သင်္ကန်းညီနောင်က စာ ၂ စောင်

Friday, November 4, 2011

.



.

သင်္ကန်းညီနောင် ဒေသ တနေရာ (ဓာတ်ပုံ - khrg.org)

ကျွန်းပင်ရောင်းစားပြီး ကိုယ်ကျိုးရှာတဲ့ ဗျူဟာမှူး

မြ၀တီမြို့နယ်၊ အမှတ် (၃) အခြေကျ စစ်ဗျူဟာ သင်္ကန်းညီနောင်ရဲ့ လက်ရှိဗျူဟာမှူးဟာ စစ်ဗျူဟာဝင်းအ တွင်းက လုံးပတ် ၇ ပေကျော် သက်တမ်းရင့် ကျွန်းပင်ကြီးသုံးပင်ကို မိမိကိုယ်ကျိုးအတွက် ခုတ်လှဲရောင်းချ လိုက်ပါတယ်။ ၀ယ်သူကတော့ ၀ိရှမ်းရွာ (သင်္ကန်းညီနောင်အနီး) တွင် နေထိုင်သူ လောပု (ကိုးကန်း-၀ ငြိမ်း ချမ်းရေးအဖွဲ့ဝင်ဟောင်း) ဆိုသူ သစ်ကုန်သည် ဖြစ်ပါတယ်။ ဗျူဟာမှူးအဆက်ဆက် ထိန်းသိမ်းစောင့်ရှောက် ခဲ့တဲ့ အဆိုပါ ကျွန်းပင်ကြီးတွေကို ခုတ်လှဲလိုက်တဲ့ အတွက် ဒေသခံလူထုများ မကျေမနပ်ဖြစ်နေကြပါတယ်။

သစ်တောဥပဒေပုဒ်မ(၈)၊ ပုဒ်မခွဲ(က) မှာ မည်သည့်နေရာမဆို ပေါက်ရောက်သည့် ကျွန်းပင်သည် နိုင်ငံတော် ပိုင်ဖြစ်သည်။ ခုတ်လှဲသူများအား ပုဒ်မ ၄၃ (က) အရ ထောင်ဒဏ် ၇ နှစ် (သို့) ငွေဒဏ်ငါးသောင်းလို့ ဖော်ပြ ပါရှိပါတယ်။ အဆိုပါ ဗျူဟာမှူးဟာ သစ်ကားတင်ကား၊ ခရီးသည်ကား၊ ကုန်ကားများက ဂိတ်ကြေးကောက်ခံ သလို လိုင်စင်မဲ့ကားများလည်း ကုန်သည်များနဲ့ အပေးအယူလုပ်ပြီး ကိုယ်ကျိုးစီးပွား ရှာနေသူဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီးအနေဖြင့် ပြည်သူ့ဆန္ဒနဲ့အညီ စီမံဆောင်ရွက်နိုင်ဖို့ ပြည်သူများ ကိုယ်စား တင်ပြလိုက်ပါ တယ်။

သင်္ကန်းညီနောင် တာဝန်သိပြည်သူတစု


နောက်ဆက်တွဲသတင်း

အထက်ဖေါ်ပြပါ သတင်းဖြစ်ရပ်နောက်ပိုင်း၊ အမှတ်(၃) စစ်ဗျူဟာမှုး ဗိုလ်မှုးကြီးတင်အေးကို သက်ဆိုင်ရာက ယနေ့ထိ တစုံတရာ အရေးယူတာ မရှိလို့ ဒေသခံများ၊ ပိုပြီး ခံပြင်းစရာဖြစ်နေပါတယ်၊ သစ်ကုန်သည် လောပု (ခ) စိုးနိုင် (ကိုးကန့်-၀ ငြိမ်းချမ်းရေး အဖွဲ့ဝင်ဟောင်း) ဟာ ပြီးခဲ့တဲ့ ၂၆.၁၀.၁၁-ရက်နေ့က မြ၀တီ သစ်တောဋ္ဌာနကို လာရောက်ပြီး သစ်တောဋ္ဌာနအရာရှိများကို အရက်/အစားအသောက်တွေနဲ့ ဧည့်ခံပြီး မိမိရဲ့ဥပဒေပြင်ပလုပ်ရပ်တွေကို အကာအကွယ်ယူ လုပ်ဆောင်နေပါတယ်။

သစ်တောဋ္ဌာန ရှောင်တခင်ဖမ်းဆီး စစ်ဆေးမှုတွေကို ရှောင်ရှားတိုင်း လောပု (ခ) စိုးနိုင်ဟာ ဝှေ့ရှမ်းရွာ-
ဝှေ့ရှမ်းဘုန်းကြီးကျောင်းနှင့်၊ မဲ့ပလဲ့ရွာ-မဲ့ပလဲ့ဘုန်းကြီးကျောင်းတွေမှာ ၎င်းပိုင် သစ်ခွဲစက်နှင့် သစ်ခွဲသား/သစ်လုံးများကို ဘုန်းကြီးကျောင်း အကာအကွယ်ယူပြီး ပြုလုပ်နေတာကို ကျွန်တော်တို ဒေသခံပြည်သူ လူထုကို မထေမဲ့မြင်ပြုတာ ဖြစ်တဲ့အပြင် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကို ဖေါ်ဆောင်နေတဲ့ အရပ်သားအစိုးရသစ်ရဲ့၊ ဥပဒေနဲ့ အပြောနဲ့အလုပ် ညီညွတ်မရှိတာကိုလည်း မေးခွန်းထုတ်နေကြပါတယ်။

ဗျူဟာမှူး ဗိုလ်မှုးကြီးတင်အေးဟာ ဒေသဆိုင်ရာ စစ်ဘက်အကြီးအကဲဖြစ်တာကြောင့် စစ်ဘက်ဆိုင်ရာစည်း
ကမ်းနှင့် တည်ဆဲဥပဒေကို စံပြအနေဖြင့် ထိမ်းသိမ်းလိုက်နာရမဲ့အပြင် အခြား ဋ္ဌာနဆိုင်ရာ စည်းကမ်း-ဥပဒေများကိုလည်း လေးစား တန်ဖိုးထားဖို့ လိုအပ်ကြောင်း၊ သို့မှသာလျှင် အောက်ခြေ အုပ်ချုပ်ရေးရဲ့ ရှင်းလင်းမြင်သာတဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ လုပ်ဆောင်ချက်တွေကို အထက်က အပြောနှင့်အောက်ခြေ အဖြစ်အပျက် လက်တွေ့အပြောနှင့် အလုပ် ညီညွတ်မှာဖြစ်ကြောင်း ဒေသခံများ ပြောဆိုနေကြပါတယ်။

သင်္ကန်းညီနောင် တာဝန်သိပြည်သူတစု


.

2 comments :

  1. Anonymous said... :

    ဗိုလ်မှူးကြီး ၂ ယောက်က ကျွန်းတပင်ထဲ ကိုခုတ်ပီးရောင်းစားတယ်လို့ ဆိုလိုချင်တာလား။ ဗိုလ်မှူးကြီးတင်အေးနဲ့ ဗိုလ်မှူးကြီးတင်ဦး ဟုတ်။

  1. Anonymous said... :

    ခိုး ။ဟောက်။ရစ်။သတ်။မြန်မာအာဏာတွေအတွတ်
    အစမ်မဟုတ်ပါ။ဘာဖြစ်လည်ဆိုတော့ သူတိုကိုယ်တိုင်းက ဘာမှမလုပ်တတ်လိုပါ။
    မေတ္တာ စေတနာ ဆိုတာနာမလည်းလိုပါ။
    မြဝတီလမ်းကို ဘယ်သူခင်တယ်ဆိုတာ
    မပြောလိုတော့ပါ။လူတိုင်းသိပြီသာပါ
    ဒီလမ်းကိုတောင်ထိမ်းသိမ်မတတ်တဲ့ အစိုရကို
    နှိုင်ပြဖိုအရာမရှိတော့ဘာဘူး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved