DVB ရှင်းတမ်း

Saturday, October 1, 2011


ပြည်ပ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ရဲ့ ငွေကြေး အရှုပ်တော်ပုံ ကိစ္စ နဲ့ ပတ်သက်လို့ DVB က စာနယ်ဇင်းရှင်းတမ်းအဖြစ် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီကိစ္စတွေဟာ ပြည်တွင်းက သတင်းထောက်တွေ၊ ထိုင်းနိုင်ငံ အခြေစိုက် ချင်းမိုင်က သတင်းထောက်တွေနဲ့ မပတ်သက်တဲ့အတွက် ရုပ်သံနဲ့ သတင်းလွှင့်ချက်တွေကို ပုံမှန်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ လောလောဆယ် အရှုပ်ထုပ်ကို ရှင်းနေချိန်၊ စုံစမ်းစစ်ဆေးနေချိန်မှာ DVB ရဲ့ စီမံခန့်ခွဲမှုအပိုင်းနဲ့ ပတ်သက်လို့ တာဝန် အရှိဆုံး လူတွေဖြစ်တဲ့ ကိုခင်မောင်ဝင်းနဲ့ ကိုအေးချမ်းနိုင်တို့ ခေတ္တနုတ်ထွက်ပြီး လောလောဆယ် စီမံခန့်ခွဲမှု အပိုင်းကို ဦးဟန်ညောင်ရွှေက တာဝန်ယူထားပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ VOA ကနေပြီး ဦးဟန်ညောင်ရွှေကို အင်တာဗျူးထားပါတယ်။ ဒါကြောင့် ဧရာဝတီ ဘလော့ဂ်က နေပြီး DVB ရဲ့ ထုတ်ပြန်ချက်နဲ့ VOA က အင်တာဗျူးတို့ကို ဖော်ပြပေးလိုက်ပါတယ်။


Press Statement: possible embezzlement of funds in DVB thumbnail
By DVB
Published: 30 September 2011

1. The Management and Board of Directors of the Democratic Voice of Burma (DVB) have discovered that the leadership of DVB ’Inside Operations’ in Burma may have embezzled in 2010, up to Baht 9 million (1.7 million Norwegian Kroners or approximately 300,000 US Dollars) from funds allocated for journalists and operations inside Burma.

2. Preliminary investigations by the Board show that other DVB journalists working in Burma and elsewhere were not involved.

3. The Executive Director of DVB, Aye Chan Naing, and the Deputy Executive Director, Khin Maung Win, although not involved in the embezzlement, have taken full responsibility. They have stepped down from their management positions to enable external auditors to conduct an impartial investigation.

4. The Board of Directors have accepted the decision of the two Executive Directors and have appointed Harn Yawnghwe as Acting Executive Director of DVB to oversee operations in the interim.

5. The DVB Board has initiated legal action. This initiative is of crucial importance to prove that the DVB as an exiled media institution that promotes democratic values and transparency does not allow any organisational practices that go contrary to what it is promoting. DVB is registered as a Norwegian Foundation.

6. This process will not have any major impact on DVB operations, nor on any of the DVB affiliates.

Over the years, DVB has built up an extensive network of reporters inside the country, which has delivered news under challenging conditions. The fact that 17-DVB journalists from the network at present are serving from 3 to 65 year terms in various prisons in Burma is a clear indicator of the selfless and dedicated work of these journalists.

(Harald Bockman)

ဒီမိုကရက်တစ်မြန်မာ့အသံ ငွေကြေး အရှုပ်အရှင်းဖြစ်ပွား (VOA နှင့် ဦးဟန်ညောင်ရွှေ အင်တာဗျူး)

နော်ဝေနိုင်ငံအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ DVB မှာ ဦးဆောင် ညွှန်ကြားရေးမှူးနဲ့ လက်ထောက် ညွန်ကြားရေးမှူးတို့ ရာထူးကနေ နုတ်ထွက်သွားပါတယ်။ လုပ်ငန်းအတွင်း ငွေကြေးကွာဟမှုတွေက အမေရိကန်ဒေါ်လာ ၃ သိန်းလောက်ရှိနေလို့ ဒါကိုစစ်ဆေးဖို့ နော်ဝေ အာဏာပိုင်တွေကို တိုင်ကြား ထားတယ်လို့ မနေ့က တရားဝင် ကြေညာချက်ထုတ်ပြန်ပါတယ်။ ဒီလိုပြဿနာတွေ ရှိနေပေမဲ့ DVB ရဲ့ ရုပ်သံထုတ်လွှင့်မှုနဲ့ ရေဒီယိုထုတ်လွှင့်မှုတွေကတော့ အပြောင်းအလဲမရှိဘူးလို့ ဆိုပါတယ်။ ဒီအခြေအနေတွေကို သိနိုင်အောင် လက်တလော ဦးဆောင် ညွှန်ကြားရေးမှူးတာဝန်ကို ယူထားတဲ့ ဦးဟန်ညောင်ရွှေကို ကိုကျော်အောင်လွင်က ဆက်သွယ် မေးမြန်းထားပါတယ်။

အခု ဒီမိုကရက်တစ်မြန်မာ့အသံ DVB က ထိပ်တန်းခေါင်းဆောင်တချို့ နုတ်ထွက်သွားတယ်၊ ရာထူးအပြောင်းအလဲတွေ ရှိလာတယ်၊ ငွေရေးကြေးရေး ပြဿနာတွေ တက်နေတယ်လို့ ကြားရပါတယ်။ အဓိက ဘယ်လိုဖြစ်တာပါလဲခင်ဗျ။ -

“အဓိက ပြဿနာဖြစ်တာကတော့ ကျနော်တို့ရဲ့ မဲဆောက်ရုံးပေါ့နော်။ ပြည်တွင်းက အဖွဲ့အစည်းလည်း ပြဿနာမရှိဘူး။ တခြားမှာလုပ်နေတဲ့ DVB လည်း ပြဿနာ မရှိဘူး။ ဒါပေမဲ့ မဲဆောက်ရဲ့ ခေါင်းဆောင်မှုပေါ့။ အဲဒီအဖွဲ့အစည်းက ခေါင်းဆောင်တွေက သူတို့ report (အစီရင်ခံစာ) တင်တဲ့ကိစ္စနဲ့ ကျနော်တို့ ပြန်စိစစ်တာနဲ့ လွဲနေလို့ ဖြစ်ပါတယ်။”

ဆိုတော့ မဲဆောက်ရုံးခွဲနဲ့ ရန်ကုန်နဲ့ကြားက ပြဿနာလား၊ မဲဆောက်ရုံးခွဲနဲ့ နော်ဝေ ဌာနချုပ်ကြားက ပြဿနာလားခင်ဗျ။ -

“မဲဆောက်ရုံးနဲ့ အော်စလိုကြားမှာ စာရင်းတင်တဲ့နေရာမှာ မကိုက်ဘူးပေါ့နော်။ သူတို့ တင်လာတဲ့စာရင်းနဲ့ ကျနော်တို့ ပြန်ကြည့်တဲ့စာရင်းနဲ့ မတူဘူး။ အဲဒါဖြစ်နေတယ်။”

လောလောဆယ် ဦးဟန်ညောင်ရွှေက ဦးဆောင် ညွှန်ကြားရေးရာထူးကို ယူထားလိုက်ပြီဆိုတာ ဟုတ်ပါသလား။ ဒါက ယာယီလား၊ ဘယ်လိုပါလဲခင်ဗျ။ -

“အခုက ယာယီပါ။ ဘာကြောင့်လဲဆိုရင် ကျနော်တို့က နော်ဝေဥပဒေအရ အရေးယူရတော့ အပြင်ကနေမှ လာစိစစ်ဖို့ရှိတယ်။ အပြင်က လာစိစစ်တော့ ကိုအေးချမ်းနိုင်တို့၊ ကိုခင်မောင်ဝင်းတို့က ဆက်ပြီးတော့မှ တာဝန်ခံနေရင် သူတို့လည်း အနှောက်အယှက်ဖြစ်မှာစိုးလို့ ကိုခင်မောင်ဝင်းတို့ကလည်း သူတို့ ယာယီ ထွက်ပေးမယ်။ လာစုံစမ်းတဲ့ ပုဂ္ဂိုလ်တွေ၊ လာ စိစစ်တဲ့ပုဂ္ဂိုလ်တွေ လွတ်လွတ်လပ်လပ် ရှာဖွေနိုင်အောင်ပေါ့၊ စိစစ်နိုင်အောင်။ ကျနော်က သူတို့ စီမံခန့်ခွဲတဲ့ တာဝန်ကို မကိုင်တော့ ကျနော်က ယာယီကိုင်ပေးတာဖြစ်ပါတယ်။”

အခု ကျနော်တို့ ကြားတာက ဒေါ်လာ ၃ သိန်းဖိုးလောက် ငွေ ကွာဟမှုရှိနေတယ်လို့ ကြားပါတယ်။ အဲဒါက အလွဲသုံးစားလုပ်တယ်လို့ ပြောလို့ရမလားခင်ဗျ။ -

“ကျနော်တို့ကတော့ ကွာဟတယ်ဆိုတော့ ဒီကိစ္စကို အမှုလုပ်မယ်။ သူတို့က အလွဲသုံးစားတာလား၊ ဘယ်လိုဖြစ်သလဲ ဆိုတာက ဒီရုံးကနေပဲ ဆုံးဖြတ်ပါလိမ့်မယ်။”

ဆိုတော့ အဓိက တာဝန်ရှိသူတွေက ဘယ်သူတွေလဲခင်ဗျ။ -

“ဒါ နံမည်ကတော့ မပြောပါရစေနဲ့။ တရားရုံးမှာ ကျနော်တို့က အရင် တင်ချင်ပါတယ်။ တရားရုံးက လက်ခံမှပဲ နံမည်တွေဘာတွေ ထွက်လာပါမယ်။ အဓိက ကတော့ ပြည်တွင်းလုပ်ငန်း ဦးဆောင်တဲ့ပုဂ္ဂိုလ် သုံးယောက်လောက် ပါပါတယ်။ တခြား ပြည်တွင်းကလူတွေ မပါဘူး။ မဲဆောက်က တာဝန်ခံတဲ့ သုံးယောက် ဖြစ်ပါတယ်။”

ဒီလို အခြေအနေတွေ ဖြစ်လာတဲ့အတွက်ကြောင့် DVB ရဲ့ အသံလွှင့်တဲ့လုပ်ငန်းတွေ၊ ရေဒီယိုလုပ်ငန်းတွေ ဘယ်လိုထိခိုက်မှုတွေ ရှိလဲ၊ ဘယ်လို အပြောင်းအလဲတွေ ရှိပါလဲခင်ဗျ။ -

“သတင်းထုတ်တဲ့ဆိုက်ကတော့ ပြဿနာမရှိဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပြည်တွင်းက သတင်းထောက်တွေနဲ့လည်း ကျနော်တို့က ဆက်ပြီး လက်တွဲ လုပ်နေတာရှိတယ်။ ဒီ အော်စလိုဘက်မှာ၊ ဇင်းမယ်ဘက်မှာ၊ အိန္ဒိယဘက်မှာလည်း သတင်းထုတ်တဲ့ဘက်မှာတော့ အပြောင်းအလဲ ဘာမှမရှိပါဘူး။ ကိုအေးချမ်းနိုင်နဲ့ ကိုခင်မောင်ဝင်းတို့ကလည်း အုပ်ချုပ်ရေးဘက်မှာ မကိုင်ဘဲနဲ့ သတင်းထုတ်တဲ့ဘက်မှာ ဆက်လုပ်သွားမယ်ဆိုတော့ ပြဿနာမရှိဘူး။ ကျနော် လာကိုင်တဲ့နေရာမှာကလည်း ကျနော်တို့ management ဘက်က ဒီ့ထက်ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ ဆိုတာကိုပဲ ကျနော်တို့က ဂရုစိုက်ပြီးကြည့်မယ်။”

ဦးအေးချမ်းနိုင်နဲ့ ဦးခင်မောင်ဝင်းတို့က သူတို့ရဲ့ ရာထူးတွေကနေ နုတ်ထွက်သွားတယ် ဆိုပေမဲ့ DVB လုပ်ငန်းထဲမှာတော့ ဆက်ပြီး လုပ်နေဦးမှာပေါ့။ -

“ဟုတ်ကဲ့။ ဘာကြောင့်လဲဆိုတော့ သူတို့က ဒီ အုပ်ချုပ်ရေးပိုင်းမှာ ငွေရေးကြေးရေး ကိုင်တဲ့နေရာမှာ သူတို့က မကိုင်တော့ဘူး။ ကျနော်တို့ စိစစ်ရေးကိစ္စမှာ အနှောက်အယှက်မပေးဖို့ လွတ်လွတ်လပ်လပ် စိစစ်နိုင်အောင် သူတို့က သူတို့ကိုယ်သူတို့ နေရာကနေ နုတ်ထွက်သွားတာဖြစ်ပါတယ်။”

ဒီမိုကရက်တစ် မြန်မာ့အသံ DVB ရဲ့ ဦးဆောင် ညွှန်ကြားရေးမှူးသစ် ဦးဟန်ညောင်ရွှေကို ကျေးဇူးအများကြီး တင်ပါတယ်။

6 comments :

  1. Anonymous said... :

    CLEAN MEDIA, GOOD MEDIA ဖြစ်ပါစေ။

  1. Anonymous said... :

    We respect DVB because they have the courage to take action for those who misused US$ 350,000.
    Why SPDC didn't have the courage to take actions to all Generals and Ministers who misused their authorities and corrupted with BILLIONS OF DOLLAR. Their Slogan is "Disciplined Tatmataw". Is their discipline meant stealing the state funds and robbery ????

  1. yeyintlwan said... :

    ကြေးမုံ နဲ့ မြန်မာ့အလင်း နောက်ကျောဖုန်း က စာသားတွေ ပြန်ထည့်ပေးရမလို ဖြစ်နေပြီ ဇာတ်မင်းသားကြီး ကတော့ ခုလောက်ဆိုကွေးနေအောင်ကနေလောက်ပြီ ဘာတဲ့ ၀ါဆိုဝသန်မိုးသဲရင်ငိုမိတယ်

  1. Anonymous said... :

    "" DVB က ကိုယ်တိုင်မြှင့်တင်နေသည့် ဒီမိုကရေစီတန်ဖိုး၊ ပွင့်လင်းမြင်သာမှုတို့နှင့် ဆန့်ကျင်သည့် လုပ်ရပ်များကို ဆောင်ရွက်မည်မဟုတ်ကြောင်း သက်သေပြနိုင်ရန် ဤသို့စုံစမ်းစစ်ဆေးရန် အရေးကြီးသည်ဟု သတင်း ထုတ်ပြန်ချက်က ဆိုသည်။ "" ပြောတော့ အဟုတ် လုပ်တော့ တလွဲ လူငမွဲ တဲ့ စာဆိုရှိတယ်နော် DVB အက်ဒမင်ပိုင်းက အပြောနဲ့ အလုပ်နဲ့လဲမညီ လက်သင့်ရာစားတော်ခေါ် အဲ့ဒါတွေကြောင့်လဲ ခြေခေါက်လဲတာပေါ့ စိတ်မကောင်းပေမယ့် ဝမ်းသာပါတယ် အထက်လူကြီးတွေအကုန်ထုတ် မျိုးဆက်သစ်နဲ့ဆက်ချီတက်ပါ ခုလိုအဖြစ်မျိုးတွေ အတုယူ သင်္ခန်းစာယူပါ DVB သိက္ခာ နဲ့ ရိက္ခာ မလဲပါနဲ့ သမိုင်းကောင်းပါစေ။

  1. joseph said... :

    ကြားရဒါစိတ်မကောင်းဘူးဗျာ။DVB ကိုအမြဲအားပေးနေသူပါ။ သန့်ရှင်းသောသတင်းငှာနဖြစ်ပါစေ။

  1. Anonymous said... :

    I think DVB has a large fan base in Myanmar and It had produced a successful documentary about Saffron revolution and others.. We support the DVB as long as they are transparency . But in Dr lun Swe Blog, the way Tun Aung Kyaw criticizes the DVB is without facts and evidances. We can see his anger and jealousy towords DVB team Because he was kick out from Dvb. Any organisation should aware of this type of people..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved