တောင်အာဖရိကရောက် သံအမတ်ဦးမြင့်နောင်၏ နောက်ကြောင်းကို စစ်ဆေးရန် တောင်အာဖရိက အခြေစိုက် Mail & Guardian Online သတင်းဌာနက ယနေ့ ရေးသားလိုက်သည်။
ဦးမြင့်နောင်သည် ယခင်က ဗိုလ်မှူးချုပ်တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ဖွယ်ရှိပြီး ကရင်တိုင်းရင်းသားကျေးရွာများတွင် လူ့အခွင့်အရေး ချိုးဖောက်မှု၊ ၂၀၀၇ သံဃာ့အရေးအခင်းကို ရက်စက်စွာ နှိပ်ကွပ်မှု စသော ပြစ်မှုများနှင့် ဆက်စပ်ဖွယ် ရှိသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ယုံကြည်နေကြကြောင်း သတင်းတွင် ရေးသားထားသည်။
ထိုအဖွဲ့များက တောင်အာဖရိက အစိုးရအား ဦးမြင့်နောင်၏ နောက်ကြောင်းကို စစ်ဆေးပြီး လိုအပ်ပါက နိုင်ငံမှ နှင်ထုတ်ရန် တောင်းဆိုနေကြသည်။
တောင်အာဖရိကသံအမတ်အဖြစ် ဦးမြင့်နောင်ကို ခန့်အပ်ကြောင်း ပြီးခဲ့သည့်မတ်လတွင် မြန်မာအစိုးရက ကြေညာခဲ့သည်ဟု သတင်းတွင် ရေးထားသည်။
ဦးမြင့်နောင်က ဇူလိုင်လတွင် သံအမတ်ခန့်အပ်လွှာကို တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမားထံ ပေးအပ်သည်ဟု သတင်းတွင် ရေးထားသည်။
ဧရာဝတီသတင်းဌာန၏ သတင်းတပုဒ်တွင် ဗိုလ်မှူးချုပ်မြင့်နောင်နှင့် စစ်အရာရှိ အများအပြားကို နိုင်ငံခြားရေးဌာနသို့ ပြောင်းရွှေ့ခဲ့သည်ဟု ဖော်ပြခဲ့ကြောင်း၊ ဦးမြင့်နောင်၏ ယောက္ခမသည် စစ်အရာရှိဟောင်းတဦး ဖြစ်ပြီး မကြာသေးမီက တောင်အာဖရိကသို့ လာရောက်လည်ပတ်ခဲ့သည်ဟု သိရကြောင်း သတင်းတွင် ရေးထားသည်။
မိုးမခ http://moemaka.blogspot.com/ မှာတော့ အဲဒီလို ရေးထားပါတယ်။
ဒါဆိုရင် သံအမတ် ဦးမြင့်နောင်ဟာ အရင်တုန်းက ဗိုလ်မှူးချုပ်တာဝန် ထမ်းဆောင်ခဲ့တဲ့သူလား???
Mail & Guardian က မြန်မာပြည်ဒီမိုကရေစီရရှိရေးလှုံ့ဆော်နေတဲ့ ဗြိတိန်နိုင်ငံက Burma Campaign UK ညွှန်ကြားရေးမှူး Mark Farmaner ရဲ့ အမြင်ကိုလည်း မေးထားပါတယ်။
ကရင်ပြည်နယ်မှာ တာဝန်ယူခဲ့တဲ့ ဘယ်တပ်မှူးမဆို စစ်ရာဇ၀တ်မှုတွေနဲ့ ဆက်စပ်နေတယ်။ ဒါကြောင့်မို့ ဒီလို ရာဇ၀တ်သားဖြစ်နိုင်သူတွေကို တောင်အာဖရိကအစိုးရက သံအမတ်အဖြစ် လက်မခံသင့်ဘူးလို့ Mark Farmanerက ဆိုပါတယ်။
ကဲ ဦးမြင့်နောင် ဘယ်သူလဲ။
ဝါရင့်နိုင်ငံခြားရေးဌာန၀န်ထမ်းလား။
မိုးကျရွှေကိုယ် သံအမတ်တဖြစ်လဲ စစ်ဗိုလ်ဟောင်းလား။
စစ်ဗိုလ်ဟောင်းဆိုရင်ရော Mark Farmaner တိုက်တွန်းသလို တောင်အာဖရိက အစိုးရက လုပ်ပါ့မလား။
မထင်ပါဘူး။
တောင်အာဖရိကဟာ မင်ဒဲလားတို့နိုင်ငံ ဆိုပေမယ့် ဘ၀မေ့ထားရတဲ့အခြေအနေ ရောက်နေပါပြီ။
စီးပွားဘက်က တရုတ်အစိုးရဖြစ်တာကြောင့် အရင်လကပဲ ဒလိုင်လားမားကို ဗီဇာပိတ်လိုက်ပါသေးတယ်။
ဦးမြင့်နောင် ဘာကြီးပဲလုပ်ခဲ့လုပ်ခဲ့ အိုင်ဒုန့်ကဲ လို့ ဆိုမယ် ထင်ပါရဲ့။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH6iv-Lwgd9qUzYe9JxI0p0BsK-jSGeFGmu8JP0CUZYpQ_B_eKOn2OhS0QvrPNBgGTILekxc42OOUH_0oTBNFMEm5_jHtBaZ0TlKOpTWAY33ubPIFzLgG_tya0oZm7tFWkJB6yOy-ZfuQ/s400/myint+naung.jpg)
ဦးမြင့်နောင်ကအများထင်သလိုမဟုတ်ပါ၊
အင်မတန်စိတ်ထားကောင်းမွန်ပြီးညှာတာတတ်သူတစ်ဦး
ဖြစ်ပါသည်၊သူနဲ့ဆက်ဆံဖူးသူတိုင်းမေးရင်ရနိုင်ပါတယ်၊
စစ်သားဖြစ်ခဲ့လို့ပေးအပ်သည်တာဝန်ကိုထမ်းဆောင်ခဲ့သည့်တိုင်
ယုတ်မာသူမျိုးမဟုတ်ပါ၊စွက်စွဲခြင်းသည်အရေးမကြီးပေမဲ့
လူကောင်းတစ်ဦးကိုစိတ်အနောက်အယှက်မဖြစ်လိုပါ၊
တာဝန်ထမ်းခဲ့သည့်နေရာတိုင်းစုံစမ်းမေနိုင်ပါသည်ခင်ဗျာ။