရစ်နဲ့အဖွဲ့ ရန်ကုန်မှာရှိတဲ့ အထူးကုဆေးရုံ(မင်္ဂလာဒုံ)ကို သွားတယ်လို့ ဒီနေ့ သတင်းစာမှာ တွေ့ရပါတယ်။ အဲဒီမှာ ရှိတဲ့ HIV နဲ့ နေထိုင်သူ ၈၁ ဦးနဲ့ တွေ့တဲ့ပုံလည်း သတင်းစာမှာ ဖော်ပြထားပါတယ်။




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved