ဒီနေ့ သတင်းစာထဲမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက် မစ်ချယ်နဲ့ ကာချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံတဲ့ သတင်းတို တွေ့ရပါတယ်။
သတင်းတို အဆုံးမှာ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စများကိုပါ ဆွေးနွေးတယ်လို့ ဖတ်ရပါတယ်။ ဒါ အမေရိကန်-မြန်မာ ဆက်ဆံရေး တိုးတက်လာတဲ့ လက္ခဏာလို့လည်း ဆိုနိုင်မယ် ထင်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်း ပေါက်ဖော်ကြီးနဲ့ ဝေးသည်ထက် ဝေးအောင် ရုန်းထွက်နေပြီလို့ မြင်ရပါတယ်။ မြန်မာသာ အမေရိကန်နဲ့ စစ်ရေးအရ ပလဲပနံသင့်မယ်ဆိုရင် တရုတ်ကြီးကတော့ ဆွေ့ဆွေ့ခုန်တော့မှာ မြင်ယောင်မိပါသေးတယ်။
ကာတွန်းဟန်လေးကတော့ တရုတ်ကြီး အပြေးလိုက်နေပုံကို အောက်မှာ သရုပ်ဖော်ထားပါတယ်။
တယုတ်နဲ့ ဆွေမျိုးပေါက်ဖေါ်ဆိုပြီး လုပ်လာတာနှစ်ပေါင်းမနဲတော့ဘူး ဘာအကူအညီတွေနဲ့ တိုးတက်ဖွံ့ဖြိုးလာခဲ့သလဲ အေး လူလိုအသိတရားမရှိတဲ့ကောင်တွေ မလှိမ့်တပတ်နဲ့ ကိုယ်ဆီက အဆီအနှစ်ပါမက အရေခွံပါဆုတ်သွားခဲ့တာ သတိမပြုကြသေးရင်တော့ အရိုးပါ ဝါးစားခံကြရလိမ့်မယ်