ဗုဒ္ဓသာသနာ အကျိုးဆောင်လုပ်ငန်းလုပ်ရန် ခွင့်ပြုချက်လိုသည်

Sunday, November 20, 2011




-----

5 comments :

  1. Anonymous said... :

    ဘယ်အသင်းအဖွဲ့ပဲ ဖြစ်ဖြစ် တရားဝင် တည်ထောင်တော့မယ်.. အများပါဝင် ပက်သက်ပြီး အစည်းအဝေးတွေ ကျင်းပတော့မယ်ဆိုရင် အသင်းအဖွဲ့ လိုင်စင်တင်တာတို့ ဘာတို့နဲ့ သေချာကျကျနန လုပ်ရမယ်ဆိုတာ သဘာဝကျပါတယ်.. ရည်ရွယ်ချက် သိပ်ကောင်းမွန်ပေမဲ့ ဒီလို အများနဲ့သွားရင် လိုက်နာရမဲ့ အရာတွေမှာ နားလည်မှု အားနဲလို့ အုပ်ချုပ်သူကပဲ အတင်းလိုက်ဖိအားပေးသလိုလို ခုလိုမျိုး ဧရာဝတီကတောင် သတင်းလုပ် တင်ရတဲ့ အဆင့်ဖြစ်တာ ပါပဲ.. ငါစေတနာ မှန်တယ် ဆိုပေမဲ့ စည်းစနစ်မကျတာကို ခွင့်ပြုထားရင် ငါ့လိုစေတနာ မမှန်ပဲ အဲဒါကို အသုံးချမဲ့လူတွေဟာ ပေါ်လာနိုင်တာပဲလေ.. အဲလိုလုပ်ကြေးဆို ခရစ်ယာန်သာသနာ အကျိုးဆောင်လုပ်ငန်းတို့.. မွတ်ဆလင်ဘာသာ အကျိုးဆောင်လုပ်ငန်းတို့ အထိမ်းအကွပ်မရှိ ဖွဲ့ကြ.. အစည်းအဝေးတွေ ချိမ့်ချိမ့်သဲ ကျင်းပကြရင်ကော လက်ခံပေးကြမှာပဲလား.. ဒီတော့ ဘယ်ဘာသာ ဘာအကျိုးဆောင်လုပ်ငန်းကိုပဲ ဖြစ်ဖြစ် အဖွဲ့အစည်းအနေနဲ့ လုပ်မယ်ဆိုရင် ခွင့်ပြုချက် လိုရမှာပါပဲ.. အဲဒီထဲမှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာလဲ ခြွင်းချက်မဖြစ်တာတော့ လက်ခံပါတယ်..

  1. Anonymous said... :

    အထက်က ကောမန့်မှာပြောထားတဲ့အတိုင်း သာသနာရေး နဲ့ လူမှုရေးအသင်းဖွဲ့ လုပ်တဲ့အတွက် မှတ်ပုံတင်ရတယ်ဆိုတာ မဆန်းဘူးလို့ မြင်ပါတယ်။ ကိုကျော်သူတို့လည်း အခုလို ပရဟိတ လုပ်ငန်းတွေ လုပ်ခွင့်ရဖို့ အစိုးရဆီမှာ မှတ်ပုံတင်ရတာပါပဲ။

    ထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံ နဲ့ တခြား လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့မှာလည်း သူ့နိုင်ငံသားတွေ လူမှုရေးအသင်းအဖွဲ့ဖွဲ့ရင် မှတ်ပုံတင်ရပါတယ်။ ဒါကလည်း မြန်မာတယောက်အနေနဲ့ ကျနော်ကိုယ်တိုင် ထိုင်း နဲ့ မလေးရှားက သူ့နိုင်ငံသား NGO တွေမှာ လုပ်ခဲ့ဖူးလို့ သိတာပါ။ NGO ရုံးခန်းတွေထဲကို ရောက်ဖူးသူတွေ မြင်ဖူးကြမလိမ့်မယ်လို့ ထင်ပါတယ်။ ဧည့်ခန်းထဲမှာ လူမှုရေးလုပ်ငန်းလုပ်ခွင့်အတွက် အစိုးရဆီမှာ မှတ်ပုံတင်ထားတဲ့ လိုင်စင်လိုဟာမျိုးကို မှန်ဘောင်ထဲမှာ ကျကျနနထည့်ပြီး ချိတ်ထားတာမျိုးတွေကို တွေ့ဖူးကြမှာပါ။

    မြန်မာအစိုးရအနေနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား တွေ မလွှတ်ပေးသေးတာ၊ ပြည်တွင်းစစ်ရပ်သွားအောင် မလုပ်နိုင်သေးတာကို ကျနော့်အနေနဲ့ အပြစ်မြင်ပေမယ့်၊ အခုလို ဘာသာရေး နဲ့ လူမှုရေး အဖွဲ့အစည်းတခု ထူထောင်ဖို့အတွက် ခွင့်ပြုချက်ယူရတာကိုတော့ အပြစ်မမြင်ပါဘူး။ အလုပ်လုပ်တဲ့အခါ စည်းလေး ကမ်းလေး နဲ့ လုပ်တဲ့အခါ ပိုပြီး စနစ်ကျသွားတယ်ဆိုတဲ့ သဘောပါပဲ။

  1. Anonymous said... :

    ဒါပေမဲ့ သံဃနာယက အမိန့်မှာ (BJ သွေးအကူအညီပေးရးအဖွဲ့) ကို လက်သဲကွင်းနဲ့သေချာဖော်ပြထားတော့ ဒါဟာ ဒီချုပ်နဲ့သက်ဆိုင်တဲ့ အဖွဲ့ကို ကူညီတာ မကြီုက်လို့ ကြံ့ဖွံ့က ပိတ်ပင်ခိုင်းတယ်ဆိုတာ ထင်ရှားနေပါတယ်။

  1. ဇော် said... :

    အထက်က ကွန့်မန့်ကို သဘောကျ လက်ခံပါတယ်.်.ယခုဆရာတော်နှစ်ပါးစလုံးဟာ..ကျွန်တော် လေးစားကြည်ညိုရတဲ့ဆရာတော်တွေ ဖြစ်ပါတယ်..သို့ပေမဲ့..အထက်က ပြောသလိုပဲ..လုပ်ထုံးလုပ်နည်း..စည်းကမ်း ဥပဒေများအတိုင်း..လိုက်နာဆောင်ရွက်ခြင်းသည်သာ အမှန်တကယ်ဖြစ်သင့်ဖြစ်ထိုက်တယ်လို ထင်မြင်ပါတယ်..တရားဝင် အသိအမှတ်ပြုအဖွဲ့အစည်း အဖြစ်ရပ်တည်နိုင်ပြီး..ဘာသာသာသနာအကျိုးဆောင်ရွက်နိုင်ပါစေလို့ ရိုသေစွာ ဆန္ဒပြုလိုက်ပါတယ်..

  1. Anonymous said... :

    သုမင်္ဂလဖောင်ဒေးရှင်းက ပညာသင်စရိတ်မတတ်နိုငိတဲ့ဆေးကျောင်းသားများအား
    ထောက်ပံ့မှုစသည်တို့ကိုလုပ်နေခဲ့တာကြာပါပြီ။ယခု ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့ပါဝင်လုပ်ကိုင်နေတဲ့ သွေးအကူအညီပေးရေးအဖွဲ့ကိုပါ ထောက်ပံ့မှုလုပ်မည်ဟု စီစဉ်သောအခါမှ သံဃနာယကကို အသွင်ပြောင်း(အနှစ်သာရမပြောင်း)အစိုးရက ဖိအားပေးပြီးထုံးစံအတိုင်း သံဃနာယ က လက်မှတ်ထိုးထုတ်တဲ့အမိန့်ပါ။မူရင်း အမိန့်မှာ သွေးအကူပေးရေးအဖွဲ့ဆိုတဲ့စာလုံးကို
    လက်သဲကွင်းထားပါတယ်။သွားရောက် ဖတ်၇ှူနိုင်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved