ဖုန်းဖြင့် ရိုက်ထားသော ကဒါဖီ ဒါဏ်ရာများဖြင့်ပုံ |
ပုန်းအောင်းနေသော စစ်အာဏာရှင်ဟောင်း မိုဟာမက် ကဒါဖီကို သူရဲ့ ဇာတိမြို့  ဖြစ်တဲ့ ဆာ့တ် (Sirte) မှာ ဖမ်းဆီးရမိပြီလို့ သိရပါတယ်။
"သူ့ရဲ့  အဖွဲ့ နဲ့  ပြင်းပြင်းထန်ထန်တိုက်ပွဲတွေ ဖြစ်တယ်။ သူဒါဏ်ရာတွေရတယ်။ သူ့ခေါင်းကိုလဲ ထိတယ်။ နောက်ဆုံး ဒါဏ်ရာတွေကြောင့် သေဆုံးသွားပါတယ်"လို့ လစ်ဗျား အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီ(NTC) ပြောရေးဆိုခွင့်ရှိသူက Reuters ပြောတယ်။
Al Jazeera သတင်းပြောဆိုချက်အရတော့ တိုက်ပွဲအတွင်း ဖမ်းမိကြောင်း အတည်ပြု ပြောဆိုပါတယ်။
Getty images |
လစ်ဗျား လမ်းမတွေပေါ်မှာတော့ လစ်ဗျားပြည်သူ လူထုတွေဟာ ပျော်မြူစွာ သေနတ်တွေကို ဝှေ့ရမ်း မီးရှူးမီးပန်းများဖောက် သေနတ်များဖောက်ကာ မြူတူးနေကြပါတယ်။
NTC ဖက်က တိုက်ခိုက်သူတွေက မြို့ထဲမှာ အလံသစ်ကို လွှင့်ထူပြီး သေနတ်တွေကို အောင်ပွဲခံတဲ့အနေနဲ့ လေထဲကို ပစ်ဖေါက်နေကြတာကို ရုပ်မြင်သံကြားတွေမှာ ပြသနေကြပါတယ်။
သေသွားတာ သူ့အတွက် ပိုကောင်းပါတယ် .. Muammar ကဒါးဖီး တော့ သွားပြီ
Myanmar ကဒါးဖီး တွေ အလှည့် ကျန်နေသေးတယ်