ဦးဇာဂနာပြောတဲ့ ဂန္ထဝင်မြောက် တရားစီရင်ချက်
Thursday, October 13, 2011
အိမ်ပြန်ရောက်လာတဲ့ ဦးဇာဂနာ (ဓာတ်ပုံ - YPI)
(Yangon Press International က ထောင်က ပူပူနွေးနွေးလွတ်စ ဦးဇာဂနာနဲ့ အင်တာဗျူးထားတာပါ။ ဦးဇာဂနာရဲ့ အဖြေမှာပါတဲ့ မြန်မာ တရားစီရင်ရေးစနစ်ကို ရှုတော်မူကြပါကုန်။)
YPI၊ ဦးဇာဂနာကို ဘာလို့လွှတ်ပေးတာလဲ။
ဖြေ၊ အဲဒါတော့ ဦးသိန်းစိန် သွားမေးမှ သိမယ်။ ကျွန်တော်လည်း ဘယ်လိုလုပ် သိမလဲ။ မထူးဆန်းလှပါဘူး၊ ကျွန်တော့်ကို ထောင်ချကတည်းက ချမှတ်တဲ့ ပုဒ်မတွေကို ပြောရင်ရယ်စရာကြီး၊ ဟာသအနေနဲ့ ပြောရရင် ဥပမာ ကျွန်တော့်ကိုချတော့ ဗီဒီယို အက် ဆိုတာပါတယ်။ အဲဒီဗီဒီယိုအက်က ဘာလို့ ၃ နှစ်ချလဲလို့ ကျွန်တော်မေးတော့ နာဂစ်မုန်တိုင်း ဓါတ်ပုံပါလို့တဲ့၊ မုန်တိုင်းတိုက်တာနေတာ ဘာလို့လဲ ၊ ဆင်ဆာမတင်လို့တဲ့၊ မုန်တိုင်း တိုက်တာကို ဆင်ဆာတင်ရဦးမှာလား၊ ကျွန်တော်ပြောတာ မုန်တိုင်းတိုက်တဲ့ အလုပ်ကို ခဏရပ်ထားဦး ရိုက်ကူးရေး သွားတင်ပါရစေဦးလို့ ပြောလို့မရဘူးလေ။
နောက်တမှု ၅၀၅ (ခ) က ဘုန်းကြီးဆွမ်းကပ်လို့တဲ့ ၊ ဘုန်းကြီးဆွမ်းကပ်တာ ဘာအပြစ်လဲ အဲဘုန်းကြီးတွေက လမ်းပေါ်လမ်းလျှောက်တယ်တဲ့၊ လမ်းလျှောက်တာတွေ ကျွန်တော်မသိဘူး၊
ဘုန်းကြီးဆွမ်းကပ်တာ ကျွန်တော့်အမြင်ဆို ကျွန်တော်ဒီနေ့ ဗုဒ္ဓဘာသာကနေ ထွက်မယ်၊ မွတ်ဆလင်လုပ်မယ်၊ ဒီတော့ ဒီအမှုက သဘာဝမကျတော့ဘူး၊
နောက်အင်တာနက်ပုဒ်မ အားလုံး အင်တာနက် သုံးတဲ့သူတွေပါ၊ ဒီအင်တာနက် ပုဒ်မမှာ ကျွန်တော့်ကို အမိန့်ချတဲ့ တရားသူကြီးက အင်တာနက်ဆိုတာ မသိဘူး။ ရယ်စရာဘယ်လောက်ကောင်းလဲ ဆို၊ ခင်ဗျား မိုးသီးဇွန်တို့ အောင်ဒင်တို့နဲ့ ဘယ်မှာချက်လဲဆိုတော့ မီးဘိုမှာချက်တယ်လို့ ပြောတယ်။ စိတ်ဆိုးတယ်။ meebo ဆိုတဲ့ ၀က်ဆိုက်က နာမည်လို့ ပြောတာ၊ ညနေမှ ကျွန်တော် မသိလို့ပြောမိတာတဲ့၊ ကွန်ပျူတာတောင် မကိုင်ဘူးတဲ့ အဲလိုလူက အမိန့်ချတာ၊ ကျွန်တော်ဘယ်လို နားလည်ရမလဲ။
အစိုးရရှေ့နေက တရားရုံးမှာ ကိုဇာဂနာ ရှင့်အီးမေးလ် ပြောတဲ့၊ thura61@gmail.com ပေးတော့ ကျွန်မ ပြောနေတာ အီးမေးလ် နော်၊ ဂျီမေးလ် မဟုတ်ဘူးတဲ့၊ အဲလို ဘာမဟုတ်တဲ့ အမှုတွေအတွက် ကျွန်တော် သုံးနှစ်ကျော် နေရတာ များတောင် များသေးတယ်။
ဒီပုဒ်မတွေနဲ့ အီးမေးလ် စာတစောင်ကို ၁၅ နှစ်နဲ့ချလိုက်တာ၊ ကြားမကြားဖူးဘူး၊ ကျွန်တော့်ဆီ ရောက်လာရင် ကြည့်ရမှာပေါ့၊ ဘာကြောင့်လွှတ်လဲဆိုရင် ဒီလိုနေရတာတောင် ပိုများသေး။
22 comments :
  1. Anonymous said... :
    ဟုတ်ပ ... ကိုဇာဂနာရေ ... ဟိုးအရင်ကတည်းက ကိုဇာဂနာ ပြောခဲ့ဖူးတဲ့အတိုင်း ခေါင်းမရှိတဲ့သူတွေ အုပ်ချုပ်နေမှတော့ ... ဒီလိုမျိုးတွေ ဖြစ်တော့မှာပေါ့ ...
    အဲဒီခေါင်းမရှိတဲ့သူတွေရဲ့ စကားနားထောင် မျက်နှာလို မျက်နှာရ ဖါးကြတဲ့ နောက်လိုက် နောက်ပါ လက်ကိုင်ဒုတ်တွေလည်း အများကြီး ရှိပ့ါဗျား ..........
    တိုင်းပြည်အရေးကတော့ ရင်လေးစရာပါ ....
  1. dr.zaw oo said... :
    ko thuya,congrat.gnovts are very low level then u.cruiel,radiculous,stupid,insane,selfish,and ..... are suitable for them.very sorry for our country with them.just need to fight.
  1. Anonymous said... :
    ဟုတ်သားပဲ။ သူများက email ကမေးတာ သူက gmail ဖြေတာကိုး။ fmail လောက်ဆို နည်းနည်းနီးစပ်သေးတယ်။ တရားရုံးမှာ လာနောက်တဲ့ လူဆိုး
  1. Anonymous said... :
    ချီးပေါက်ရင်ထောင်ခြောက်လ..လေတက်ရင်ထောင်သုံးလ....ချောင်းဆိုးရင်ထောင်တစ်လ..အိုကုန်ကုန်ပြောမယ်ဗျာ..
    ချချင်ယင်ချမယ်..မချချင်ရင်မချဘူး....သန်းရွှေတို့စိတ်ထဲမှာဘဲရှိတာ...
  1. ကိုဇာဂနာ လွတ်မြောက်လာသည်။ ပြောရဲ ဆိုရဲ ပြောဝံ ဆိုဝံ သူ တစ်ဦး ပြန်လည် ပြောဆိုတော့မည့် အသံများ ကို ကြားယောင် မြင်ယောင် ရင်း နိုင်ငံတော်တည်ဆောက်မှု့ အတွက်
    တနိုင်တပိုင် အင်းအားတစ်ရပ်ပါ တကားဟု ၀မ်းမြောက် ၀မ်းသာ ကြည်နှုးမိနေပါသည်။
  1. jeff said... :
    ကိုဇာဂနာရေ ... ဟိုးအရင်ကတည်းက ကိုဇာဂနာ ပြောခဲ့ဖူးတဲ့အတိုင်း ခေါင်းမရှိတဲ့သူတွေ အုပ်ချုပ်နေမှတော့ ... ဒီလိုမျိုးတွေ ဖြစ်တော့မှာပေါ့ ...
    အဲဒီခေါင်းမရှိတဲ့သူတွေရဲ့ ပခုံး နှစ်ခုရဲ့ကြား သူတို့ နှစ်သက်ရာ ခေါင်းတင်လို့ရတယ်လေ..သဘောက(ခွေးခေါင်း၊၀က်ခေါင်း၊နွားခေါင်း)
  1. Anonymous said... :
    စကတည်းက ရီနေရပြီ...
    သတိလဲထားပါ ဘိုးတော်...
    စိတ်ဆိုးပြီး ပြန်သွင်းနေရင်ခက်မယ်..
    ဘာပဲဖြစ်ဖြစ် လွတ်လာတာ သိပ်ဝမ်းသာတယ်...
  1. Ohne Pe said... :
    အစ်ကိုရေ နဲနဲပါးပါးလည်း အားနာဖို့ကောင်းပါတယ်....(ခွေးတွေ၊နွားတွေ၊၀က်တွေကို) ပြောပါတယ်.........
  1. Than Setkyar Heine said... :
    Congratulations mate.You sure are a BRAVE BLOKE to say the least.
    Your humor knows NO BOUNDS like your ingenuity as well.
    Just keep KICKING THEIR ASSES I say.
    After all YOU ARE RIGHT IN EVERY WAY.
    Things ain't getting NO BETTER until today.
    And we have every obligation and duty to SAVE the DAY for our country's FUTURE and PEOPLE'S as well today.
    Well, just keep the men in green (civilian) GUESSING until to our VICTORY DAY and BEYOND I say.
    Than Setkyar Heine
  1. Anonymous said... :
    ဦးဇာဂနာ အီးမေးလ် တစ်စောင်ကြောင့် ထောင် ၁၅ နှစ်ချတယ်ဆိုတော့ နိုင်ငံရေး ၀က်ဆိုဒ်တွေ ၀င်ကြည့် ကွန်မက်တွေ ပေးတဲ့လူတွေ နဲ့ ၀င်ပဲ ဖတ်ပြီး ပြန် ထွက်သွားတဲ့ လူတွေ အတွက် ဘာပုဒ်မတွေရှိလဲ သိတဲ့သူတွေ ဖြေပေးကြပါအုံးခင်ဗျား
  1. Anonymous said... :
    အီးမေလ် တစ်စောင်ကြောင့် ထောင် ၁၅ နှစ်ကျရင် နိုင်ငံရေးဆိုဒ်တွေထဲ ၀င်ကြည့်တဲ့သူ/ကွန့်မက်ပေးတဲ့သူ နဲ့ ၀င်ကြည့်ရုံကြည့်ပြီး ပြန်ထွက်တဲ့သူတွေ အတွက် ဘယ်လို ပြစ်ဒဏ်မျိုး ချမှတ်နီုင်ပါသလဲခင်ဗျား။သိတဲ့သူများ ဖြေပေးကြပါ။
  1. Anonymous said... :
    Bravo..ဦးဇာဂနာ...ခင်ညားပြောတာတွေ ..ဟာသ မဟုတ်ပါဘူး.. ရည်စရာ အကြီးကြီးပါ.. သမ္မတကြီးကြားရင် တရုတ်နဲ့ဖိုက်နေရလို့ စိတ်ပိန်နေတာ တွေပြောက်ပြီး ဆုတော်ငွေ ထောင်ဒဏ်ချနေလိမ့်ဦးမယ်...ဘာတဲ့လဲ မုန်တိုင်းတိုက်တာ ဆင်ဆာမတင်လို့...ဘုန်းကြီးဆွမ်းကပ်တာ... အင်တာနက်ဆိုတာ လုံးလားပြားလားမသိဘဲ အင်တာနက်ပုဒ်မှတ်..အီးမေးလ်တောင်းတာ gmailပေးလို့......ပြန်ပေးဆွဲသွားတာ..ဟုတ်လား....ဟားဟားဟား... ပြီးတော့ ...မိုးသီးဇွန်တို့နဲ့ချက်တာ မီးဘို မှာ.. ဟုတ်သားဘဲ မီးဘိုမှာမချက်လို့ဘယ်မှာချက်ရမှာတုန်း....... ဟားဟား
  1. Anonymous said... :
    ကိုဇာဂနာရေ
    အဖြေကတော့ ဦးသန်းရွှေ ကြောက်စိတ်ကြောင့်ပါ ခင်ဗျားရဲ့ အင်းမေ့(ချ) ကကြီးတော့လွှတ်မပေးထားရဲဘူးလေ သူ့ရာထူးအာဏာကိုဘာနဲ့မှမလဲဘူးလေ ဒါကြောင့် လူသာမန်များ လူတော်များ လူကောင်းများ နားမလည်တဲ့ပုဒ်မတွေနဲ့ ခင်ဗျားကိုစွဲချက်တင်တာပါဘဲ လူတိုင်းသိပါတယ်ဗျာ ဦးသိန်းစိန်လဲသိမှာပါဘဲ ဒီတော့ဘယ်သူတောင်းဆိုဆိုမဆိုဆို လွှတ်ပေးရမဲ့တာဝန်လဲသူတို့မှာရှိသဗျ ဆုတောင်းပါတယ် ကျန်နေသးတဲ့ လွှတ်သင့်တဲ့သူတွေလွတ်ပါစေလို့
    ဦးသိန်းစိန်က စိတ်ကောင်းရှိသူမို့ သူတက်လာကတည်းက ရှေးလူကြီးတွေပင်စင်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခြင်း၊ မြစ်ဆုံ၊ ကားဟောင်းလဲခြင်းများ၊ စသည်ဖြင့် ပေါ့ဗျာကောင်းတာတွေတွေ့နေရပါတယ်
    ဆက်လက်ပြီး ဦးသန်းရွှေ လုပ်ခဲ့တဲ့ မတော်မတရားတွေ အရေးယူပေးရင်ကောင်းမယ်ဗျ
    ခက်တာက ခုအစိုးရထဲမှာလဲ ဦးသန်းရွှေ အမာခံတွေ ရှိနေလေရဲ့ဗျာ အဲဒါတွေကိုအရင် ဦးအောင် ဦးသိန်းစိန်ကြီးနှိတ်ကွပ်နှိုင်ပါစေ
    ကျွန်တော်ယုံကြည်ပါတယ် ကိုဇာဂနာ အနုပညာနဲ့ တိုင်းပြည်အကျိုးကို လွတ်လပ်စွာဆောင်ရွက်နိုင်မယ်လို့
    အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေ
  1. Anonymous said... :
    မပြီးခင် ဗမာမမြင်စေနဲ့ဆိုတဲ့စကားက သိပ်ကိုမှန်တယ်။ ခင်ဗျားတို့ (ဇာဂနာအပါအ၀င်) တွေက အစိုးရဘာလုပ် လုပ်အကောင်းမမြင်စိတ်ရှိနေတဲ့သူတွေအတွက်ကတော့ မြန်မာပြည်မှာ နေမနေကြပါနဲ့တော့ဗျာ။ တောင်းပန်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ကို မကြိုက်ရင်လဲ၊ မပျော်ပိုင်နိုင်ရင်လဲ၊ အစိုးရကိုစိတ်ကုန်နေရင်လဲ ကိုယ့်ကိုယ်ကိုသာသတ်သေ(Suside)လိုက်ကြပါတော့ဗျာ။ ကျွန်တော်ကတော့ ဆာမူရိုင်းစိတ်ဓာတ်ကို ကြိုက်တယ်။
  1. Anonymous said... :
    အထက်က ဆာမူရိုင်း စိတ်ဓာတ်ကိုကြိုက်တယ်ဆိုတဲ့ ပုဂ္ဂိုလ်ရေ... ဆာမူရိုင်းကိုကြိုက်တယ်ဆိုရင် သူများကို Suside လုပ်ခိုင်းမယ့်အစား ခင်ဗျားဖာသာ ခင်ဗျား သတ်သေလိုက်ပါလားဗျာ။
  1. Anonymous said... :
    Oh poor man! You need to SUICIDE (suside of yours :D :D) Just like Katy Perry's song "Alien". You are from other world. Be cool and have fun your self. :D :D
  1. Anonymous said... :
    ဆာမူရိုင်းစိတ်ရှိတဲ့လူက သန်းရွေအမျိုးလား..ထွီး
  1. Anonymous said... :
    ဆူမိုတွေ အိမ်သာတက်ပြီး အီးကုန်းဖို့ လူငှားရတယ်လေဗျာ....သူလည်း ဆာမူရိုင်းအီးကုန်း နေမှာပေါ့....
  1. Anonymous said... :
    weather မကောင်းရင်ဖြုတ်လဲပေါ့ခိုင်းတဲ့လူကြီးတွေ
    Ph7 ထုတ်ပြီး၇င် Ph 8 တို့ Ph 9 တို့ဆက်ထုတ်နိုင်အောင်ကြိုးစားလို့ သြ၀ါဒပေးတဲ့လူကြီးတွေရှိတဲ့တိုင်းပြည် ပဲ ဒီလောက်တော့ရှိမှာပေါ့ ကိုသူရ ရေ
  1. Anonymous said... :
    ဟို ကောင် ...ဆာ မူ ရိုင်း..ဆို တဲ့ ကောင် ...ဘာ ဖြစ် နေ လဲ... ကိုယ့် ဘာ သာ ကိုယ် မ လုပ် နိုင် ရင် အေး ဆေး နေ... လုပ် နေ တဲ့ သူ တွေ ကို မ ပုတ် ခတ် နဲ့... မင်း တို့ လို ဖော် လံ ဖါး ခွေး ဝဲ စား ကောင် တွေ ရှိ နေ လို့... မင်း ပ ထွေး တွေ လုပ် ချင် တိုင်း လုပ် လို့ ရ နေ တာ... ထွီ.... ။။။ တော် တော် ရွံ စ ရာ ကောင်း တဲ့ ကောင်...။။။
  1. BO BO said... :
    ကြိုဆိုပါတယ် ကိုသူရ..မြန်မာနိုင်ငံရဲ့ တရားဥပဒေကတော့ သိတဲ့အတိုင်းအံ့မခန်းပါဘဲ...ကိုမင်းကိုနိုင်ကိုတောင် ထောင်နှစ် ရာကျော်ချသေးတာပဲ.အင်တာနက်အကြောင်းတော့ မပြောပါနဲ့ ...ကျွန်တော်တို့ နိုင်ငံတော်ခေါင်းဆောင်ကြီးတွေတောင် သုံးတတ်ရဲ့ လားမသိပါဘူး..ဒီမိုကရေစီနိုင်ငံအစစ်ဖြစ်အောင် တိုက်ပွဲဝင်ပေးကြပါလို့ ....
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved