ဦးနေ၀င်း၊ သင်္ခါရ နဲ့ ကုန်းဘောင်ဆက်

Thursday, October 20, 2011

...



သင်္ခါရတရားတွေကို မသိခဲ့လို့ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခဲ့မိတယ်လို့ ဗိုလ်ချုပ်ကြီးဟောင်းနေ၀င်းက ပြောဆိုတဲ့အကြောင်း ကိုကိုမောင်ကြီး (ဦးချစ်လှိုင်)ရဲ့ ကျွန်တော်သိသော တစ်ရံရောအခါများ စာအုပ်မှာ ရေးထားပါတယ်။

၁၉၉၅ ဇူလိုင်လမှာ ဦးနေ၀င်းက သူ့ဆီသွားတဲ့ ဦးချစ်လှိုင်၊ မဆလခေတ် ပြည်သူ့တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးတင်အောင်ဟိန်းတို့ကို ပြောလိုက်တာပါ တဲ့။

"ကိုယ်လူတွေနဲ့ ကြုံတုန်း ပြောလိုက်ရဦးမယ် .... ကိုယ့်အနေနဲ့ ဒီသံသရာ တရားတွေ သင်္ခါရတရားတွေ အနိစ္စ .... အနတ္တတရားတွေကို ဒီနေ့ သိမြင်သလိုများ ဟိုတုန်းက သိခဲ့မယ် ဆိုရင် ၁၉၆၂ ခုနှစ်၊ မတ်လက ကိစ္စကို ကိုယ်မလုပ်ခဲ့ပါဘူး .... ဟုတ်တယ် .... အဲဒီတုန်းကသာ ဒီတရားတွေကို သိနေခဲ့ရင် ၁၉၆၂ က လုပ်ခဲ့တဲ့ အလုပ်မျိုးကို ကိုယ်မလုပ်ခဲ့ဘူး" (စာ-၇၆၂)

ဦးချစ်လှိုင်က ဒါကို ကြားရတော့ "ဟယ်" ခနဲ ဖြစ်သွားပါတော့တယ် လို့ ဆိုပါတယ်။

ဦးနေ၀င်းကို တွေ့ရတာ ရွှင်ရွှင်လန်းလန်း ကျန်းကျန်းမာမာရှိတယ်၊ "အာနာပါနကမ္မဋ္ဌာန်းကို လေ့ကျင့်ပြီးနောက် ၀ိပဿနာ၏အလုပ်ဖြစ်သော လက္ခဏာရေးသုံးပါးကို ရှုမှတ်ပွားများ လေ့ကျင့်မှု ပြုနေသည်" လို့ ဆိုပါတယ်။


ကုန်းဘောင်ဆက်

ဦးနေ၀င်း နဲ့ ဦးချစ်လှိုင် ၁၉၈၇ နိုဝင်ဘာလမှာ တွေ့တုန်းက ပြောကြတာတွေကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။

"ဟေ့ကောင် ဖိုးချစ်လှိုင် destiny (ဒက်စတီနီ) ဆိုတာကို မင်းယုံရဲ့လား"

"ဟုတ်ကဲ့ .... ကျွန်တော် ယုံပါတယ် .... ဒက်စတီနီ ဆိုတာ ကံပန်းတိုင်ပေါ့ခင်ဗျာ"

"အေး .... ကံပဲ ပြောပြော ဘာပဲပြောပြော destiny ရှိတာတော့ အမှန်ပဲကွ၊ တခြားပြောချင်တာ မဟုတ်ပါဘူး။ ငါ့အကြောင်းပါ။ ငါ့ဦးလေး သခင်ညီ၊ ဦးလေး ဆိုပေမယ့်လို့ အသက်ချင်းကွာတာ မဟုတ်လို့ ငါ့အစ်ကိုပဲ ဆိုပါစို့။ အေး .... သူ နေမကောင်းတာနဲ့ သူ့အစား ဂျပန်ပြည်ကို သွားမယ့် သင်္ဘောပေါ်ကို တခြားအဖော်တွေနဲ့အတူ ငါလိုက်သွားရတယ်။ အဲဒီအချိန်က စပြီး ငါ့ဘ၀ဟာ တစ်ခါတည်းပြောင်းသွားတာပဲ။ Turning-point ပေါ့ကွာ။ ငါသာ အဲဒီလို လိုက်မသွားဖြစ်ခဲ့ရင် ငါဟာ ဗိုလ်နေ၀င်း ဖြစ်လာမှာ မဟုတ်ဘူးကွ။ အဲဒါကို Destiny ပဲလို့။ ဒါပြောချင်တာပဲ"

"ဦးညိုမြရေးတဲ့ ကုန်းဘောင်ရှာပုံတော် စာအုပ်ထဲမှာ ဗိုလ်ချုပ်နဲ့ပတ်သက်လို့ ဗိုလ်ချုပ်ဟာ ဘိုးတော်ဘုရားမင်းရဲ့ အဆက်အနွယ်က ဆင်းသက်လာတဲ့သဘောမျိုး ရေးထားပါတယ်"

"မင်းက ကုန်းဘောင်မင်းမျိုးတွေကို အထင်ကြီးနေတယ်ထင်တယ် .... ကုန်းဘောင်မင်းဆက်တွေ ညံ့ဖျင်းလို့ တို့နိုင်ငံ ကျွန်ဖြစ်ခဲ့ရတာပဲကွ။ ဒါကို မင်းတို့ငြင်းနိုင်မလား။ .... တစ်ခုတော့ ရှိတယ်။ ငါက ရွှေဘို မုဆိုးချုံ ဗိုလ်တွန်က ဆင်းသက်လာတာတော့ မှန်တယ်" (စာ-၈၄၃)

မုဆိုးချုံ ဗိုလ်တွန်ရဲ့ သမီးကို ပဒုံမင်း(အမရပူရမြို့တည်နန်းတည်မင်း) က မိဖုရားအရာ တင်မြှောက်ခဲ့တယ်၊ ဒါပေမယ့် ဦးနေ၀င်းဟာ သူ ပဒုံမင်းက ဆင်းသက်တာကို တိုက်ရိုက်ပြောချင်ပုံမရဘူး လို့ ဦးချစ်လှိုင်က သုံးသပ်ထားပါတယ်။



(ဦးနေ၀င်း ဓာတ်ပုံကို White Lotus Co Ltd က ၂၀၀၂ မှာ ထုတ်ဝေတဲ့ The Disorder in Order: Army State in Burma Since 1962 စာအုပ်အဖုံးကနေ ယူပါတယ်)


...

11 comments :

  1. Anonymous said... :

    That man had introduced Myanmar way of socialism, a though came to him which was taught and ideolized politically to all university level students,generations of that time including army.
    So,all generations of that time knew very well about what he said in 1995.
    Yet,he didn't know it because the mad leader was not taught enough but he destroied deginities of subsequent generations.

    What a mad Leader!

  1. Anonymous said... :

    လူ့ငနွားကြီး

  1. thargyi said... :

    စာအုပ်ကိုဖတ်ချင်ပါတယ်ခင်ဗျာ...ဘယ်လိုရှာရမလည်းခင်ဗျာ..ဒေါင်းလို ရရင်တော့လင့်ကလေးပေးစေချင်ပါတယ်ခင်ဗျာ။

  1. Anonymous said... :

    ၈၈ တုန်းက သေနတ်ဆိုတာတည့်တည့် ပစ်ဖို့ထားတာ ဆိုပြီး ပြည်သူကိုမိုက်ရိုင်းခဲ့တဲ့သူကြီး သေခါနီးမှ တရားအကြောင်း ပြောနေတယ် ။

  1. Anonymous said... :

    လူ့ငနွားကြီးဆိုပြီး မိုက်ရိုင်းတဲ့ comment ရေးလိုက်တဲ့သူ
    ထက် ဥိးနေ၀င်း က အဆပေါင်းများစွာ တိုင်းပြည်အတွက်
    လုပ်ပေးသွားခဲ့ပါတယ်။
    သူ လုပ်သမျှက တိုင်းပြည်နဲ့ လူထုအတွက် မကောင်းတာတွေလည်းရှိသလို
    ကောင်းတာတွေလည်း ရှိခဲ့ပါတယ်။
    သေချာတာတစ်ခုကတော့ ဘယ်နိုင်ငံခြားတိုင်းပြည်တစ်ခုခုရဲ့နောက်မြီးဆွဲနိုင်ငံတစ်ခုဖြစ်အောင် မလုပ်ခဲ့တာပါပဲ။
    ယခင်က နိုင်ငံရေးသမားကြီးတွေမှာ ကောင်းတာ၊ မကောင်းတာတွေ လူတိုင်းရှိကြတာချည့်ပါ။
    အခု NLD က ဗိုလ်ချုပ်ကြီးတင်ဦး ကို ဘယ်လိုသဘောထားပါမလဲ။
    ရိုဟင်ဂျာတွေအပေါ် သူ ပြုမူဆက်ဆံခဲ့တာတွေ ပေါ်လာပြီလေ။ အဲဒါကို
    ဦးနေ၀င်းခိုင်းလို့ လုပ်ရပါတယ်ဆိုပြီး အပြစ်လွှဲချနေပြီ။
    ကောင်းတာမှန်သမျှ ကျွန်တော်လုပ်တာ၊ မကောင်းတာမှန်သမျှ ဦးနေ၀င်းခိုင်းလို့ လုပ်ရတာပါဆိုတဲ့သူတွေ ဘယ်နှစ်ယောက်လောက်တောင် ရှိနေပါသလဲ။
    ဒီလို လူစားမျိုးတွေကြောင့် ဦးနေ၀င်းက ပိုပြီးနံမည်ပျက်နေရတယ်လို့ ထင်မိပါတယ်။
    အခုလိုရေးလိုက်လို့ ကျွန်တော်က စစ်သား၊ မဆလပါတီဝင်၊ ၀န်ထမ်း လို့ မထင်မှတ်လိုက်ပါနဲ့။
    နိုင်ငံရေးကို စိတ်ဝင်စားတဲ့ သာမန်ပြည်သူ၊ မြန်မာနိုင်ငံသားဖြစ်ရတာကိုပဲ ဂုဏ်ယူနေတဲ့သူတစ်ဦးပါ။

  1. Anonymous said... :

    Look how he ended his life.At least before he did he know about Buddha.redl

  1. Anonymous said... :

    ဟ....ဟာ..ဟားတိုက်ပြီးတောင်ရယ်ချင်ပါတော့တယ် အခုတလော facebook မှာ ဟိုမှာဒီမှာ ဖတ်ဖတ် လိုက်ရတဲ့ အကြောင်းလေးတွေပါ ခါတော်မှီ ဆောင်းပါး ဒါမှမဟုပ် သတင်း လို့ ပြောရမလားဘဲ ဘဘကြီးဦးခင်ညွှန့် ဆိုပြီးသံဝေဂရစရာ(video)လေးနဲ့ တင်ထားတာ[MI ထောက်လှမ်းရေး ကိုအသုံးချ တိုင်းပြည်ကို ကောက်ကျစ်ခဲ့သူ....စသဖြစ်] နောက် (ဆောင်းပါးရှင် ငြိမ်းငြိမ်း ရဲ့ )လာဗင်ဒါ ပန်းလေးတွေရဲ့  နောက်ကွယ် ဦးစောမိသားစု အကြောင်း(ဝါးရင်းတုတ်ကိုင် ယ္ခုစွမ်းအားရှင် ကြံ့ /ဖွံ အဖွဲ့ မျိုးစဖွဲ့ ပြခဲ့သည်မှ နိုင်ငံတော်လုပ်ကြံတဲ့ထိ] နောက် ကျွှန်တော်က ဦးသန်းရွှေ သမက်မဟုပ်ဘူး ဒေါ်အောင်ဆန်းစုကြည်ကို ကားကူညီဘူးကြောင်း ဦးတေဇ[တိုင်းပြည် စီးပွါးရေး ချယ်လှယ်သူ...စသဖြစ်]...အင်းခုလဲ သင်္ခါရတဲ့ ပြောတာက တစ်ချိန်က ပုလင်းတူဘူးဆို့  ဒါးရေးထက်သူတွေ ဖတ်လိုက်ရင်တော့ ကိုယ်ချင်းစာစရာပါ ဒါဟာတစ်ဖက်လှဲ့ အရောင်တင်တာပါဘဲ...ဦးစောမောင် မိန့် ခွန်းမှာထည့်ပြောခဲ့တယ် ဦးနေဝင်းကပြောဘူးတယ်တဲ့ လွမ်းစရာရှိရင် နာစရာနဲ့ ဖြောက်တဲ့ကွယ်တို့ 

  1. Anonymous said... :

    လွတ်လပ်ရေးရပြီး အုပ်ချုပ်တဲ့သူတွေမှာ တူညီတာရှိတယ် ဘုရားဆုပန်တို့  မင်းမျိုးမင်းသွေးပါတာတို့  စသဖြစ်ရူးကြတာပါဘဲ

  1. Anonymous said... :

    နေ၀င်းဘာပြောပြော သူဟာ လူမိုက်ဘဲ။ သူက မွေးထုတ်လိုက်တြ. စစ်တပ်ကလဲ လူမိုက်တွေဘဲ။
    ဥာဏ်မပါဘူး။ ဥာဏ်နဲ ဥာဏ်မွဲသူတွေ တဆက်အုပ်ချုပ်လို. တိုင်းပြည်က ခဲတံတချောင်တေားင် ကော်ငးကောင်းမဖြစ်ဘူး
    နေ၀င်းဟာ ဖာချတာနဲ.အလောက်းအစားဘဲ တကယ်လုပ်သွားတာ။ တိုငးပြည်ငေါတွေနဲ. နိုင်င့ခြားသွားအလောင်းအစားလုပ်သွား။ သူအာဏာမြဲဘို. တပ်ကျပ်တွေကို ဗိုလ်ချုပ် (ကာကွယ်ေ၇းဦးစီးချုပ်)ဆိုပြီးခန်.သွားတာ. ။ န်းမျိုးန်းနွယ်၇ူး၇ူး၇အောင် သူက တ၇ုတ်ပုတ်ဘဲလေ။

  1. rroo said... :

    လူမိုက်တွေပါဘဲ။
    တကယ်မသိလို.။
    တကယ်သိ၇င် လူမိုက်မလုပ်ဘူး။

  1. အောင်ဆန်းလက်သစ် said... :

    ဦးနေ၀င်းဘာကောင်ပဲဖြစ်ဖြစ် ကျုပ်ကတော့ကျေးဇူးတင်တယ်။သူလက်ထက်မှာ တိုင်းပြည်မတိုးတက်ခဲ့ဘူး။လက်ခံတယ်။ ဒါပေမဲ့ပြည်ထောင်စုမပြိုကွဲခဲ့ဘူး။တိုင်းတပါးရဲ့လွှမ်းမိုးမှု မရှိခဲ့ဘူး။ ဘယ်နိုင်ငံကအကောင်မှလာပြီးကွန်မန့်ပေးလို့မ၇ဘူး။
    အခြေအနေနဲ့အချိန်အခါရ စစ်တပ်နဲ့အုပ်ချုပ်ခဲ့ရတာမှန်ပါတယ်။ မကောင်းတာတွေလည်းတပုံကြီးရှိသလို ကောင်းကွက်ကလေးတွေကိုလည်း ပြန်ကြည့်ကြပါဦး။
    ကျုပ်မဆလလဲမဟုတ်ဘူး။၈၈ကပေါက်လာတဲ့ ခေတ်သစ်အောင်ဆန်းမျိုးဆက်ပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved