VOA အသံလွှင့်အစီအစဉ်တခုမှာ ပါဝင်တဲ့ ဇာဂနာရဲ့ ပြောဆိုချက်တွေပါ။
သူ့ရဲ့ ပြောဆိုချက်ထဲမှာ သူ (ထောင်ထဲမှာ) ဖတ်ခဲ့ရတဲ့ 7Day ဂျာနယ်က နာမည်ကျော် ဆောင်းပါး လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ… ဆိုတာလည်း ပါဝင်ပါတယ်။
ပြည်တွင်းပြည်ပမီဒီယာတွေရဲ့ ဆက်သွယ်ပြောဆိုမှုကို ရပ်ဆိုင်းလိုက်လိုပေမယ့် ဘာကြောင့် မရပ်နိုင်ရသေးသလဲ ဆိုတာကိုလည်း ရှင်းပြထားပါတယ်။
မဆီမဆိုင်ရေးလိုက်တော့မယ်။ ဧရာဝတီဆိုဒ် နှစ်ခုစလုံးက ကြော်ငြာတွေ သိပ်များတာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ပြီး ဖတ်ချင်စိတ်တောင် ကုန်လာပါတယ်။ ခုဆို ဆိုဒ်တွေ အားလုံးလိုက်ဖတ်ပြီးမှ မရှိတော့မှပဲ ဆိုဒ်ကို ၀င်ဖြစ်တဲ့အထိ ဖြစ်လာပါပြီ။ အတက်တအား နှေးပြီး အသံဗလံတွေ သိပ်နားရှုပ်လွန်းတယ်။ နောက်တစ်ခုက ဆိုဒ်ထဲကို ၀င်ဖို့ကိုပဲ ကြော်ငြာတွေ တစ်ခုပြီး တစ်ခုတက်လာနေ၊ လိုက်ပိတ်နေရတာက ဒုက္ခတစ်ခု။ စိတ်တော့ ကုန်နေပြီ ဧရာဝတီရေ့.....