အသက် ?0 နောက်ပိုင်း ဘာလုပ်မလဲ လို့ ကဏ္ဍအသီးသီးမှာ သူ့နည်းသူ့ဟန်နဲ့ ရပ်တည်နေသူတွေကို မေးကြည့်တော့ အဖြေတွေက ဒီလိုပါ -
ဒီမေးခွန်းကိုဖြေလိုက်ပြီထား။
ကျနော်က ၇၀ ကျော်ထိ မနေရရင် ဒီမေးခွန်းလေးက လွမ်းကျန်နေတော့မှာဗျ။
ဟုတ်ကဲ့ - ပိုလုပ်ဖြစ်မှာက စာရေး စာဖတ်နဲ့  အနုပညာလုပ်ငန်းတချို့ ပါပဲ။
ကဗျာဆရာ နေဇော်နိုင်
http://facebook.com/nayzaw.naing
အသက် ၇၀ ကျော်ရင်တော့ ကျနော့်ဇာတိ ပုပ္ပါး ပြန်မယ်။
အရင်အတိုင်း မြေပဲ ပြန်စိုက်တော့မယ်။
ကျနော် မလုပ်နိုင်ရင် ကျနော့် သားတွေ၊ သမီးတွေ မြေးတွေလုပ်တာကို ထိုင်ကြည့်မယ်။
လူရွှင်တော် ပန်းသီး
ဆိတ်ငြိမ်တဲ့ နေရာနဲ့ ခြံဝန်းကျယ်ကျယ်မှာ သစ်ပင် စားပင် ပန်းပင် တွေစိုက်ပြီး နေချင်တယ်။
ဘလော်ဂါ ခင်မင်းဇော်
http://khinminzaw.blogspot.com/
ဟေး၊လား ယောက်ျားဘသားလေးလေ့။
မယ်ကမ္ဘာပြိုင်ပွဲကို ရှေ့တန်းက အားပေးနေချင်ပါတယ်။
မယ်ကမ္ဘာနုဿတိဆိုပါတော့။
ဘလော်ဂါ မင်းဒင်
http://www.mindin.info/
မသိပါ။
Ronald အောင်နိုင်၊ စာနယ်ဇင်းသင်တန်းဆရာ
http://facebook.com/RonaldAungNaing
အသက် ၇၀ မှာ စာ ဆက်ရေးနေမယ်။
ပန်းချီဆွဲမယ်။
ခရီးသွားမယ်။
ဘလော်ဂါ ဇော်မင်း
fine-leaves.blogspot.com
အသက်၇၀ကျော်ရင် သူငယ်ပြန်မယ်။
ဘလော်ဂါ ပြည်ပရောက်တောအုပ်
http://blueskyforest.blogspot.com/
၇၀ ကျော် ??
အဟတ်ဟတ်။
တစ်ခါမှ မတွေးဖူးဘူး။
လေးဆယ်လောက်ဆို တော်ရောပေါ့။
ဘလော်ဂါ ဥက္ကာကိုကို
http://www.oakkarkoko.com/
စာရေးစာဖတ်ပဲ ဆက်လုပ်နေဖြစ်မယ်ထင်ပါတယ်။
ဒါပဲ လုပ်တတ်တာကိုး။
ကဗျာဆရာ နှင်းခါးမိုး
http://www.nykomme.blogspot.com/
အဲ့ချိန်လောက်ဆို သေပြီထင်ပါတယ်။
ခုအသက်ရှင်နေရတဲ့အချိန်လေးမှာပဲ အလုပ်သင့်ဆုံး ကိစ္စတွေကိုပဲ လုပ်ဖို့ ပဲစဉ်းစားသွားမယ်။
အသက် ၇၀ ထိတော့ စောင့်မနေတော့ပါဘူး။
ဘရဏီ၊ ဒီဗွီဘီ လူငယ့်အသံ
နေရရင်တော့ စာတွေရေးဖြစ်နေမလားပဲ။
မျက်စိလည်းကောင်း၊ ကျန်းမာရေးလည်းကောင်း ဆိုရင်ပေါ့...
ဦးခင်မောင်ထွေး (ထွေးဦးမြန်မာ)
http://htweoomyanmar.com/
.
နေကြပါဦး ရ၀ ကျော်အထိ နေရမယ်လို့ ကိုယ့်ကိုကိုယ် ထင်လို့ လား။ ထင်ရင်လည်း ထင်ပေါ့။ လှသန်းတောင် ၄၉ နှစ်နဲ့ သွားပြီ။ ဒါတောင် သူက အနိုင်နဲ့ ဖြတ်ခဲ့တာ။
ချိုစိမ့်