နယူးဒေလီက နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဘာသာပေါင်းစုံ ဆုတောင်းပွဲ

Friday, November 11, 2011

(ဓာတ်ပုံ - ဧရာဝတီ)
အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းပွဲတခုကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အနောက်ပိုင်း၊ မြန်မာနိုင်ငံသားအများစုနေထိုင်ကြတဲ့ ဗီဂက်စ်ပူရီရပ်ကွက် အားကစားကွင်းထဲမှာ ဒီနေ့ညနေခင်းက ပြုလုပ်ခဲ့ပါတယ်။
 

(ဓာတ်ပုံ - ဧရာဝတီ)
ဆုတောင်းပွဲမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာနဲ့ မွတ်စလင်ဘာသာ ဘာသာရေးဆရာတွေက ဦးဆောင်ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။
 

(ဓာတ်ပုံ - ဧရာဝတီ)
နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြည်တွင်းက ပြည်သူတွေက တတပ်တအား ဆောင်ရွက်နေကြတာကို အားပေးထောက်ခံတဲ့ အနေနဲ့ရယ်၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ချွင်းချက်မရှိ ချက်ခြင်းလွတ်မြောက်ဖို့နဲ့ ပြည်တွင်းစစ်တွေရပ်စဲဖို့မှာ အိန္ဒိယအပါအ၀င် နိုင်ငံတကာအစိုးရတွေက ဦးသိန်းစိန်အစိုးရကို ပိုမို ဖိအားပေး တိုက်တွန်းသွားနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆုတောင်းပွဲ စီစဉ်သူတွေက ပြောပြကြပါတယ်။

1 comments :

  1. Anonymous said... :

    ဟန်ယောင်ဝေ တပည့်များ ကြိုးစားကြပုံ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved