သံအမတ် ဦးမြင့်နောင် ဘယ်သူလဲ

Friday, November 4, 2011




တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမား နှင့်အတူ တွေ့ရသော သံအမတ် ဦးမြင့်နောင် (ဓာတ်ပုံ - Yolande Snyman)

တောင်အာဖရိကရောက် သံအမတ်ဦးမြင့်နောင်၏ နောက်ကြောင်းကို စစ်ဆေးရန် တောင်အာဖရိက အခြေစိုက် Mail & Guardian Online သတင်းဌာနက ယနေ့ ရေးသားလိုက်သည်။

ဦးမြင့်နောင်သည် ယခင်က ဗိုလ်မှူးချုပ်တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ဖွယ်ရှိပြီး ကရင်တိုင်းရင်းသားကျေးရွာများတွင် လူ့အခွင့်အရေး ချိုးဖောက်မှု၊ ၂၀၀၇ သံဃာ့အရေးအခင်းကို ရက်စက်စွာ နှိပ်ကွပ်မှု စသော ပြစ်မှုများနှင့် ဆက်စပ်ဖွယ် ရှိသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ယုံကြည်နေကြကြောင်း သတင်းတွင် ရေးသားထားသည်။

ထိုအဖွဲ့များက တောင်အာဖရိက အစိုးရအား ဦးမြင့်နောင်၏ နောက်ကြောင်းကို စစ်ဆေးပြီး လိုအပ်ပါက နိုင်ငံမှ နှင်ထုတ်ရန် တောင်းဆိုနေကြသည်။

တောင်အာဖရိကသံအမတ်အဖြစ် ဦးမြင့်နောင်ကို ခန့်အပ်ကြောင်း ပြီးခဲ့သည့်မတ်လတွင် မြန်မာအစိုးရက ကြေညာခဲ့သည်ဟု သတင်းတွင် ရေးထားသည်။

ဦးမြင့်နောင်က ဇူလိုင်လတွင် သံအမတ်ခန့်အပ်လွှာကို တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမားထံ ပေးအပ်သည်ဟု သတင်းတွင် ရေးထားသည်။

ဧရာဝတီသတင်းဌာန၏ သတင်းတပုဒ်တွင် ဗိုလ်မှူးချုပ်မြင့်နောင်နှင့် စစ်အရာရှိ အများအပြားကို နိုင်ငံခြားရေးဌာနသို့ ပြောင်းရွှေ့ခဲ့သည်ဟု ဖော်ပြခဲ့ကြောင်း၊ ဦးမြင့်နောင်၏ ယောက္ခမသည် စစ်အရာရှိဟောင်းတဦး ဖြစ်ပြီး မကြာသေးမီက တောင်အာဖရိကသို့ လာရောက်လည်ပတ်ခဲ့သည်ဟု သိရကြောင်း သတင်းတွင် ရေးထားသည်။


မိုးမခ http://moemaka.blogspot.com/ မှာတော့ အဲဒီလို ရေးထားပါတယ်။
ဒါဆိုရင် သံအမတ် ဦးမြင့်နောင်ဟာ အရင်တုန်းက ဗိုလ်မှူးချုပ်တာဝန် ထမ်းဆောင်ခဲ့တဲ့သူလား???

Mail & Guardian က မြန်မာပြည်ဒီမိုကရေစီရရှိရေးလှုံ့ဆော်နေတဲ့ ဗြိတိန်နိုင်ငံက Burma Campaign UK ညွှန်ကြားရေးမှူး Mark Farmaner ရဲ့ အမြင်ကိုလည်း မေးထားပါတယ်။

ကရင်ပြည်နယ်မှာ တာဝန်ယူခဲ့တဲ့ ဘယ်တပ်မှူးမဆို စစ်ရာဇ၀တ်မှုတွေနဲ့ ဆက်စပ်နေတယ်။ ဒါကြောင့်မို့ ဒီလို ရာဇ၀တ်သားဖြစ်နိုင်သူတွေကို တောင်အာဖရိကအစိုးရက သံအမတ်အဖြစ် လက်မခံသင့်ဘူးလို့ Mark Farmanerက ဆိုပါတယ်။

ကဲ ဦးမြင့်နောင် ဘယ်သူလဲ။
ဝါရင့်နိုင်ငံခြားရေးဌာန၀န်ထမ်းလား။
မိုးကျရွှေကိုယ် သံအမတ်တဖြစ်လဲ စစ်ဗိုလ်ဟောင်းလား။
စစ်ဗိုလ်ဟောင်းဆိုရင်ရော Mark Farmaner တိုက်တွန်းသလို တောင်အာဖရိက အစိုးရက လုပ်ပါ့မလား။

မထင်ပါဘူး။

တောင်အာဖရိကဟာ မင်ဒဲလားတို့နိုင်ငံ ဆိုပေမယ့် ဘ၀မေ့ထားရတဲ့အခြေအနေ ရောက်နေပါပြီ။

စီးပွားဘက်က တရုတ်အစိုးရဖြစ်တာကြောင့် အရင်လကပဲ ဒလိုင်လားမားကို ဗီဇာပိတ်လိုက်ပါသေးတယ်။

ဦးမြင့်နောင် ဘာကြီးပဲလုပ်ခဲ့လုပ်ခဲ့ အိုင်ဒုန့်ကဲ လို့ ဆိုမယ် ထင်ပါရဲ့။


မူရင်းသတင်းကို ဧရာဝတီ အင်္ဂလိပ်ပိုင်း http://www.irrawaddy.org/article.php?art_id=22389 မှာ ဒီကနေ့ပဲ ဖော်ပြထားပါတယ်။




.

14 comments :

  1. zarmani said... :

    ဦးမြင့်နောင်ကအများထင်သလိုမဟုတ်ပါ၊
    အင်မတန်စိတ်ထားကောင်းမွန်ပြီးညှာတာတတ်သူတစ်ဦး
    ဖြစ်ပါသည်၊သူနဲ့ဆက်ဆံဖူးသူတိုင်းမေးရင်ရနိုင်ပါတယ်၊
    စစ်သားဖြစ်ခဲ့လို့ပေးအပ်သည်တာဝန်ကိုထမ်းဆောင်ခဲ့သည့်တိုင်
    ယုတ်မာသူမျိုးမဟုတ်ပါ၊စွက်စွဲခြင်းသည်အရေးမကြီးပေမဲ့
    လူကောင်းတစ်ဦးကိုစိတ်အနောက်အယှက်မဖြစ်လိုပါ၊
    တာဝန်ထမ်းခဲ့သည့်နေရာတိုင်းစုံစမ်းမေနိုင်ပါသည်ခင်ဗျာ။

  1. Anonymous said... :

    စစ်သား ဖြစ်ခဲ့လို့ .... ပေးအပ်တဲ့တာဝန် ထမ်းဆောင်ခဲ့ လို့ ... လူယုတ်မာ မဟုတ်ဘူး ဆိုတာ မခိုင်လုံပါဘူး။ ဘယ်သူက ပေးအပ်တာလဲ၊ ပြည်သူက ပေးအပ်ထားတဲ့ တာဝန်လား၊၊ လူသတ်အစိုးရ အမည်ခံ တွေက ပေးအပ်ထာတဲ့ တာဝန်လား ကွဲကွဲပြားပြား သိဖို့ လိုပါတယ်။ တရားသောတာဝန် ဥပဒေမဲ့ စည်းမဲ့ကမ်းမဲ့ တာဝန် ခွဲခြား သိခဲ့လား။ မကြာခင် ရုပ်လုံးပေါ်လာမှာပါ။

  1. Thura said... :

    I have nothing to give comment about U Myint Naung.
    But, I give respect to labourmyanmar who gave a comment politely, on this post.

  1. Anonymous said... :

    ရုပ်ကတော့ ပဲဂတုံး ဖြစ်ဘူးတဲ့ရုပ်ပဲ။

  1. Anonymous said... :

    စစ်တပ်က ရိုင်းလို့  စစ်သားတွေ ရိုင်းနေကြတာ ကမ္ဘာက သိပြီးသားပါ။ လေထဲမှာ ယဉ်ကျေးရုံထက် လက်တွေ နှလုံးသားက ယဉ်ကျေးဖို့ လို ပါတယ်။ ဝါဒဖြန်ရုံလောက် ယဉ်ကျေးပြမနေပါနဲ့။

  1. လေဘာမြန်မာရဲ့ အဘော်ကို ပြန်လည်ခြေပရလျှင်..
    ဦးမြင့်နောင်ကအများထင်သလိုမဟုတ်ပါ၊ လို့ ဆိုတယ်၊
    ဦးမြင့်နောင်မှာပညာတတ်တယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့အရည်အသွေးပြည့်ဝရဲ့ လား၊ အရင်သိဘို့ လိုတယ်၊ မောင်သန်းရွှေက အမိန့် ပေးပြီ သားလူလေးမြင့်နောင် မင်းကိုတော်တယ်ကောင်းတယ်လို့ ပြောနေတဲ့ လေဘာမြန်မာရဲ့ ခေါင်းငါလိုခြင်တယ်ဆိုရင်၊မြငိ့နောင့်က လေဘာမြန်မာ ရဲ့ ခေါင်းလာဖြတ်ခဲ့ရင်၊ စစ်သားဖြစ်ခဲ့လို့ပေးအပ်သည်တာဝန်ကိုထမ်းဆောင်ခဲ့တာပါလို့ ပြောဦးမှာလား၊ အချိန်ရှိခိုက် မူလတန်းပညာလေးပြေးသင်လိုက်အုန်းလေဘာမြန်မာ၊

  1. labourmyanmar.

    HI ... something wrong with you now.

  1. Anonymous said... :

    Almost all of Myanmar Ambassadors are ex-military personnel and unwanted persons of Tatmadaw. Their mentalities are very bad as Tatmadaw officers’ are. They are sent abroad to suppress Myanmar citizens abroad and their own staffs in their Embassy. They take bribes from foreigners who want to invest in Myanmar. Myanmar citizens always want to stay away from Myanmar Embassies.

  1. John said... :
    This comment has been removed by a blog administrator.
  1. Anonymous said... :

    လေဘာမြန်မာကိုလည်းထောက်ခံခြင်းမဟုတ်ပါ၊
    စပျစ်သီးကိုယူလို့မရတာနဲ့ချဉ်မှာဘာဘဲကွာလို့ပြောတတ်
    တဲ့မြေခွေးတွေတော့မဖြစ်လိုပါ၊
    ငါတို့တော်လှန်တဲ့စစ်သားဆိုရင်လည်းအမိန့်အရလုပ်ဆို
    လုပ်ရတာဘာဘဲ၊ပြည်သူကခန့်တဲ့စစ်သားဆိုတာငါတို့နိုင်ငံ
    မှာမရှိပါ၊ပြည်သူအများပါတဲ့စစ်တပ်တော့အစိုးရစစ်တပ်ပါဘဲ၊
    တော်လှန်မယ်ဆိုပြီးတောထဲလာတဲ့သူတွေကတော့တတိယနိုင်
    ငံတွေမှာဇိမ်ကျနေလေရဲ့
    John

  1. zarmani said... :
    This comment has been removed by a blog administrator.
  1. zarmani said... :
    This comment has been removed by a blog administrator.
  1. Anonymous said... :

    ဗိုလ်မှုးချုပ်မြင့်နောင်သည် ယခင်ဆောက်လုပ်ရေးဒုဝန်ကြီးဗိုလ်မှုးချုပ်မြင့်သိန်းရဲ့ သားမက်ပါ။
    သူရဲ့ဇနီးနဲ့ ဦးမြင့်နောင် နှစ်ယောက်စလုံးက တပ်မတော်အတွင်းစီးပွားရှာရာမှာအလွန်လက်စွမ်းထက်လှပါတယ်။မြ၀တီဂိတ်ထိုင်တော့လည်း အလွန်အရှာအဖွေကောင်းခဲ့သလို
    သူဇနီးမဆွေကတော့ ဘာကိစ္စမှာမဆို (သဘောပေါက်ပါနော် :DDD )အလွန်နာမည်ကြီးလက်စောင်းထက်လှပါတယ်။
    သူယောက္ခမ များက သူရဦးရွေမန်းနှင့်အတူတူတာဝန်ထမ်းဆောင်ဖူးတော့ သံအမတ်ကြီးဖြစ်တာမဆန်းပါဘူး
    အရင်ကဆို စစ်တိုင်းမှုးအထိမှန်းခဲ့တာပါ။ဒါပေမယ့် နာမည်ဆိုးနဲ့သူဇနီးကဘက်စုံကျော်ကြားတော့ သံတောင်ကျောင်းအုပ်ဘ၀ကနေ ဒီဘက်လိုင်းရောက်လာတာပါ။ "labourmyanmar " ကတော့ ဆွေမျိုးတော်လေသလား ကျေးဇူးခံကျေးဇူးစားလား အတူတူလာဒ်စားခဲ့ရလို့ ချီးမွမ်းခန်းဟိမ၀န္တာဖွင့်ပါသလား? ကျမတို့ အမုန်းမရှိ အချစ်မရှိခဲ့ပေမယ့် သူတို့ အကြောင်းကောင်းကောင်းသိပါတယ်။
    မဆွေကိုတပ်မတော်ထဲက လူကြီးပိုင်း လူငယ်ပိုင်းတော်တော်များများကသိကျပါတယ်။

  1. zarmani said... :

    ငါတို့ကရင်ပြည်နယ်မှာနေတယ်၊ဘယ်သူလက်စွမ်းထက်တယ်မထက်ဘူးဆိုတာသိတယ်၊
    အကြားနဲ့လူတစ်ယောက်ကိုသတ်မှတ်တာမဟုတ်ပါ၊
    သူကြောင့်နစ်နာဘူးတယ်ဆိုရင်ကျွန်တော်မေးကိုအတိအကျပြောနိုင်ပါတယ်၊
    မပေါင်းကြည့်ဘဲမပြောကြပါနဲ့၊စစ်သားတိုင်းမကောင်းဘူးဆိုရင်လက်မခံပါ၊
    ကောင်းတဲ့စစ်သားအများကြီးပါ၊ကောင်းခြင်းဆိုးခြင်ဆိုတာဒွံတွဲလျှက်ပါ၊
    ကျွန်တော်ကအရပ်သားပါ၊အရပ်သားလက်ခံနိုင်တဲ့စစ်သားဆိုတာသူလိုလူမျိုးပါ၊
    မိသားစုအကြောင်းကောင်းစွာသိသူတစ်ယောက်အနေနဲ့ဆိုသူတို့အကြောင်းကောင်းစွာ
    သိမယ်လိုယုံကြည်ပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved