စိုစိုစွတ်စွတ် မက်ဒေါ်နယ်
Wednesday, November 2, 2011
.
ဓာတ်ပုံ - AP
ဘန်ကောက်မြို့ ဒွန်မောင်းရပ်မှာရှိတဲ့ မက်ဒေါ်နယ်ဆိုင်
ရေ ဒူးဆစ် ကျော်နေပေမယ့် ဆိုင်ရှေ့က မက်ဒေါ်နယ်အရုပ်က အပြုံးမပျက်ပါ
အောက်တိုဘာ ၂၃ ရက်နေ့ကပုံပါ
ဒွန်မောင်းမှာ ရေမကျသေးဘူး ဆိုတာ မနေ့တုန်းကထွက်ပေါ်လာတဲ့ AP ဓာတ်ပုံက ပြနေပါတယ်
ဓာတ်ပုံ - Getty Images
လာမယ့်ရေဘေးကို ကြံ့ကြံ့ခံရပ်တွေ့ဖို့ သဲအိတ်တွေနဲ့ စောင့်နေတဲ့ ဘန်ကောက်မြို့လယ်က မက်ဒေါ်နယ်ဆိုင်တဆိုင်
ဓာတ်ပုံ - Getty Images
ရေဘေးကြောင့် ထိုင်းမှာရှိတဲ့ မက်ဒေါ်နယ် ဆိုင်ခွဲတချို့ကို ပိတ်ထားရပါတယ်
ဆိုင်တွေပိတ်ရတာ အသစ်အဆန်းမဟုတ်ပါဘူး
နိုင်ငံရေးမတည်ငြိမ်တဲ့ဘန်ကောက်မှာ M တံဆိပ် မုန့်ကကြီးဆိုင်ခွဲတွေ တကြိမ်မက ပိတ်ရပြီးပါပြီ
နိုင်ငံပေါင်း တရာကျော်မှာ မုန့်ကကြီး ဆိုင်ခွဲတွေ ရောက်နေပေမယ့်
မြန်မာပြည်ကိုတော့ ရောက်မလာသေးပါ
ရန်ကုန်မှာတော့ သူ့လိုမျိုးမုန့်တွေ ရောင်းတဲ့ မက်ဘာဂါဆိုင်တော့ ရှိပါတယ်
.
5 comments :
  1. Anonymous said... :
    MacDonald ကို မုန့်ကကြီးလို့ ခေါ်တာကိုး .. မှတ်ထားလိုက်ပြီ ... ဟဟ
  1. moehan1976 said... :
    In MM, there is no MC Burger Shop @ Pansoden St. It is changed by Bear Shop.
  1. Anonymous said... :
    မက်ဒေါ်နယ် ရောက်မရောက်က အရေးမကြီးပါဘူး။ အဓိကက ပြည်သူတွေ စားဝတ်နေရေးချောင်လည်လာဖို့က အဓိကပါ။
  1. mya said... :
    မက်ဒေါ်နယ်ကို(အမ်စီဒေါ်နယ်လို့ပြောနေတဲ့ မြန်မာတွေတောင် ရှိတယ်ဗျို့-ဟားဟားဟား
  1. Anonymous said... :
    ဟိုကျေးဇူးရှင်လုပ်မှပဲ ဘီယာဆိုင်မှာ
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved