အဖြေကောင်း

Friday, November 4, 2011



.




ဓာတ်ပုံများ - ဧရာဝတီ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်မောင်မြင့်က နိုဝင်ဘာ ၂ ရက်နေ့ လွှတ်တော်ထဲမှာ အကျယ်တ၀င့် ရှင်းလင်းပြောဆိုနေပါတယ်

ပုတ်ခတ်ဝေဖန်ရင် ပြစ်ဒဏ်ပေးလို့ရတယ်
မသိလို့ လုပ်မိတာဆိုရင်တော့ ခွင့်လွှတ်လိုက်မယ် လို့ ဆိုပါတယ်


လွှတ်တော်ထဲ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တယောက်က ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခဲ့ပါတယ်။

မနေ့တုန်းက ကုလ အထူးကိုယ်စားလှယ် Mr. Vijay Nambiar နဲ့ ဒေါ်အောင်ဆန်းစုကြည် သတင်းထောက်တွေနဲ့ တွေ့တုန်း မေးလိုက်တာပါ။


သတင်းထောက်တဦးရဲ့ မေးခွန်း - လွှတ်တော်ထဲမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်နဲ့။ အန်တီ ဘာများ ပြောချင်ပါသလဲ အဲဒီအပေါ်မှာ?

ဒေါ်အောင်ဆန်းစုကြည်အဖြေ - လွှတ်တော်ထဲမှာ သဘောထား ကွဲလွဲမှုရှိတယ်ဆိုတာဟာ သဘာဝကျပါတယ်။ အဲဒီလိုပဲ ဖြစ်ရမှာပေါ့။

(လွှတ်တော်အတွင်းရေးတွေ၊ သတင်းစာထဲပါတဲ့ ပြောကြားချက်တွေကို ဒေါ်အောင်ဆန်းစုကြည် သိရှိ၊ ဖတ်ရှုထားပြီး ဖြစ်နိုင်သလို ဧည့်သည်တွေ ပွဲတွေ ဆက်နေလို့ သတင်းစာမဖတ်အား၊ သတင်းစုံ နားမထောင်အားတာလည်း ဖြစ်နိုင်ပါတယ်)


သတင်းထောက်တွေနဲ့ တွေ့နေတဲ့ ဒေါ်အောင်ဆန်းစုကြည် Mr. Vijay Nambiar





.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved