ဦးသိန်းစိန်ကို ချီးကျူးဖို့ စောလွန်းပါသေးတယ်

Sunday, October 16, 2011

.....










သန့်မြင့်ဦး ရဲ့ New York Times သတင်းစာ ဆောင်းပါးတပုဒ် http://www.nytimes.com/2011/10/05/opinion/myanmar-needs-us-support-for-reform.html?_r=1 နဲ့ ပတ်သက်ပြီး ကရင်အမျိုးသမီး မိုင်းရာဒါးဂေဖောက သတင်းစာကိုပေးပို့ခဲ့တဲ့ တုံ့ပြန်ချက်မှာ ဖော်ပြထားတာကို ဆီလျော်အောင် ဘာသာပြန်လိုက်ပါတယ် -

"သမ္မတဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးသမားစစ်စစ်လို့ ဦးသန်းမြင့်ဦးက ရေးပါတယ်၊ ဒါပေမယ့် သမ္မတရဲ့ လုပ်ရပ်တွေက သူပြောသလိုမှ မဟုတ်တာ။

ပြီးတော့ ရှိသေးတယ်၊ မြန်မာ့တပ်မတော်က လူမျိုးစုတွေကို တိုက်နေတာဟာ 'စစ်ပွဲငယ်လေးတွေ' လို့ ဦးသန့်မြင့်ဦး ရေးသားချက်က စော်ကားတာပဲ။ မြန်မာ့တပ်မတော်က အရပ်တကာမှာ နေ့တိုင်း နေ့တိုင်း ကျူးလွန်နေတဲ့ စစ်ရာဇ၀တ်မှုတွေအကြောင်းတော့ ထည့်ရေးမထားဘူး။

မြန်မာ့တပ်မတော်သားတွေက ကျမ မိဘတွေကို သတ်လိုက်တယ်။ ကျမရဲ့ မောင်နှမတွေကို သတ်တယ်။ ကျမဦးလေးကို သတ်တယ်၊ မသတ်ခင် သူ့ မိန်းမကို မတရားဝိုင်းကျင့်ကြတာကို ကြည့်ခိုင်းလိုက်သေးတယ်။

စစ်သားတွေက ဒီလို လုပ်အားပေးခိုင်းတာ၊ မုဒိမ်းကျင့် အကြမ်းဖက်တာ၊ ရွာပြောင်းခိုင်းတာ ပြီးတော့ တခြားနည်းတွေနဲ့ အနိုင်ကျင့်တာမျိုး ဗိုလ်ကျစိုးမိုးတဲ့နည်းလမ်းပေါင်းစုံ သုံးနေကြတာကို ဘာကြောင့် အမေရိကန်သမ္မတ အိုဘားမားက ဦးသိန်းစိန်ကို ချီးကျူးနေရတာလဲ။

ဒီလို ကျူးလွန်နေကြတာတွေ၊ တိုင်းရင်းသားလူမျိုးစုငယ်တွေအပေါ် အနိုင်ကျင့်နေကြတာတွေကို ရပ်ပေးဖို့ သမ္မတဦးသိန်းစိန်က လုပ်ကို လုပ်ရမှာပါ။ ဦးသိန်းစိန်ကို ချီးကျူးဖို့ စောလွန်းပါသေးတယ်"

ဆောင်းပါးက ဒီလ ၅ ရက်နေ့မှာ ပါတယ်။
မိုင်းရာက ၆ ရက်နေ့ ရက်စွဲနဲ့ တုံ့ပြန်တယ်။
တုံ့ပြန်စာကို သတင်းစာမှာ ၁၃ ရက်နေ့က ဖော်ပြထားပါတယ်။


မိုင်းရာအကြောင်းပါဝင်တဲ့ ဧရာဝတီသတင်းတပုဒ် = အစိုးရ၏ရာဇဝတ်မှု ဒုက္ခသည်တဦး ဖွင့်ချ









.....

4 comments :

  1. မောင်ကောင်း (กรุงเทพฯ) said... :

    "ဦးသိန်းစိန်ကို ချီးကျူးဖို့ စောလွန်းပါသေးတယ်" ဆိုတာလေးအပေါ်မောင်ကောင်းအမြင်ကတော့ ဦးသိန်းစိန် သည် ဘယ်တော့မှ အပြည့်အဝ ချီးကျူးခံပုဂ္ဂိုလ်တဦးဖြစ်လာမှာမဟုတ်ပါဘူးလို့မြင်ပါတယ်၊ ဘာကြောင့်လဲ ? ဆိုတော့ သူ့ရှိတဲ့အာဏာလေးတခုထဲနဲ့ ဘာမှဖြစ်လာမှာမဟုတ်ဘူးလေ - အခု အကျဉ်းသားလွှတ်ပွဲမှာ နိုင်/ကျဉ်း အနည်းငယ်ပဲပါလာတယ်၊ ကိုသူရပြောသလို အားလုံးလွှတ်ပေးစေချင်တယ်၊ ပြည်သူတွေ အတွင်းအပြင်က အော်နေကြသလို ဦးသိန်းစိန်ကြီး ညာတယ် လိမ်တယ်ဆိုတာတွေအသံဗလံပေါင်းစုံပေါ့ မောင်ကောင်းဖတ်ရကြားရမြင်နေရတယ်၊ အခုအစိုးရမတက်ခင်အချိန်အထိ သန်းရွှေကြီးက မည်ကဲ့သို့ မည်ချမ်းသာ ကွိုင်ကွိုင်က ဗေဒင်ယတြာမ စသဖြင့်ပစ်တင်ဝေဖန် မေတ္တာပို့နေသံတွေဟာ အခုတော့ လုံးလုံး ဆိတ်သုဉ်းသွားပြန်ပါပြီ။ မောင်ကောင်းဆိုလိုချင်တဲ့ ဆိုလိုရင်းက ဦးသိန်းစိန် တယောက်ထဲနဲ့ ဘာမှလုပ်လို့မရပါဘူး သူ့အပေါ်မှာချုပ်ထားတဲ့ လုံခြုံရေးကောင်စီက စီနီယာနတ်ဆိုးကြီးများကို တင်ပြရပါအုန်းမယ်၊ လုံခြုံရေးကောင်စီ က ဖြူဆိုဖြူမည်းဆိုမည်းပဲ၊ တချိန်က ဦးစန်းယုထက် နည်းနည်းသာယုံကလွဲလို့ ဦးသိန်းစိန် ခပ်ပါးပါးလေးတွေကလွဲလို့ ဘာမှလုပ်မပြနိုင်သေးပါဘူး အစိုးရသစ်တက်ပြီး အသစ်ပြောင်းလာတဲ့ အာဏာရှင်မဟာဗျူဟာတခုကတော့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချော့မော့ပြီး မှတ်ပုံတင်နိုင်ရေးနဲ့ - ၂၀၀၈ ဖွဲ့စည်းပုံ ကို လုံးဝလက်ခံလာရေးအတွက် ဖြေးဖြေး စစ်ဆင်နေတာလို့ပဲ မောင်ကောင်းဥာဏ်မီသလောက် တွေးယူကြည့်မိပါကြောင်း။

  1. Anonymous said... :

    Is Than Myint Oo a lobbyist?
    Very early I doubted him now clear.
    Some criteria of cruelty burma army he knew all the time. Obviously he is rubber neck.

  1. Anonymous said... :

    Thein Sein is solid faggot. Starcola Thein Tun,son-in-law Max Zaw Zaw (coward) bribed with for a long time.
    Than Than Nu (black list in burma) knew some witnesses.
    Our people be mad about Thein Sein in the future.
    As likes Po Thein's Monkey story you behave ?......... Baiting

  1. Anonymous said... :

    မြန်မာ့နိုင်ငံရေးပြောင်းလဲမှု စတင်နေပြီဆိုတာ... တကယ်တမ်းကျတော့ နေပြည်တော်နဲ့ ရန်ကုန်လောက်ပဲ ကြည့်ပြီး ထင်ကြေးပေးနေကြတာပါပဲ... လျစ်လျူရှုခံထားနေရသေးတဲ့ တိုင်းတွေ၊ မြို့ရွာတွေ အများကြီး ရှိနေပါသေးတယ်။ ဒီအထဲမှာ ထုံးစံအတိုင်း ပြည်နယ်တွေက အခံရဆုံးပါ။ ကျနော်တို့ ကယားပြည်နယ်မှာဆို အစစအရာရာမှာ ကိုယ်ထူကိုယ်ထနဲ့ပဲ ကျေနပ်နေရပြီး ဆင်းရဲ နှိမ့်ကျတဲ့ ပြည်သူတွေကို အစိုးရက စစ်ရေးအကြောင်းပြပြီး အမျိုးမျိုးနဲ့ နှစ်ရှည်လများ နှိပ်စက်နေပါတယ်။
    အစိုးရပြောတဲ့ သူပုန်တွေဆိုတာ ကယားပြည်နယ်မှာ စစ်တပ်တစ်တပ်စာတောင် မရှိပါဘူး။ ဒါပေမယ့် သူပုန် အကြောင်းပြပြီး ကယားပြည်နယ်မှာ တပ် (၂၀)ကျော် ချထားပါတယ်။ နှစ်ဦးနှစ်ဖက်လုံး အကြောင်းဖန်နိုင်သလို တိုက်ပွဲတွေ ဖြစ်ပွားပြီး အကြားက ပြည်သူတွေကို အကြောင်းမဲ့ အကြောင်းရှာပြီးရက်စက် ညဉ်းပမ်းပါတယ်။ တကယ်တမ်း ပြန်ကြည့်မယ်ဆိုရင် ၁၉၉၀ လောက်ကတည်းက စလိုက်တဲ့ အစိုးရရဲ့ နည်းဗျူဟာနဲ့ ထိုးစစ်တွေဟာ သူတို့သတ်မှတ်ထားတဲ့ သူပုန်တွေအတွက် အဓိက မဟုတ်ခဲ့ပါဘူး။ တကယ့်ပစ်မှတ်က တိုင်းရင်းသားပြည်သူတွေပါ။ စစ်ဗိုလ်တစ်ဦး ကြုံးဝါးခဲ့ဖူးတာရှိပါတယ် ကယားလူမျိုးဆိုတာ နောင်ကျရင် ပြတိုက်တဲ့မှာသွား ကြည့်ရလိမ့်မယ်တဲ့။ အစိုးရရဲ့ ထိုးစစ်ကြောင့် ရွာပေါင်းရာချီပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ တိုင်းရင်းသားပြည်သူတွေလည်း လွတ်ရာကို ပြေးရင်း နောက်ဆုံးတော့ ဒုက္ခသည်စခန်းမှာပဲ အဆုံးသတ်သွားကြရပါတယ်။ ဒီတိုင်းရင်းသားပြည်သူတွေဟာ ဒုက္ခသည် စခန်းထဲကို တန်းရောက်သွားကြတာမဟုတ်ပါဘူး။ အစိုးရစစ်တပ်ကို ပုန်းရှောင်ရင်း ဟိုတောတစ်နေရာမှာ (၁)နှစ်၊ (၂)နှစ်အခြေချလိုက်၊ ဒီတောတစ်နေရာမှာ (၁)နှစ်၊ (၂) အခြေချလိုက်နဲ့ ဒီလိုပဲ သွားရင်း၊ ခိုအောင်းရင်းနဲ့ ရောက်သွားကြတာပါ။ စစ်တပ်တွေကိုလည်း မြို့၊ရွာ အနီးနားတင်မှာ ချထားပြီး တိုင်းရင်းသားပြည်သူတွေရဲ့ အသက်မွေး လုပ်ကိုင်မြေတွေကို လိုချင်ရာလက်ညှိုးထိုးလို့ တပ်မြေဖြစ်ခိုင်းစေခဲ့ပါတယ်။ လွိုင်ကော်မြို့ အ၀င်လမ်းတလျှောက် စစ်တပ်ကသိမ်းယူထားတဲ့ မိမိပိုင် လယ်မြေတွေကို ပြည်သူတွေက အခုထက်ထိ ပြန်ငှါးရမ်းနေရပြီး ခက်ခက်ခဲခဲ လုပ်ကိုင် စားသောက်နေရဆဲပါ။ စစ်တပ်တွေထဲမှာ လျို့ဝှက်ဖြန့်ချိထားတဲ့ အောက်တန်းကျတဲ့ တိုင်းရင်းသားထိုးစစ်ဆင်ရေး၊ ဘာသာရေးထိုးစစ်ဆင်ရေး နည်းဗျူဟာတွေ ဆိုတာလဲရှိပါသေးတယ်။ တကယ်လည်း လုပ်ခဲ့ကြပါတယ်။ ယခု အကောင်အထည်ဖော်တော့မယ့် ကယားပြည်နယ် ဖရူဆိုမြို့က စစ်ရေးလေ့ကျင့်ကွင်းဆိုတာလည်း ပြည်သူတွေရဲ့ လယ်ယာတွေကို မတရားဈေးနဲ့ သိမ်းယူပြီး မြို့ရွာနဲ့ နီးကပ်စွာ တည်ဆောက်ဖို့ ပြင်ဆင်နေကြပါတယ်။ အားလုံးကို ခြုံပြီးဆက်စပ်ကြည့်ရင် အစိုးရရဲ့ ထိုးစစ်ဆင်ရေးဗျူဟာဆိုတာ တကယ်တော့ သူတို့ပြောပြောနေတဲ့ သူပုန်တွေအတွက်မဟုတ်ပါဘူး... တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို မျိုးဖြုတ် သုတ်သင်ရေးလုပ်ဆောင်နေတဲ့ နည်းဗျူဟာပါ။ အင်မတန်မှ ကောက်ကျစ်ယုတ်မာပြီး လူမဆန် ရက်စက်လွန်းပါတယ်။ သူတို့ရဲ့ ပစ်မှတ်က ရိုးသားတယ်ဆိုရင် လွယ်လွယ်လေးပါ။ ကယားပြည်နယ် မြို့ ရွာတွေထဲမှာ ချထားတဲ့ စစ်တပ်တွေအားလုံးကို သန်လျင်မြစ် အရှေ့ဘက်ကမ်းတစ်လျှောက်လုံးဆီ ပို့လိုက်ရင် ပြီးသွားတာပါပဲ။ ဒါပေမယ့် အကြောင်းပြချက်များစွာနဲ့ အစိုးရက သတ်မှတ်ထားတဲ့ တပ်မြေပြင်နေရာတွေက တိုင်းရင်းသားပြည်သူတွေရဲ့ မြို့ရွာတွေထဲမှာ ဖြစ်နေတယ်ဆိုတဲ့အချက်က အများကြီးစဉ်းစားစရာပါ။ အစိုးရ ပြောင်းလဲနေပြီလို့ အော်နေကြပေမယ့်လည်း ပြည်နယ်တွေမှာတော့ ဒီတပ်တွေ မရုတ်သိမ်းမချင်း၊ နည်းဗျူဟာတွေ မပြောင်းလဲမချင်း၊ တိုင်းရင်းသားတွေဟာ အစိုးရစစ်ဆင်ရေးရဲ့ ပစ်မှတ်ကနေ မလွတ်မြောက်မချင်း မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီဖြစ်ထွန်းလာဖို့ဆိုတာ အလှမ်းဝေးနေအုံးမှာပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved