အလုပ်သမားအရေး အစိုးရ ပြောပြီ

Wednesday, October 19, 2011

...







ဒုဝန်ကြီး

ထိုင်းနိုင်ငံရောက် အလုပ်သမားတွေ မြန်မာပြည်ကို ပို့နေတဲ့ငွေတွေ အများကြီးပဲ၊ အလုပ်သမားတွေကို
ထိုက်သင့်တဲ့အကာအကွယ် ပေးရမယ်လို့ အလုပ်သမား ဒုဝန်ကြီး ဦးမြင့်သိန်း ဘန်ကောက်မှာ ပြောလိုက်တာကို ဒီရုပ်သံမှာ မြင်ရ ကြားရမှာပါ။

သံအမတ် ဦးအောင်သိန်းရဲ့ ပြောဆိုချက်လည်း ပါဝင်ပါတယ်။
"အရင်တုန်းက အမှန်အတိုင်း ပြောရင် တရားမ၀င်အလုပ်သမားကသံရုံးကိုကြောက်သလို၊ သံရုံးကလည်း အဲဒီလူတွေကို ကြောက်တယ်" လို့ သံအမတ်က ပြောသွားပါတယ်။








...

3 comments :

  1. Anonymous said... :

    ပြောကြားသွားချက်တွေကို ကြိုဆိုပါတယ်။ ဒီထက် အဆပေါင်းများစွာ ကိုယ့်ဗမာပြည်သားတွေ၊ တိုင်း၇င်းသား ညီအကိုတွေကို အကာအကွယ်ပေးရပါမယ်။ အပိုပြောနေတာမဟုတ်ပါဘူး။ ဖြစ်နိုင်ရင် ရွှေ့ ပြောင်း အလုပ်သမား ဗမာပြည်သားတွေကို ထိုင်း အစိုးရကရော လက်ရှိ ဘောင်ဘီချွတ် အစိုးရက ပါ ကန့် တော့ဦးခိုက် သင့်ပါတယ်။ မြောက်များစွာသော နိုင်ငံခြားငွေတွေကို သူတို့ က ဗမာပြည်အတွက် ရှာဖွေပေးနေတာ နှစ်အတော်ကြာခဲ့ သလို့  ဥပက္ခာပြု ထားခဲ့တာ ပစ်ထားခဲ့တာ ကြာခဲ့ပါပြီး။ လူသာဓု နတ်သာဓု ခေါ်စေဗျာ။ ကိုယ်နိုင်ငံသားကို ကိုယ်စောင့်ရှောက်ရဲရမယ်။ ဒါမှ ပြည်သူက ကလည်းပြန်ပြီး ကောင်းတဲ့သူကို စောင့်ရှောက်မှာပါ...။ ။ သံရုံးဆိုတာ ဗမာပြည်သားတွေ မျက်နှာမငယ်ရအောင် ပြည်ပရောက်နေတဲ့ ပြည်သူတွေ အကျိုးစီးပွားကို ကာကွယ်ဖို့  ဖြစ်ပါတယ်။ သံအမတ်ကြီးရော အလုပ်သမားရော ဝန်ကြီးရော ကျန်းမာ ချမ်းသာပါစေဗျာ။ ပြည်ပ အတိုက်အခံတစ်ဦး။

  1. Anonymous said... :

    ဟုတ်ပါတယ် တရားဝင်ပဲသွားသွား၊ တရားမဝင်ပဲသွားသွား၊ မြန်မာနိုင်ငံသားဟာ မြန်မာနိုင်ငံသားပါပဲ၊ လျစ်လျူရှုလို့မရပါဘူး၊ ကိုယ်နိုင်ငံသားကို ကိုယ်က လျစ်လျူရှုတာဟာ ကိုယ်နိုင်ငံရဲ့ image ကိုလည်း အလွန်ထိခိုက်ပါတယ်၊ အခုလို နည်းလမ်းတကျ တရားဝင်အောင်လုပ်ပေးပြီးတော့ အပြည့်အဝစောင့်ရှောက်ပေးရပါမယ်၊ အခု အလုပ်သမား ဒုဝန်ကြီးဟာ တစ်ကယ်အလုပ်လုပ်တဲ့ ပုဂ္ဂိုလ် တစ်ကယ်အမျှော်အမြင်ရှိတဲ့ပုဂ္ဂိုလ်ပါ၊ အယူအဆတွေ၊ အမြင်တွေပြောင်းလာတာ နိုင်ငံအတွက် အလွန်ကိုကောင်းပါတယ်၊ ပြည်ပအတိုက်အခံ ဆိုတဲ့ ပုဂ္ဂိုလ်ကိုလည်း လေးစားပါတယ်၊ ကောင်းရင်ကောင်းတယ်လို့မြင်တဲ့အတွက်ပါ၊ အများစုက ဘာလုပ်လုပ် ဘယ်လိုမှအကောင်းမမြင်လို့ပါ၊ အဲဒီလိုသူမျိုးကလည်း ဘာမှလုပ်နိုင်စွမ်းမရှိတဲ့သူများပါတယ်၊ ဘေးထိုင်ဘုပြောသက်သက်ပါပဲ၊ ပြည်ပရောက်မြန်မာနိုင်ငံသား အလုပ်သမားများ လုံခြုံဘေးကင်းကြပါစေ၊

  1. Anonymous said... :

    thanks , I also glad to hear

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved