တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရန်

Friday, November 4, 2011





ဒီနေ့ သတင်းစာထဲမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက် မစ်ချယ်နဲ့ ကာချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံတဲ့ သတင်းတို တွေ့ရပါတယ်။

သတင်းတို အဆုံးမှာ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စများကိုပါ ဆွေးနွေးတယ်လို့ ဖတ်ရပါတယ်။ ဒါ အမေရိကန်-မြန်မာ ဆက်ဆံရေး တိုးတက်လာတဲ့ လက္ခဏာလို့လည်း ဆိုနိုင်မယ် ထင်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်း ပေါက်ဖော်ကြီးနဲ့ ဝေးသည်ထက် ဝေးအောင် ရုန်းထွက်နေပြီလို့ မြင်ရပါတယ်။ မြန်မာသာ အမေရိကန်နဲ့ စစ်ရေးအရ ပလဲပနံသင့်မယ်ဆိုရင် တရုတ်ကြီးကတော့ ဆွေ့ဆွေ့ခုန်တော့မှာ မြင်ယောင်မိပါသေးတယ်။

ကာတွန်းဟန်လေးကတော့ တရုတ်ကြီး အပြေးလိုက်နေပုံကို အောက်မှာ သရုပ်ဖော်ထားပါတယ်။


6 comments :

  1. Anonymous said... :

    တယုတ်နဲ့ ဆွေမျိုးပေါက်ဖေါ်ဆိုပြီး လုပ်လာတာနှစ်ပေါင်းမနဲတော့ဘူး ဘာအကူအညီတွေနဲ့ တိုးတက်ဖွံ့ဖြိုးလာခဲ့သလဲ အေး လူလိုအသိတရားမရှိတဲ့ကောင်တွေ မလှိမ့်တပတ်နဲ့ ကိုယ်ဆီက အဆီအနှစ်ပါမက အရေခွံပါဆုတ်သွားခဲ့တာ သတိမပြုကြသေးရင်တော့ အရိုးပါ ဝါးစားခံကြရလိမ့်မယ်

  1. Anonymous said... :

    ဒါက ၀မ်းသာစရာသတင်းပါ။ ဘယ်နိုင်ငံမဆို ကိုယ့်အကျိုးကို အဓိကထားတယ်ဆိုပေမယ့် အမေရိကန်လို လူ့အခွင့်အရေးလေးစား လိုက်နာ တဲ့ နိုင်ငံလိုမျိုး၊ သူ့အကျိုး - ကိုယ့်အကျိုး နှစ်ဘက်ကြည့်တဲ့ နိုင်ငံမျိုး နဲ့ပေါင်းရတာ Win-Win Situation ပါ။

    ကမ္ဘာမှာ အမေရိကန် နဲ့ ပေါင်းလို့ အကျိုးယုတ်တဲ့နိုင်ငံမရှိပါဘူး။ တရုတ် နဲ့ပေါင်းလို့ ခွေးဖြစ်သွားတဲ့နိုင်ငံတွေ အများကြီးပါ။

  1. Anonymous said... :

    That is the good news.American is much better than China in every aspects especially social responsibility and foreign policy.American always thinks about not only their benefit but also local development.China just think about how to suck blood.

  1. shwemanthu said... :

    တရုတ်နဲ့ ပေါင်းလို့ ရတဲ့ အကျိုးအမြတ်တွေက အကုန်လုံး ဗိုလ်ချုပ်တွေရဲ့
    စည်းစိမ်ဖြစ်သွားကြပြီလေ............

  1. Anonymous said... :

    Look back the history of our country ,British,Japan,Westerner, China and now what?????????
    Can't we stay free from foreign power . why we so exciting to replace so call friend "A" with "B",and then "B" with "C" just for what we think it is better one , when we can take everyone as a trade partner and best for our country with out enemy .

  1. Anonymous said... :

    အမေရိကန်တွေလာရင်တိုက်မယ်ဆိုပြီးလေလုံးထွားခဲ့တာသွားသတိရမိပါရဲ့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved